[Zawgyi]

ဖရန္႔ဖတ္ကို ဂိုးျပတ္အႏိုင္ယူျပီး ဂ်ာမန္စူပါဖလားကို ရရိွခဲ႔တဲ႔ ဘိုင္ယန္ျမဴးနစ္

၂၀၁၈ ဂ်ာမန္စူပါဖလားပြဲစဥ္အျဖစ္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဖရန္႔ဖတ္အသင္းတို႔ ယွဥ္ျပိဳင္ကစားခဲ႔ၾကျပီး ဘိုင္ယန္ျမဴးနစ္အသင္းက ( ၅ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဖရန္႔ဖတ္အသင္းကို ေျချပတ္ဂိုးျပတ္နဲ႔အႏိုင္ယူခဲ႔တာပဲျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဂ်ာမန္စူပါဖလားကိုေနာက္ဆံုး(၃)ႏွစ္ဆက္တိုက္ ဗိုလ္စြဲခဲ႔တာပါ။

Lewandowski

Lewandowski

ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ တိုက္စစ္မႈး လီ၀န္ေဒါစကီး Lewandowski က ေျခစြမ္းျပကစားႏိုင္္ခဲ႔ျပီး ဟက္ထရစ္သြင္းယူခဲ႔ပါတယ္။ လီ၀န္ေဒါစကီး Lewandowski ဟာ ပြဲခ်ိန္(၂၁ ၊၂၆ ၊၅၄)မိနစ္ေတြမွာ အသင္းအတြက္ သြင္းဂိုးေတြသြင္းယူခဲ႔တာပါ။ ေနာက္ထပ္သြင္းဂိုးေတြကိုေတာ႔ ကိုးမန္း Coman နဲ႔ သီယာဂို Thiago တို႔က ပြဲခ်ိန္(၆၃ ၊ ၈၅) မိနစ္ေတြမွာသြင္းယူခဲ႔ပါတယ္။ ၂၀၁၈ ဂ်ာမန္စူပါဖလားခ်န္ပီယံဆုဟာ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပသစ္ ကိုဗက္ Kovac ရဲ႕ ဘိုင္ယန္ျမဴးနစ္နည္းျပဘ၀ ပထမဆံုးခ်န္ပီယံဆုဖလားလည္း ျဖစ္လာခဲ႔ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဂ်ာမန္စူပါဖလားမွာ(၇)ၾကိမ္ ဗိုလ္စြဲထားျပီး အေအာင္ျမင္ဆံုးအသင္းအျဖစ္လည္း ရပ္တည္ေနပါတယ္။

German-Super-Cup-Champion-Bayern-Munich

German-Super-Cup-Champion-Bayern-Munich

ေနာက္ဆံုး(၅)ႏွစ္အတြင္း ဂ်ာမန္စူပါဖလားခ်န္ပီယံအသင္းမ်ား
2014 Borussia Dortmund
2015 VfL Wolfsburg
2016 Bayern Munich
2017 Bayern Munich
2018 Bayern Munich

ဂ်ာမန္စူပါဖလားရရွိခဲ့တဲ့အသင္းမ်ားအျပည့္အစုံစာရင္း

REF: BBC Sport
Photo: FC Bayern München Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဖရန့်ဖတ်ကို ဂိုးပြတ်အနိုင်ယူပြီး ဂျာမန်စူပါဖလားကို ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်

၂၀၁၈ ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်းက ( ၅ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖတ်အသင်းကို ခြေပြတ်ဂိုးပြတ်နဲ့အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်စူပါဖလားကိုနောက်ဆုံး(၃)နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တာပါ။

Lewandowski

Lewandowski

ဘိုင်ယန်မြူးနစ်အသင်းအတွက် တိုက်စစ်မှုး လီဝန်ဒေါစကီး Lewandowski က ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဟက်ထရစ်သွင်းယူခဲ့ပါတယ်။ လီဝန်ဒေါစကီး Lewandowski ဟာ ပွဲချိန်(၂၁ ၊၂၆ ၊၅၄)မိနစ်တွေမှာ အသင်းအတွက် သွင်းဂိုးတွေသွင်းယူခဲ့တာပါ။ နောက်ထပ်သွင်းဂိုးတွေကိုတော့ ကိုးမန်း Coman နဲ့ သီယာဂို Thiago တို့က ပွဲချိန်(၆၃ ၊ ၈၅) မိနစ်တွေမှာသွင်းယူခဲ့ပါတယ်။ ၂၀၁၈ ဂျာမန်စူပါဖလားချန်ပီယံဆုဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကိုဗက် Kovac ရဲ့ ဘိုင်ယန်မြူးနစ်နည်းပြဘ၀ ပထမဆုံးချန်ပီယံဆုဖလားလည်း ဖြစ်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်စူပါဖလားမှာ(၇)ကြိမ် ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

German-Super-Cup-Champion-Bayern-Munich

German-Super-Cup-Champion-Bayern-Munich

နောက်ဆုံး(၅)နှစ်အတွင်း ဂျာမန်စူပါဖလားချန်ပီယံအသင်းများ
2014 Borussia Dortmund
2015 VfL Wolfsburg
2016 Bayern Munich
2017 Bayern Munich
2018 Bayern Munich

ဂျာမန်စူပါဖလားရရှိခဲ့တဲ့အသင်းများအပြည့်အစုံစာရင်း

REF: BBC Sport
Photo: FC Bayern München Twitter
Ko Kyue(Akhayar)
www.akhayar.com