[Zawgyi]

သားအရင္းကို အႀကိမ္မ်ားစြာ အဓမၼက်င့္ၿပီး လိင္ကြ်န္အျဖစ္ေရာင္းခ်ခဲ့တဲ့ စံုတြဲ ေထာင္က်ခံရ

အသက္ ၄၈ ႏွစ္အရြယ္ ဂ်ာမန္အမ်ိဳးသမီးတစ္ဦးနဲ႔ သူမရဲ႕ရည္းစားတို႔ဟာ အမ်ိဳးသမီးရဲ႕ သားကို အႀကိမ္ႀကိမ္လိင္အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ အင္တာနက္ေပၚမွာပါ လိင္ကြ်န္အျဖစ္ေရာင္းခ်ခဲ့မႈေတြေၾကာင့္ အဖမ္းခံရၿပီး ျပစ္ဒဏ္စီရင္ခ်က္ခ်ကာ ေထာင္က်ခဲ့ရပါတယ္။

ဒီလို သားအရင္းကို လိင္သားေကာင္အျဖစ္ ႏွိပ္စက္ေနခဲ့တာ ၂ ႏွစ္ေက်ာ္ၾကာၿပီျဖစ္တဲ့အေၾကာင္း တစ္ႏိုင္ငံလံုးက သိခ်ိန္မွာေတာ့ မယံုႏိုင္ၾကဘဲ အုတ္ေအာ္ေသာင္းနင္းျဖစ္ခဲ့ပါတယ္။

ဂ်ာမနီႏိုင္ငံရဲ႕ အေနာက္ေတာင္ဘက္အျခမ္းမွာရွိတဲ့ Freiburg ၿမိဳ႕နယ္ တရားရံုးမွ ဒီစံုတြဲကို စြဲခ်က္တင္ခဲ့တာျဖစ္ၿပီး အမ်ိဳးသမီးရဲ႕ ဆယ္ႏွစ္အရြယ္ သားငယ္ကို လိင္ေကြ်းကြ်န္ျပဳမႈ၊ သက္ငယ္မုဒိမ္းမႈတို႔အျပင္ အတင္းအဓမၼညႇင္းပန္းႏွိပ္စက္မႈတို႔ နဲ႔ တရားစြဲခဲ့တာျဖစ္ပါတယ္။

ဒါဟာဂ်ာမန္ႏိုင္ငံတရားစီရင္ေရးမွာ အဆိုးရြားဆံုး သက္ငယ္မုဒိမ္းမႈလို႔ဆိုႏိုင္ၿပီး အမ်ိဳးသမီးေရာ သူမရဲ႕ ရည္းစားကပါ ဆယ္ႏွစ္သားကေလးငယ္ကို အႀကိမ္ႀကိမ္လိင္ဆက္ဆံကာ အင္တာနက္ေပၚရွိ ကေလးသူငယ္လိင္စိတ္တိမ္းၫြတ္သူေတြဆီ ေရာင္းခ်ခဲ့တာကို သိရွိၿပီးေနာက္ ဖမ္းဆီးခံခဲ့ရတာပါ။ သူတို႔ဟာ ကေလးငယ္ကို အင္တာနက္ေပၚမွာ အႀကိမ္၅၀ ခန္႔ေရာင္းခ်ၿပီးပါၿပီ။

ဒါ့အျပင္ပိုမိုဆိုးရြားတာက ကေလးငယ္ကို အတင္းအဓမၼလိင္ဆက္ဆံေနခဲ့တဲ့ပံုေတြကို ဗီဒီယို႐ိုက္ကူးခဲ့ၿပီး အဲ့ဒီဗီဒီယိုကို Dark Net လို႔ ေခၚတဲ့ ညစ္ညမ္း ဝက္ဆိုက္ေတြမွာ ပါ ျဖန္႔ေဝခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသမီးရဲ႕ နာမည္ကိုေတာ့ လ်ိဳ႕ဝွက္ထားခဲ့ၿပီး Berrin T လို႔ သိေစခဲ့ပါတယ္။ သူမကိုေတာ့ ေထာင္ဒဏ္ ၁၂ ႏွစ္ခြဲ အမိန္႔ခ်မွတ္ခဲ့ပါတယ္။

သူမရဲ႕ အသက္ ၃၉ ႏွစ္အရြယ္ ရည္းစား Christian Lee လို႔ေခၚသူကိုေတာ့ ေထာင္ဒဏ္ ၁၂ ႏွစ္ခ်ခဲ့ပါတယ္။ သူဟာ အရင္တုန္းကလည္း သက္ငယ္မုဒိမ္းမႈေတြနဲ႔ ၿပင္းျပင္းထန္ထန္စြပ္စြဲခံထားရတာျဖစ္ၿပီး ဒီတစ္ေခါက္အမႈမွာေတာ့ ကေလးေတြနဲ႔ အေဝးဆံုးမွာ ေနခြင့္ပါ ထပ္မံဥပေဒထုတ္ဆိုခဲ့ပါတယ္။

ဒီအမႈတြဲထဲပါဝင္တဲ့ ေနာက္ထပ္ ၆ဦးကိုလည္း အဲ့ဒီ ၁၀ ႏွစ္အရြယ္ေကာင္ေလးကို လိင္ပိုင္းဆိုင္ရာ ညႇင္းပန္းႏွိပ္စက္မႈေတြေၾကာင့္ ေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့ပါတယ္။ အဲ့ဒီ စံုတြဲဟာ တျခား အသက္ ၃ ႏွစ္အရြယ္ကေလးငယ္ေလးကို အဓမၼျပဳက်င့္မႈေၾကာင့္လည္း တရားစြဲခံထားရပါေသးတယ္။

အဆိုးရြားဆံုး ညႇင္းပန္းႏွိပ္စက္မႈျဖစ္တဲ့ ကေလးငယ္ကို လိင္ဆက္ဆံေနတဲ့ဗီဒီယိုမွာ အေမျဖစ္သူဟာ သားျဖစ္သူေၾကာက္လန္႔တၾကားငိုယိုေနတဲ့ၾကားက အလြတ္မေပးခဲ့ပါဘူး။

အစကေတာ့ သူမရဲ႕ ရည္းစားကို သူမသားနဲ႔ အဓမၼဆက္ဆံေစခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူမတို႔ သမီးရည္းစား၂ေယာက္ ဆက္ဆံေရးပ်က္မွာစိုးလို႔ သူမပါ လိင္ဆက္ဆံရာမွာ ပါခဲ့ပါတယ္လို႔ တရားရံုးကို ေျဖခဲ့ပါတယ္။

အဲ့ေနာက္ သူမတို႔စံုတြဲဟာ သူမသားကို အင္တာနက္က ကေလးသူငယ္လိင္ဆက္ဆံမႈဝန္ေဆာင္ေရးကြန္ရက္ေတြမွာ လိင္ကြ်န္အျဖစ္ေရာင္းခ်ရာက ဝင္ေငြယူ႐ိုေထာင္ခ်ီၿပီး အမ်ားအျပားရရွိခဲ့ပါတယ္။ သူမဟာ ရည္းစားျဖစ္သူနဲ႔ေပါင္းၿပီး သူမသားအျပင္ေနာက္ထပ္ကေလးတစ္ေယာက္ကိုလည္း ေရာင္းခ်ဖို႔ျပင္ဆင္ေနတာပါ။

တရားသူႀကီးေတြကေတာ့ သူမအမွန္ျပန္ျမင္လာၿပီး ျပန္လည္ထူေထာင္လာႏိုင္လိမ့္မယ္လို႔ ယံုၾကည္တာမို႔ တစ္သက္တကြ်န္းမခ်ခဲ့ပါဘူး။ သူမရဲ႕ ရည္းစား Christian L ကေတာ့ တျခားလိင္ညႇင္းပန္းႏွိပ္စက္သူ ၆ဦးကိုပါ သက္ေသခံေပးခဲ့တာမို႔ သူမထက္ျပစ္ဒဏ္က်ခံရတဲ့ ႏွစ္ေလ်ာ့နည္းေပမယ့္ သူလည္း တျခားကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈေတြနဲ႔မို႔ လြတ္ႏိုင္ေခ် နည္းပါးပါတယ္။ က်န္ရွိတဲ့ ကေလးသူငယ္လိင္ကြ်န္ျပဳႏွိပ္စက္သူ ၆ဦးကိုေတာ့ လိင္ကြန္ျပဳမႈအျပင္ သီးျခား ႏွိပ္စက္မႈေတြနဲ႔ ေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့ပါတယ္။

သားသမီးေတြအတြက္ အေကာင္းဆံုးသူရဲေကာင္းဆိုတာ မိဘပဲလို႔ဆို႐ိုးရွိခဲ့ေပမယ့္ မိဘကိုယ္တိုင္က လူစိတ္ကင္းမဲ့ၿပီး ရက္စက္ခဲ့လို႔ ဒီလို ဒုကၡဒဏ္ရာေတြခံစားရတဲ့ သားသမီးအျဖစ္ကေတာ့ ဂ်ာမနီတစ္ႏိုင္ငံလံုး ေအာ့ႏွလံုးနာစရာျဖစ္ခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

သားအရင်းကို အကြိမ်များစွာ အဓမ္မကျင့်ပြီး လိင်ကျွန်အဖြစ်ရောင်းချခဲ့တဲ့ စုံတွဲ ထောင်ကျခံရ

အသက် ၄၈ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ရည်းစားတို့ဟာ အမျိုးသမီးရဲ့ သားကို အကြိမ်ကြိမ်လိင်အဓမ္မပြုကျင့်ခဲ့ပြီးနောက် အင်တာနက်ပေါ်မှာပါ လိင်ကျွန်အဖြစ်ရောင်းချခဲ့မှုတွေကြောင့် အဖမ်းခံရပြီး ပြစ်ဒဏ်စီရင်ချက်ချကာ ထောင်ကျခဲ့ရပါတယ်။

ဒီလို သားအရင်းကို လိင်သားကောင်အဖြစ် နှိပ်စက်နေခဲ့တာ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့အကြောင်း တစ်နိုင်ငံလုံးက သိချိန်မှာတော့ မယုံနိုင်ကြဘဲ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့ အနောက်တောင်ဘက်အခြမ်းမှာရှိတဲ့ Freiburg မြို့နယ် တရားရုံးမှ ဒီစုံတွဲကို စွဲချက်တင်ခဲ့တာဖြစ်ပြီး အမျိုးသမီးရဲ့ ဆယ်နှစ်အရွယ် သားငယ်ကို လိင်ကျွေးကျွန်ပြုမှု၊ သက်ငယ်မုဒိမ်းမှုတို့အပြင် အတင်းအဓမ္မညှင်းပန်းနှိပ်စက်မှုတို့ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒါဟာဂျာမန်နိုင်ငံတရားစီရင်ရေးမှာ အဆိုးရွားဆုံး သက်ငယ်မုဒိမ်းမှုလို့ဆိုနိုင်ပြီး အမျိုးသမီးရော သူမရဲ့ ရည်းစားကပါ ဆယ်နှစ်သားကလေးငယ်ကို အကြိမ်ကြိမ်လိင်ဆက်ဆံကာ အင်တာနက်ပေါ်ရှိ ကလေးသူငယ်လိင်စိတ်တိမ်းညွတ်သူတွေဆီ ရောင်းချခဲ့တာကို သိရှိပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ဟာ ကလေးငယ်ကို အင်တာနက်ပေါ်မှာ အကြိမ်၅၀ ခန့်ရောင်းချပြီးပါပြီ။

ဒါ့အပြင်ပိုမိုဆိုးရွားတာက ကလေးငယ်ကို အတင်းအဓမ္မလိင်ဆက်ဆံနေခဲ့တဲ့ပုံတွေကို ဗီဒီယိုရိုက်ကူးခဲ့ပြီး အဲ့ဒီဗီဒီယိုကို Dark Net လို့ ခေါ်တဲ့ ညစ်ညမ်း ဝက်ဆိုက်တွေမှာ ပါ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးရဲ့ နာမည်ကိုတော့ လျို့ဝှက်ထားခဲ့ပြီး Berrin T လို့ သိစေခဲ့ပါတယ်။ သူမကိုတော့ ထောင်ဒဏ် ၁၂ နှစ်ခွဲ အမိန့်ချမှတ်ခဲ့ပါတယ်။

သူမရဲ့ အသက် ၃၉ နှစ်အရွယ် ရည်းစား Christian Lee လို့ခေါ်သူကိုတော့ ထောင်ဒဏ် ၁၂ နှစ်ချခဲ့ပါတယ်။ သူဟာ အရင်တုန်းကလည်း သက်ငယ်မုဒိမ်းမှုတွေနဲ့ ပြင်းပြင်းထန်ထန်စွပ်စွဲခံထားရတာဖြစ်ပြီး ဒီတစ်ခေါက်အမှုမှာတော့ ကလေးတွေနဲ့ အဝေးဆုံးမှာ နေခွင့်ပါ ထပ်မံဥပဒေထုတ်ဆိုခဲ့ပါတယ်။

ဒီအမှုတွဲထဲပါဝင်တဲ့ နောက်ထပ် ၆ဦးကိုလည်း အဲ့ဒီ ၁၀ နှစ်အရွယ်ကောင်လေးကို လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။ အဲ့ဒီ စုံတွဲဟာ တခြား အသက် ၃ နှစ်အရွယ်ကလေးငယ်လေးကို အဓမ္မပြုကျင့်မှုကြောင့်လည်း တရားစွဲခံထားရပါသေးတယ်။

အဆိုးရွားဆုံး ညှင်းပန်းနှိပ်စက်မှုဖြစ်တဲ့ ကလေးငယ်ကို လိင်ဆက်ဆံနေတဲ့ဗီဒီယိုမှာ အမေဖြစ်သူဟာ သားဖြစ်သူကြောက်လန့်တကြားငိုယိုနေတဲ့ကြားက အလွတ်မပေးခဲ့ပါဘူး။

အစကတော့ သူမရဲ့ ရည်းစားကို သူမသားနဲ့ အဓမ္မဆက်ဆံစေခဲ့ပေမယ့် နောက်ပိုင်းမှာ သူမတို့ သမီးရည်းစား၂ယောက် ဆက်ဆံရေးပျက်မှာစိုးလို့ သူမပါ လိင်ဆက်ဆံရာမှာ ပါခဲ့ပါတယ်လို့ တရားရုံးကို ဖြေခဲ့ပါတယ်။

အဲ့နောက် သူမတို့စုံတွဲဟာ သူမသားကို အင်တာနက်က ကလေးသူငယ်လိင်ဆက်ဆံမှုဝန်ဆောင်ရေးကွန်ရက်တွေမှာ လိင်ကျွန်အဖြစ်ရောင်းချရာက ဝင်ငွေယူရိုထောင်ချီပြီး အများအပြားရရှိခဲ့ပါတယ်။ သူမဟာ ရည်းစားဖြစ်သူနဲ့ပေါင်းပြီး သူမသားအပြင်နောက်ထပ်ကလေးတစ်ယောက်ကိုလည်း ရောင်းချဖို့ပြင်ဆင်နေတာပါ။

တရားသူကြီးတွေကတော့ သူမအမှန်ပြန်မြင်လာပြီး ပြန်လည်ထူထောင်လာနိုင်လိမ့်မယ်လို့ ယုံကြည်တာမို့ တစ်သက်တကျွန်းမချခဲ့ပါဘူး။ သူမရဲ့ ရည်းစား Christian L ကတော့ တခြားလိင်ညှင်းပန်းနှိပ်စက်သူ ၆ဦးကိုပါ သက်သေခံပေးခဲ့တာမို့ သူမထက်ပြစ်ဒဏ်ကျခံရတဲ့ နှစ်လျော့နည်းပေမယ့် သူလည်း တခြားကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုတွေနဲ့မို့ လွတ်နိုင်ချေ နည်းပါးပါတယ်။ ကျန်ရှိတဲ့ ကလေးသူငယ်လိင်ကျွန်ပြုနှိပ်စက်သူ ၆ဦးကိုတော့ လိင်ကွန်ပြုမှုအပြင် သီးခြား နှိပ်စက်မှုတွေနဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။

သားသမီးတွေအတွက် အကောင်းဆုံးသူရဲကောင်းဆိုတာ မိဘပဲလို့ဆိုရိုးရှိခဲ့ပေမယ့် မိဘကိုယ်တိုင်က လူစိတ်ကင်းမဲ့ပြီး ရက်စက်ခဲ့လို့ ဒီလို ဒုက္ခဒဏ်ရာတွေခံစားရတဲ့ သားသမီးအဖြစ်ကတော့ ဂျာမနီတစ်နိုင်ငံလုံး အော့နှလုံးနာစရာဖြစ်ခဲ့ပါတယ်။

EiEiKhineMinn (Akhayar)