[Zawgyi]

ႏိုင္ငံလက္ေရြးစင္ကစားသမားဘ၀ကေန အနားယူခဲ႔တဲ႔ ပီေကး Pique

ဘာစီလိုနာအသင္းရဲ႕ ေနာက္ခံလူ ပီေကး Pique ဟာ ႏိုင္ငံအသင္းျဖစ္တဲ႔ စပိန္လက္ေရြးစင္အသင္းကေန အနားယူခဲ႔ပါတယ္။ ပီေကး Pique ဟာ သက္တမ္းအလိုက္ စပိန္လက္ေရြးစင္အသင္းေတြမွာ ေရြးခ်ယ္ခံခဲ႔ရသူျဖစ္ျပီး ၂၀၀၉ ခုႏွစ္အေရာက္မွာေတာ႔ စပိန္လက္ေရြးစင္အသင္းၾကီးမွာ စတင္ေရြးခ်ယ္ျခင္းခံခဲ႔ရသူပါ။ ပီေကး Pique ဟာ အသက္(၃၁)ႏွစ္အရြယ္အေရာက္မွာ ႏိုင္ငံလက္ေရြးစင္ကစားသမားဘ၀ကေန အနားယူခဲ႔တာပဲျဖစ္ပါတယ္။ ပီေကး Pique ဟာ စပိန္လက္ေရြးစင္အသင္းအတြက္ပြဲေပါင္း(၁၀၂)ပြဲကစားခဲ႔ျပီး သြင္းဂိုး(၅)ဂိုးသြင္းယူခ႔ဲကာ အသင္းနဲ႔အတူ ၂၀၁၀ ကမၻာ႔ဖလားခ်န္ပီယံဆုနဲ႔ ၂၀၁၂ ဥေရာပဖလား ခ်န္ပီယံဆုေတြ ကိုရရိွခဲ႔ပါတယ္။

Pique

Pique

ပီေကး က ” စပိန္လက္ေရြးစင္အသင္းနဲ႔ အတူရိွခဲ႔တဲ႔ အခ်ိန္ေတြက လွပခဲ႔ပါတယ္ က်ြန္ေတာ္႔အေနနဲ႔လည္း ကမၻာ႔ဖလားနဲ႔ဥေရာပဖလား ခ်န္ပီယံဆုေတြ ကိုရရိွဖို႔ အခြင္႔အေရးရခဲ႔ပါတယ္ လက္ရိွအခ်ိန္မွာေတာ႔ ဘာစီလိုနာအသင္းအတြက္ပဲ ပိုအာရံုစိုက္သြားမွာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

REF: BBC Sport
Photo: SPORTbible , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ပီကေး Pique

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ပီကေး Pique ဟာ နိုင်ငံအသင်းဖြစ်တဲ့ စပိန်လက်ရွေးစင်အသင်းကနေ အနားယူခဲ့ပါတယ်။ ပီကေး Pique ဟာ သက်တမ်းအလိုက် စပိန်လက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၂၀၀၉ ခုနှစ်အရောက်မှာတော့ စပိန်လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ်ခြင်းခံခဲ့ရသူပါ။ ပီကေး Pique ဟာ အသက်(၃၁)နှစ်အရွယ်အရောက်မှာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တာပဲဖြစ်ပါတယ်။ ပီကေး Pique ဟာ စပိန်လက်ရွေးစင်အသင်းအတွက်ပွဲပေါင်း(၁၀၂)ပွဲကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုးသွင်းယူခဲ့ကာ အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ၂၀၁၂ ဥရောပဖလား ချန်ပီယံဆုတွေ ကိုရရှိခဲ့ပါတယ်။

Pique

Pique

ပီကေး က ” စပိန်လက်ရွေးစင်အသင်းနဲ့ အတူရှိခဲ့တဲ့ အချိန်တွေက လှပခဲ့ပါတယ် ကျွန်တော့်အနေနဲ့လည်း ကမ္ဘာ့ဖလားနဲ့ဥရောပဖလား ချန်ပီယံဆုတွေ ကိုရရှိဖို့ အခွင့်အရေးရခဲ့ပါတယ် လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းအတွက်ပဲ ပိုအာရုံစိုက်သွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

REF: BBC Sport
Photo: SPORTbible , Goal.com
Ko Kyue(Akhayar)
www.akhayar.com