[Zawgyi]

ထူးထူးဆန္းဆန္း Sushi ကို စက္ေတြနဲ႔ခ်ေပးတဲ့ Junction City က ဂ်ပန္ဆိုင္ေလး

ထူးထူးဆန္းဆန္းေနာ္။ စားပြဲတစ္လံုးမွာ IPad တစ္ခုစီနဲ႔ Order ေတြမွာၿပီး ေရြ႕လ်ားစက္ေလးေတြနဲ႔ အျမန္ဆံုးခ်ေပးတဲ့ ဆိုင္ဆိုလို႔ ရန္ကုန္မွာ ဒီတစ္ဆိုင္ပဲ ျမင္ဖူးေသးသလားလို႔။

အိုး….ဆိုင္က ခပ္ေခ်ေခ်ပါလားဆိုၿပီး အံ့ၾသသြားၿပီဆိုရင္ ကိုယ္တိုင္ကိုယ္က် ခံစားၾကည့္ဖို႔ Junction City က Genki Sushi မွာ လာသာစားၾကည့္ေပေတာ့။ အေျပာမဟုတ္ ကိုယ္တိုင္ျမင္မွ Amazing ေတြျဖစ္ကုန္ေတာ့မွာ။

အခရာက မေန႔က ရံုးအျပန္ Junction City ဝင္တုန္း ဗိုက္ဆာလာေတာ့ ဂ်ပန္စာေကာင္းေကာင္းေလးစားခ်င္လာတာနဲ႔ ေလာေလာလတ္လတ္အသစ္ဖြင့္ထားတဲ့ Genki Sushi ကို ေျခလွမ္းေရာက္ခဲ့ေရာေလ။

ဆိုင္ေလးက ရွင္းရွင္းေလးရယ္။ သီးသန္႔စားပြဲေလးေတြကို အတန္းႀကီး၃တန္းကန္႔ထားၿပီး စားပြဲတစ္ခုစီတိုင္းမွာ ပြဲေတြမွာဖို႔ IPad ေလးတစ္ခုစီတင္ေပးထားတယ္။

ဘယ္အစားအစာေတြရလဲဆို ဂ်ပန္အစားအစာ႐ိုးရာ ဆာရွိမိ၊ ဆူရွီ၊ တန္ပူရာ၊ ထမင္း၊ ေခါက္ဆြဲအစံုအလင္ ရတယ္။ ဆိုင္ေလးက အရမ္းေခတ္မီၿပီး IPad ေတြ၊ Mobile Stalls ေလးေတြနဲ႔ဆိုေတာ့ ေစ်းႏႈန္းေတြ ျမင့္မယ္ထင္ထားတာ တကယ္တမ္းက် ၁၅၀၀ ဝန္းက်င္ကစတယ္ဆိုေတာ့ တန္တယ္ေျပာရမယ္။

ၾကည့္ရသေလာက္ ဒီဆိုင္က ႏိုင္ငံတကာမွာ ဖြင့္ထားတာ ၾကာၿပီျဖစ္မယ္။ ေတာ္ေတာ့္ကို ေခတ္မီတယ္။ ကဲ..ကိုယ့္လူတို႔အတြက္ေတာ့ စိတ္ဝင္စားလို႔ ဆိုင္ကိုေရာက္သြားခဲ့ရင္ ဘယ္လိုမွာရသလဲဆိုတာ ေျပာျပဦးမယ္။

(၁) IPad ထဲက Genki Sushi ဆိုတဲ့ App ေလးထဲဝင္။

(၂) ပထမဆံုး အေပၚမွာက သူ႕ Category အသီးသီးရွိတယ္။ (ဆူရွီ၊ တန္ပူရာ၊ ဆာရွိမိစသျဖင့္ေပါ့)

(၃) ကိုယ္ႀကိဳက္တာေရြးမွတ္။ တစ္ခါမွတ္ရင္ ေအာက္ဆံုးကစက္ပံုေလးေပၚမွာ တစ္ခါေပၚတယ္။ တစ္ခါမွာရင္ ၄ပြဲထိ ရတယ္။ ျပန္ဖ်က္ခ်င္လဲ အဲ့ပြဲေလးကို ႏွိပ္လိုက္တာနဲ႔ အမွားေလးေပၚတယ္။ ဖ်က္ရံုပဲ။ ၿပီးရင္ အတည္ျပဳ။ ၿပီးမွ ေနာက္တသုတ္ဆက္တိုက္မွာလို႔ရတယ္။

(၄) ၃မိနစ္ေလာက္ၾကာရင္ ကိုယ့္ေဘးက စက္ေလး ”ဝီ ” ဆိုေရာက္ခ်လာပါေလေရာ။ အဲ့က် ပန္းကန္ေလးယူၿပီး အဝါမီးလင္းေနတဲ့ ခလုတ္ေလးႏွိပ္ေပးရံုပဲ။ ကဲ လြယ္လြယ္ေလးနဲ႔ ေခတ္မီတယ္။ အထာက်တယ္။ ထိုင္ရာမထဘဲ ဘယ္ေလာက္ေကာင္းလဲ။ ဒီဆိုင္ေလးကိုေတာ့ ေတာ္ေတာ္သေဘာက်မိတာ။

(၅) စားၿပီးရင္လည္း စက္မွာ Bill က အသင့္ေပၚေနတာ ၾကည့္ၿပီး အဝင္ဝေကာင္တာမွာရွင္းရံုပဲ။

အခရာကေတာ့ ဘာမွာခဲ့လဲဆို ၾကက္ဥထမင္းလိပ္၊ ဂ်ပန္ၾကက္ေၾကာ္၊ ဖက္ထုပ္ေၾကာ္၊ ဆယ္လ္မြန္ထမင္းလိပ္၊ ပုစြန္တန္ပူရာထမင္းလိပ္၊ မပါမျဖစ္ မီဆိုဟင္းခ်ိဳ အကုန္အစံုမွာခဲ့တယ္။

ထမင္းလိပ္ေလးေတြက အရသာအေနနဲ႔ဆို ဆန္သားေစးေစးေလးေတြနဲ႔ေကာင္းတယ္။

ဂ်ပန္ၾကက္ေၾကာ္ဆိုတာ မွာမွေၾကာ္ေပးတယ္ထင္တယ္။ ျခင္းေလးထဲ ထည့္ေပးထားတဲ့အတံုး ၄,၅တံုးေပမယ့္ တကယ္ ပူႂကြပ္ၿပီး အရသာရွိလိုက္တာ။ ၂၅၀၀ တဲ့။

ဖက္ထုပ္ေၾကာ္ေလးကလည္း အေပၚဖက္ထုပ္သားတင္းၿပီး ေမႊးေနတာ။စားခ်င္စရာေလး။ အထဲကေတာ့ အသားရယ္အသီးအရြက္ေတြႀကိတ္ထည့္ေပးထားတာ။ ၃ခုကို ၂၅၀၀ ကေတာ့ အင္း….။

ဆယ္လ္မြန္အစပ္ထမင္းလိပ္ကေတာ့ တကယ္စားေကာင္းတာ။ ေဆာ့စ္ကအစ ခ်ိဳစပ္စပ္ေလးရယ္။ တစ္ပြဲ ၃၀၀၀ က မဆိုးပါဘူးေနာ့။ ပုစြန္တန္ပူရာထမင္းလိပ္လည္း အလားတူပဲ။ ႂကြပ္ႂကြပ္ေမႊးေမႊးဆိမ့္ဆိမ့္ေလး။ သူက် ၂၅၀၀ တဲ့။

မီဆိုဟင္းခ်ိဳကေတာ့ ေပါ့ရႊတ္ရႊတ္နဲ႔ ေသာက္ေကာင္းတယ္လို႔မခံစားရဘူး။ မၿငိဘူးေပါ့ေနာ္။ သူက် ၈၀၀ ပဲရွိတယ္။

ကဲ..ဒါကေတာ့ စားခဲ့သမွ် အေထြေထြအရသာအစံုအလင္ပါ။ ေစ်းနႈန္းေတြက ထင္ထားသေလာက္မဆိုးဘူးဆိုေတာ့ ေခတ္မီမီစားရတာ၊ ဆန္းဆန္းၾကယ္ၾကယ္ေလးမွာရတာကေတာ့ အထာက်တယ္ဆိုရမလားပဲ။

Junction City ေရာက္ရင္ စားျဖစ္မစားျဖစ္အသာထား ၊ အဲ့လို ထူးထူးဆန္းဆန္း စားေသာက္ရတဲ့အေတြ႕အၾကံဳေလးေတာ့ ခံစားဖူးသင့္တယ္ထင္တာပဲ။ ေနရာကေတာ့ တတိယထပ္မွာပါေနာ္။ ကိုယ္ေတြကေတာ့ အဲ့လိုစက္ကေလးနဲ႔ မွာတာျမန္ျမန္လာခ်ေပးတာကိုႀကိဳက္လြန္းလို႔ စားၿပီးေငြရွင္းၿပီးတာေတာင္ သေဘာေတြက်ၿပီးျပန္ခဲ့တာပဲ။

FoodieEi (Akhayar)

[Unicode]

ထူးထူးဆန်းဆန်း Sushi ကို စက်တွေနဲ့ချပေးတဲ့ Myanmar Plaza က ဂျပန်စာဆိုင်လေး

ထူးထူးဆန်းဆန်းနော်။ စားပွဲတစ်လုံးမှာ IPad တစ်ခုစီနဲ့ Order တွေမှာပြီး ရွေ့လျားစက်လေးတွေနဲ့ အမြန်ဆုံးချပေးတဲ့ ဆိုင်ဆိုလို့ ရန်ကုန်မှာ ဒီတစ်ဆိုင်ပဲ မြင်ဖူးသေးသလားလို့။

အိုး….ဆိုင်က ခပ်ချေချေပါလားဆိုပြီး အံ့သြသွားပြီဆိုရင် ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ဖို့ Junction City က Genki Sushi မှာ လာသာစားကြည့်ပေတော့။ အပြောမဟုတ် ကိုယ်တိုင်မြင်မှ Amazing တွေဖြစ်ကုန်တော့မှာ။

အခရာက မနေ့က ရုံးအပြန် Junction City ဝင်တုန်း ဗိုက်ဆာလာတော့ ဂျပန်စာကောင်းကောင်းလေးစားချင်လာတာနဲ့ လောလောလတ်လတ်အသစ်ဖွင့်ထားတဲ့ Genki Sushi ကို ခြေလှမ်းရောက်ခဲ့ရောလေ။

ဆိုင်လေးက ရှင်းရှင်းလေးရယ်။ သီးသန့်စားပွဲလေးတွေကို အတန်းကြီး၃တန်းကန့်ထားပြီး စားပွဲတစ်ခုစီတိုင်းမှာ ပွဲတွေမှာဖို့ IPad လေးတစ်ခုစီတင်ပေးထားတယ်။

ဘယ်အစားအစာတွေရလဲဆို ဂျပန်အစားအစာရိုးရာ ဆာရှိမိ၊ ဆူရှီ၊ တန်ပူရာ၊ ထမင်း၊ ခေါက်ဆွဲအစုံအလင် ရတယ်။ ဆိုင်လေးက အရမ်းခေတ်မီပြီး IPad တွေ၊ Mobile Stalls လေးတွေနဲ့ဆိုတော့ ဈေးနှုန်းတွေ မြင့်မယ်ထင်ထားတာ တကယ်တမ်းကျ ၁၅၀၀ ဝန်းကျင်ကစတယ်ဆိုတော့ တန်တယ်ပြောရမယ်။

ကြည့်ရသလောက် ဒီဆိုင်က နိုင်ငံတကာမှာ ဖွင့်ထားတာ ကြာပြီဖြစ်မယ်။ တော်တော့်ကို ခေတ်မီတယ်။ ကဲ..ကိုယ့်လူတို့အတွက်တော့ စိတ်ဝင်စားလို့ ဆိုင်ကိုရောက်သွားခဲ့ရင် ဘယ်လိုမှာရသလဲဆိုတာ ပြောပြဦးမယ်။

(၁) IPad ထဲက Genki Sushi ဆိုတဲ့ App လေးထဲဝင်။

(၂) ပထမဆုံး အပေါ်မှာက သူ့ Category အသီးသီးရှိတယ်။ (ဆူရှီ၊ တန်ပူရာ၊ ဆာရှိမိစသဖြင့်ပေါ့)

(၃) ကိုယ်ကြိုက်တာရွေးမှတ်။ တစ်ခါမှတ်ရင် အောက်ဆုံးကစက်ပုံလေးပေါ်မှာ တစ်ခါပေါ်တယ်။ တစ်ခါမှာရင် ၄ပွဲထိ ရတယ်။ ပြန်ဖျက်ချင်လဲ အဲ့ပွဲလေးကို နှိပ်လိုက်တာနဲ့ အမှားလေးပေါ်တယ်။ ဖျက်ရုံပဲ။ ပြီးရင် အတည်ပြု။ ပြီးမှ နောက်တသုတ်ဆက်တိုက်မှာလို့ရတယ်။

(၄) ၃မိနစ်လောက်ကြာရင် ကိုယ့်ဘေးက စက်လေး ”ဝီ ” ဆိုရောက်ချလာပါလေရော။ အဲ့ကျ ပန်းကန်လေးယူပြီး အဝါမီးလင်းနေတဲ့ ခလုတ်လေးနှိပ်ပေးရုံပဲ။ ကဲ လွယ်လွယ်လေးနဲ့ ခေတ်မီတယ်။ အထာကျတယ်။ ထိုင်ရာမထဘဲ ဘယ်လောက်ကောင်းလဲ။ ဒီဆိုင်လေးကိုတော့ တော်တော်သဘောကျမိတာ။

(၅) စားပြီးရင်လည်း စက်မှာ Bill က အသင့်ပေါ်နေတာ ကြည့်ပြီး အဝင်ဝကောင်တာမှာရှင်းရုံပဲ။

အခရာကတော့ ဘာမှာခဲ့လဲဆို ကြက်ဥထမင်းလိပ်၊ ဂျပန်ကြက်ကြော်၊ ဖက်ထုပ်ကြော်၊ ဆယ်လ်မွန်ထမင်းလိပ်၊ ပုစွန်တန်ပူရာထမင်းလိပ်၊ မပါမဖြစ် မီဆိုဟင်းချို အကုန်အစုံမှာခဲ့တယ်။

ထမင်းလိပ်လေးတွေက အရသာအနေနဲ့ဆို ဆန်သားစေးစေးလေးတွေနဲ့ကောင်းတယ်။

ဂျပန်ကြက်ကြော်ဆိုတာ မှာမှကြော်ပေးတယ်ထင်တယ်။ ခြင်းလေးထဲ ထည့်ပေးထားတဲ့အတုံး ၄,၅တုံးပေမယ့် တကယ် ပူကြွပ်ပြီး အရသာရှိလိုက်တာ။ ၂၅၀၀ တဲ့။

ဖက်ထုပ်ကြော်လေးကလည်း အပေါ်ဖက်ထုပ်သားတင်းပြီး မွှေးနေတာ။စားချင်စရာလေး။ အထဲကတော့ အသားရယ်အသီးအရွက်တွေကြိတ်ထည့်ပေးထားတာ။ ၃ခုကို ၂၅၀၀ ကတော့ အင်း….။

ဆယ်လ်မွန်အစပ်ထမင်းလိပ်ကတော့ တကယ်စားကောင်းတာ။ ဆော့စ်ကအစ ချိုစပ်စပ်လေးရယ်။ တစ်ပွဲ ၃၀၀၀ က မဆိုးပါဘူးနော့။ ပုစွန်တန်ပူရာထမင်းလိပ်လည်း အလားတူပဲ။ ကြွပ်ကြွပ်မွှေးမွှေးဆိမ့်ဆိမ့်လေး။ သူကျ ၂၅၀၀ တဲ့။

မီဆိုဟင်းချိုကတော့ ပေါ့ရွှတ်ရွှတ်နဲ့ သောက်ကောင်းတယ်လို့မခံစားရဘူး။ မငြိဘူးပေါ့နော်။ သူကျ ၈၀၀ ပဲရှိတယ်။

ကဲ..ဒါကတော့ စားခဲ့သမျှ အထွေထွေအရသာအစုံအလင်ပါ။ ဈေးနှုန်းတွေက ထင်ထားသလောက်မဆိုးဘူးဆိုတော့ ခေတ်မီမီစားရတာ၊ ဆန်းဆန်းကြယ်ကြယ်လေးမှာရတာကတော့ အထာကျတယ်ဆိုရမလားပဲ။

Junction City ရောက်ရင် စားဖြစ်မစားဖြစ်အသာထား ၊ အဲ့လို ထူးထူးဆန်းဆန်း စားသောက်ရတဲ့အတွေ့အကြုံလေးတော့ ခံစားဖူးသင့်တယ်ထင်တာပဲ။ နေရာကတော့ တတိယထပ်မှာပါနော်။ ကိုယ်တွေကတော့ အဲ့လိုစက်ကလေးနဲ့ မှာတာမြန်မြန်လာချပေးတာကိုကြိုက်လွန်းလို့ စားပြီးငွေရှင်းပြီးတာတောင် သဘောတွေကျပြီးပြန်ခဲ့တာပဲ။

FoodieEi (Akhayar)