[Zawgyi] 


Genius App on iPhone





Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Genius Lyrics ကို Apple Music နဲ့ တွဲပြီး အသုံးပြုလို့ရပြီ

Apple Music သုံးတဲ့သူတွေအတွက်တော့ Lyrics နဲ့ပတ်သက်လို့ Upgrade အကြီးကြီးတစ်ခုလို့ပြောလို့ရပါတယ်။ Genius ဆိုတာကတော့ သီချင်းတွေနဲ့ပတ်သက်လာရင် စွယ်စုံကျမ်းကြီးတစ်ခုပါပဲ။ အခုဆိုရင် Apple Music နဲ့ Genius တို့ တွဲလိုက်ပြီဖြစ်ပါတယ်။

Genius App on iPhone

အခုလို တွဲလိုက်တဲ့အတွက် Apple Music က Genius ပေါ်မှာရှိတဲ့သီချင်းတွေအတွက် Player တစ်ခုဖြစ်သွားသလို Apple Music အတွက်လည်း Upgrade တစ်ခုဖြစ်သွားပါတယ်။ သီချင်းနားထောင်ရင်း စာသားတွေကို လိုက်ရွက်ရတာ ကြိုက်သူတွေအတွက်တော့ Genius ရဲ့ App က တော်တော်လေးကောင်းပါတယ်။ 

Apple Music Integration

Genius App ကို Download ဆွဲပြီးတာနဲ့ Apple Music ကိုသုံးလို့ရမှာပါ။ Apple Music အတွက်တော့ Apple ID နဲ့ iPhone မှာ အရင် Login လုပ်ထားရမှာပါ။ Apple Music က တစ်လကို $9.99 ရှိပြီး Genius App အတွက်တော့ လစဉ်ကြေးထပ်ပေးစရာလိုမှာမဟုတ်ပါဘူး။ Genius App ထဲမှာတော့ Artist နဲ့ ပတ်သက်တဲ့ Bio ၊ သတင်း၊ Video တွေနဲ့ သီချင်းတွေကို တွေ့ရမှာဖြစ်ပြီး သီချင်းတွေကို နားထောင်ဖို့အတွက်တော့ Apple Music သုံးမှပဲရမှာပါ။ Apple Music သုံးသူတွေအတွက်တော့ အကောင်းဆုံး App တစ်ခုဖြစ်လာပါပြီ။ 

Genius App ကိုတော့ App Store မှာ ဒီ Link ကနေ အခမဲ့ ရယူနိုင်ပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com