[Zawgyi]

ဗုဒၶဆုိတာ တရားအားလုံးကုိ ကုိယ္ပုိင္ဥာဏ္နဲ႔ သိျမင္တဲ့သူျဖစ္ၿပီး ဘာသာဆုိတာက ဗုဒၶေဟာၾကားခဲ့တဲ့ တရားေတာ္လုိ႔ ဆုိလုိတာျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္ဆုိတာက ဗုဒၶေဟာၾကားခဲ့တဲ့ တရားေတာ္ေတြကုိ လုိက္နာက်င့္သုံးတဲ့သူလုိ႔ အဓိပၸာယ္ရပါတယ္။ ဗုဒၶဘာသာဝင္ျဖစ္ေပမယ့္ ဘုိးေတာ္ကုိ ဆည္းကပ္လုိက္၊ နတ္ကုိ ကုိးကြယ္လုိက္၊ အၾကားအျမင္ဆရာကုိ ပ သလုိက္ဆုိရင္ မဟုတ္ေသးပါဘူး။ ဗုဒၶဘာသာဝင္ဆုိတာ ငါးပါးသီလနဲ႔ သရဏဂုဏ္သုံးပါးကုိ ခါးဝတ္ပုဆုိးလုိ ခုိင္ခုိင္ျမဲျမဲ စြဲမွတ္ထားသူကုိ ဆုိလုိတာျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္ေတြအေနနဲ႔ အေျခခံသိသင့္သိထုိက္တဲ့ ဘာသာေရးဗဟုသုတေတြကုိ က်မ္းဂန္ေပါင္းစံုက ထုတ္ႏႈတ္ေဖာ္ျပလုိက္ပါတယ္။

၁။ ဘုရားဆုိတာ ဘာလဲ။

ဘုရားဆုိတဲ့ ေဝါဟာရဟာ ပူဇာနဲ႔ အရဟ ပါဠိႏွစ္လုံး ေပါင္းစပ္ၿပီး ပုဂံေခတ္ပညာရွင္ေတြ တီထြင္ခဲ့တာျဖစ္ပါတယ္။ ပူဇာ (အျမတ္တႏုိး ရုိေသျခင္း) နဲ႔ အရဟ (လူနတ္ျဗဟၼာသတၱဝါတုိ႔ရဲ႕ ပူေဇာ္အထူးကုိ ခံယူေတာ္မူထုိက္ျခင္း) ဆုိတဲ့ အဓိပၸာယ္ေတြ ျပည့္စုံေနၿပီး ပူေဇာ္ထုိက္တဲ့အတြက္ ဗုဒၶကုိ ဘုရားလုိ႔ ကင္ပြန္းတပ္ခဲ့တာ ျဖစ္ပါတယ္။ “ပူဇာအရဟ” ကေန “ပုရွာ” ၊ “ပုရွာ” ကေန “ဖုရွာ” ၊ “ဖုရွာ” ကေန “ဖုရား” ၊ “ဖုရား” ကေန “ဘုရား” ဆုိၿပီး စာလုံးေပါင္းအမ်ိဳးမ်ိဳး ေျပာင္းလဲလာတဲ့ ေဝါဟာရပဲျဖစ္ပါတယ္။ ဗုဒၶနဲ႔ ဘုရား ဘာကြာသလဲဆုိရင္ ဗုဒၶဆုိတာ သစၥာေလးပါး တရားေတာ္ကုိ ပုိင္းျခားသိျမင္ႏုိင္တဲ့သူျဖစ္ၿပီး ကုိယ္ပုိင္နာမည္ျဖစ္ပါတယ္။ ဘုရားကေတာ့ ပူေဇာ္ထုိက္တဲ့သူလုိ႔ အဓိပၸာယ္ရတဲ့အတြက္ တျခားဘာသာေတြနဲ႔ သက္ဆုိင္တဲ့ အမ်ားဆုိင္နာမည္ျဖစ္ပါတယ္။

၂။ တရားဆုိတာ ဘာလဲ။

ဘုရားရွင္ ေလးဆယ့္ငါးဝါအတြင္း ေဟာၾကားခဲ့တဲ့ ေဒသနာေတာ္ေတြဟာ ဆင္းရဲခ်မ္းသာ ဘက္မလုိက္ဘဲ မွန္မွန္ကန္ကန္ေဆာင္ရြက္တတ္လုိ႔ တရားလုိ႔ ေခၚဆုိတာျဖစ္ပါတယ္။ တရားေတာ္ကုိ သုံးပုိင္းခြဲလုိက္ၿပီး ပိဋကတ္သုံးပုံလုိ႔ ေခၚပါတယ္။ ပိဋကဆုိတာ ေတာင္း၊ ျခင္းေတာင္းလုိ႔ အဓိပၸာယ္ရပါတယ္။ တရားေတာ္ေတြကုိ တူရာတူရာေပါင္းစုၿပီး ေတာင္းထဲကုိ ထည့္လုိက္ရင္ သုတၱန္တရားေတာ္က တစ္ေတာင္း၊ ဝိနည္းတရားေတာ္က တစ္ေတာင္းနဲ႔ အဘိဓမၼာတရားေတာ္က တစ္ေတာင္းျဖစ္လာပါတယ္။ သုတၱန္တရားေတာ္ဆုိတာ အခ်ိန္ကာလ၊ ေနရာေဒသနဲ႔ အေျခအေနကုိ ႏႈိင္းဆၿပီး ေဟာၾကားခဲ့တဲ့ တရားေတာ္ျဖစ္ပါတယ္။ ဝိနည္းတရားေတာ္ဆုိတာက ရဟန္းေတာ္ေတြအတြက္ ဘုရားရွင္ ပညတ္ထားတဲ့ တရားေတာ္ေတြပဲျဖစ္ပါတယ္။ အဘိဓမၼာတရားေတာ္ဆုိတာ သုတ္၊ ဝိနည္းေတြထက္ ျမင့္ၿပီး အခ်ိန္ကာလနဲ႔ ေနရာေဒသကုိ မၾကည့္တဲ့ တရားေတာ္ျဖစ္ပါတယ္။

၃။ သံဃာဆုိတာ ဘာလဲ။

အပယ္ေလးပါးကုိ က်ေရာက္ေစတတ္တဲ့ ကိေလသာတရားေတြကုိ ပယ္သတ္ႏုိင္ၿပီး ဘုရားအဆုံးအမေတြကုိ လုိက္နာကာ အက်င့္သီလတူညီၾကတဲ့သူေတြကုိ သံဃာလုိ႔ ေခၚပါတယ္။ သံဃာကုိ အရိယာသံဃာ (ကိေလသာအညစ္အေၾကးေတြ ပယ္သတ္ၿပီးေသာသူ) နဲ႔ သမၼဳတိသံဃာ (နိဗၺာန္မဂ္ဖုိလ္ရေအာင္ ႀကိဳးစားေနတဲ့သူ) ဆုိၿပီး ခြဲျခားထားပါတယ္။ ရဟန္းဆုိတဲ့ ေဝါဟာရကေတာ့ “အရဟႏၱ (ကိေလသာမရွိတဲ့သူ)” ကေန ဆင္းသက္လာတာပါ။ ေရွ႕စကားလုံး “အ” နဲ႔ ေနာက္စကားလုံး “တ” ျပဳတ္ၿပီး အခ်ိန္ကာလၾကာလာတာနဲ႔ “ရဟန္း” ဆုိၿပီး ျဖစ္လာတာပါ။ ရဟန္းအျဖစ္ကုိ ခံယူတဲ့အခါ အဂၤါငါးပါး ျပည့္စုံရပါတယ္။

  • (၁) ဝတၳဳ (ရဟန္းေလာင္းရွိျခင္း)
  • (၂) ပရိသတ္ (အနည္းဆုံး ရဟန္းငါးပါးရွိျခင္း)
  • (၃) ဥတ္ (ကမၼဝါစာ အခ်ီးစကား)
  • (၄) ကမၼဝါ (ကံေဆာင္စာ) နဲ႔
  • (၅) သိမ္ (ရဟန္းခံရာအရပ္)

အဲဒီအဂၤါငါးပါးကုိေတာ့ ပါဠိလုိ “ပဥၥဂၤ” လုိ႔ ေခၚပါတယ္။ “ပဥၥဂၤ” ကုိ ျမန္မာမႈျပဳလုိက္တဲ့အခါ “ပဥၥင္း” ဆုိၿပီး ျဖစ္လာပါတယ္။ ေလးစားသမႈနဲ႔ “ဦး” တပ္လုိက္တဲ့အခါ “ဦးပဥၥင္း” ျဖစ္လာပါေတာ့တယ္။ သတၱဝါေတြအတြက္ ရခဲျခင္းတရားငါးပါး (ဒုလႅဘတရားငါးပါး) ရွိပါတယ္။

  • (၁) ဘုရားအျဖစ္ကုိ ရခဲျခင္း
  • (၂) လူ႕အျဖစ္ကုိ ရခဲျခင္း
  • (၃) သဒၶါတရားျပည့္စုံတဲ့အျဖစ္ကုိ ရခဲျခင္း
  • (၄) ရဟန္းအျဖစ္ကုိ ရခဲျခင္း
  • (၅) သူေတာ္ေကာင္းတရား နာရခဲျခင္း

ေလးအသေခၤ်နဲ႔ကမၻာတစ္သန္း ပါရမီျဖည့္က်င့္ခဲ့ရတဲ့ ဘုရားရွင္ကုိယ္ေတာ္တုိင္ ျမင့္ျမတ္တဲ့ ရဟန္းအျဖစ္ကုိ ကုိးႀကိမ္ပဲရဖူးတဲ့အတြက္ ရဟန္းဘဝကုိ ေရာက္ၾကတဲ့သူေတြဟာ ဘုန္းကံႀကီးမားတဲ့အတြက္ ရဟန္းေတာ္ေတြကုိ “ဘုန္းႀကီး” လုိ႔ေခၚဆုိတာျဖစ္ပါတယ္။ ရွင္ဘုရင္ရဲ႕ သား၊ သမီးေတြကုိ “သားေတာ္” “သမီးေတာ္” ဆုိၿပီး သုံးႏႈန္းၾကသလုိ ရွင္ဘုရင္ ကုိးကြယ္တဲ့ ရဟန္းေတာ္ေတြကုိလည္း “မင္းဆရာေတာ္” ဆုိၿပီး ေခၚေဝၚၾကပါတယ္။ ဘုရင္ေခတ္မရွိေတာ့တဲ့အခါ “မင္း” ျပဳတ္ၿပီး “ဆရာေတာ္” ေဝါဟာရက်န္ရစ္ေနတာျဖစ္ပါတယ္။ အားလုံးကုိ ျခံဳငုံသုံးသပ္ရရင္ေတာ့ သက္ေတာ္၊ ဝါေတာ္ႏုနယ္ၿပီး ကုိယ္ပုိင္ေက်ာင္းမရွိေသးတဲ့ သာသနာ့ဝန္ထမ္းေတြကုိ “ဦးပဥၥင္း” “ရဟန္း” လုိ႔ သုံးႏႈန္းၾကၿပီး ဝါေတာ္ႀကီးျမင့္တဲ့ သာသနာ့ဝန္ထမ္းေတြကုိေတာ့ “ဆရာေတာ္” “ဘုန္းႀကီး” လုိ႔ သုံးႏႈန္းၾကပါတယ္။

ဘုရား၊ တရား၊ သံဃာေတာ္ေတြကုိ “ရတနာျမတ္သုံးပါး” လုိ႔ ေခၚဆုိပါတယ္။ ရတနာဆုိတာ “ႏွစ္သက္ၾကည္ႏူးမႈကုိ ျဖစ္ေစတဲ့အရာ” လုိ႔ အဓိပၸာယ္ရတဲ့ ပါဠိစကားျဖစ္ပါတယ္။ စိန္ေရႊ၊ ပတၱျမားကုိလည္း ရတနာ၊ သားသမီးေတြကုိလည္း သားရတနာ သမီးရတနာဆုိၿပီး ေခၚဆုိၾကပါတယ္။ ရတနာအားလုံးထဲမွာ ဘုရား၊ တရား၊ သံဃာသုံးပါးဟာ အျမတ္ဆုံး၊ အေကာင္းဆုံးျဖစ္တဲ့အတြက္ တျခားရတနာေတြနဲ႔ မတူေအာင္ “ရတနာျမတ္သုံးပါး” လုိ႔ေခၚဆုိတာျဖစ္ပါတယ္။

၄။ ရွိခုိးျခင္းႏွင့္ ကန္ေတာ့ျခင္း။

အိပ္ရာဝင္ခါနီးမွာ ဘုရားရွိခုိးမယ္၊ ဘုရားကန္ေတာ့မယ္ဆုိၿပီး ေျပာၾကတယ္။ ရွိခုိးမယ္နဲ႔ ကန္ေတာ့မယ္ဆုိၿပီး ေဝါဟာရေတြ ေျပာင္းလဲသုံးႏႈန္းၾကပါတယ္။ ဒါေပမယ့္ ဆရာကန္ေတာ့ပြဲလုိ႔သာရွိၿပီး ဆရာရွိခုိးပြဲဆုိတာ မရွိပါဘူး။ ကဲ . . ဒါဆုိ ရွိခုိးျခင္းနဲ႔ ကန္ေတာ့ျခင္း ဘာကြာသလဲဆုိတာၾကည့္ရေအာင္။

ကန္ေတာ့ရတဲ့အေၾကာင္းက ဘုရား၊ တရား၊ သံဃာစတဲ့ ရတနာျမတ္သုံးပါးနဲ႔ တျခားပုဂၢိဳလ္တစ္ေယာက္အေပၚမွာ ကာယကံ၊ ဝစီကံ၊ မေနာကံ တစ္ပါးပါးနဲ႔ က်ဴးလြန္မႈရွိတယ္။ က်ဴးလြန္ခဲ့တဲ့အျပစ္ေတြကုိ ေျပေပ်ာက္ခ်င္တဲ့အတြက္ ကန္ေတာ့တာျဖစ္ပါတယ္။ အျပစ္ရွိထားလုိ႔ ကန္ေတာ့တာျဖစ္ပါတယ္။ ကန္ေတာ့လုိက္ရတဲ့အတြက္ ကုိယ့္မွာရွိတဲ့ အျပစ္ေတြ ေျပေပ်ာက္သြားပါတယ္။ (မွတ္ခ်က္။ ။ ပဥၥာနႏၱိယကံငါးပါး မပါ)

ရွိခုိးရတဲ့အေၾကာင္းက ဘုရား၊ တရား၊ သံဃာစတဲ့ ရတနာျမတ္သုံးပါးနဲ႔ တျခားပုဂၢိဳလ္တစ္ေယာက္အေပၚမွာ အျပစ္က်ဴးလြန္ထားျခင္း မရွိပါဘူး။ ရတနာျမတ္သုံးပါးနဲ႔ မိဘဆရာေတြရဲ႕ ဂုဏ္ေက်းဇူးကုိ ၾကည္ညိဳေလးစားတဲ့အတြက္ေၾကာင့္ ရွိခုိးတာျဖစ္ပါတယ္။ ရွိခုိးလုိက္ရတဲ့အတြက္ အသက္ရွည္ျခင္း၊ အဆင္းလွျခင္း၊ ဘုန္တန္ခုိးႀကီးျခင္း၊ ဥာဏ္ပညာႀကီးျခင္း စတဲ့အက်ိဳးေက်းဇူးေတြ ရရွိမွာျဖစ္ပါတယ္။ ရွိခုိးတာ ကုသုိလ္ရတဲ့သေဘာျဖစ္ပါတယ္။

ကဲ . . . ဒါေတြကေတာ့ ဗုဒၶဘာသာဝင္ေတြ အေျခခံသိထုိက္တဲ့ ဗဟုသုတေတြျဖစ္ပါတယ္။ ေနာက္မ်ားမွာလည္း ဗဟုသုတျဖစ္ဖြယ္အေၾကာင္းအရာေတြကုိ ရွာေဖြတင္ဆက္ေပးဦးမွာျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ သိရေအာင္လည္း ေဝငွေပးပါဦးလုိ႔ တုိက္တြန္းလုိ္ပါတယ္ခင္ဗ်ာ။

ကုိးကား ။ ။ မိရုိးဖလာလြန္ ဗုဒၶဘာသာ၊ သုခမွတ္စု၊ ဇိနတၳပကာသနီက်မ္း။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဗုဒ္ဓဆိုတာ တရားအားလုံးကို ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်တဲ့သူဖြစ်ပြီး ဘာသာဆိုတာက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို လိုက်နာကျင့်သုံးတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဘိုးတော်ကို ဆည်းကပ်လိုက်၊ နတ်ကို ကိုးကွယ်လိုက်၊ အကြားအမြင်ဆရာကို ပ သလိုက်ဆိုရင် မဟုတ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်ဆိုတာ ငါးပါးသီလနဲ့ သရဏဂုဏ်သုံးပါးကို ခါးဝတ်ပုဆိုးလို ခိုင်ခိုင်မြဲမြဲ စွဲမှတ်ထားသူကို ဆိုလိုတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အခြေခံသိသင့်သိထိုက်တဲ့ ဘာသာရေးဗဟုသုတတွေကို ကျမ်းဂန်ပေါင်းစုံက ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

၁။ ဘုရားဆိုတာ ဘာလဲ။

ဘုရားဆိုတဲ့ ဝေါဟာရဟာ ပူဇာနဲ့ အရဟ ပါဠိနှစ်လုံး ပေါင်းစပ်ပြီး ပုဂံခေတ်ပညာရှင်တွေ တီထွင်ခဲ့တာဖြစ်ပါတယ်။ ပူဇာ (အမြတ်တနိုး ရိုသေခြင်း) နဲ့ အရဟ (လူနတ်ဗြဟ္မာသတ္တဝါတို့ရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း) ဆိုတဲ့ အဓိပ္ပာယ်တွေ ပြည့်စုံနေပြီး ပူဇော်ထိုက်တဲ့အတွက် ဗုဒ္ဓကို ဘုရားလို့ ကင်ပွန်းတပ်ခဲ့တာ ဖြစ်ပါတယ်။ “ပူဇာအရဟ” ကနေ “ပုရှာ” ၊ “ပုရှာ” ကနေ “ဖုရှာ” ၊ “ဖုရှာ” ကနေ “ဖုရား” ၊ “ဖုရား” ကနေ “ဘုရား” ဆိုပြီး စာလုံးပေါင်းအမျိုးမျိုး ပြောင်းလဲလာတဲ့ ဝေါဟာရပဲဖြစ်ပါတယ်။ ဗုဒ္ဓနဲ့ ဘုရား ဘာကွာသလဲဆိုရင် ဗုဒ္ဓဆိုတာ သစ္စာလေးပါး တရားတော်ကို ပိုင်းခြားသိမြင်နိုင်တဲ့သူဖြစ်ပြီး ကိုယ်ပိုင်နာမည်ဖြစ်ပါတယ်။ ဘုရားကတော့ ပူဇော်ထိုက်တဲ့သူလို့ အဓိပ္ပာယ်ရတဲ့အတွက် တခြားဘာသာတွေနဲ့ သက်ဆိုင်တဲ့ အများဆိုင်နာမည်ဖြစ်ပါတယ်။

၂။ တရားဆိုတာ ဘာလဲ။

ဘုရားရှင် လေးဆယ့်ငါးဝါအတွင်း ဟောကြားခဲ့တဲ့ ဒေသနာတော်တွေဟာ ဆင်းရဲချမ်းသာ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်ဆောင်ရွက်တတ်လို့ တရားလို့ ခေါ်ဆိုတာဖြစ်ပါတယ်။ တရားတော်ကို သုံးပိုင်းခွဲလိုက်ပြီး ပိဋကတ်သုံးပုံလို့ ခေါ်ပါတယ်။ ပိဋကဆိုတာ တောင်း၊ ခြင်းတောင်းလို့ အဓိပ္ပာယ်ရပါတယ်။ တရားတော်တွေကို တူရာတူရာပေါင်းစုပြီး တောင်းထဲကို ထည့်လိုက်ရင် သုတ္တန်တရားတော်က တစ်တောင်း၊ ဝိနည်းတရားတော်က တစ်တောင်းနဲ့ အဘိဓမ္မာတရားတော်က တစ်တောင်းဖြစ်လာပါတယ်။ သုတ္တန်တရားတော်ဆိုတာ အချိန်ကာလ၊ နေရာဒေသနဲ့ အခြေအနေကို နှိုင်းဆပြီး ဟောကြားခဲ့တဲ့ တရားတော်ဖြစ်ပါတယ်။ ဝိနည်းတရားတော်ဆိုတာက ရဟန်းတော်တွေအတွက် ဘုရားရှင် ပညတ်ထားတဲ့ တရားတော်တွေပဲဖြစ်ပါတယ်။ အဘိဓမ္မာတရားတော်ဆိုတာ သုတ်၊ ဝိနည်းတွေထက် မြင့်ပြီး အချိန်ကာလနဲ့ နေရာဒေသကို မကြည့်တဲ့ တရားတော်ဖြစ်ပါတယ်။

၃။ သံဃာဆိုတာ ဘာလဲ။

အပယ်လေးပါးကို ကျရောက်စေတတ်တဲ့ ကိလေသာတရားတွေကို ပယ်သတ်နိုင်ပြီး ဘုရားအဆုံးအမတွေကို လိုက်နာကာ အကျင့်သီလတူညီကြတဲ့သူတွေကို သံဃာလို့ ခေါ်ပါတယ်။ သံဃာကို အရိယာသံဃာ (ကိလေသာအညစ်အကြေးတွေ ပယ်သတ်ပြီးသောသူ) နဲ့ သမ္မုတိသံဃာ (နိဗ္ဗာန်မဂ်ဖိုလ်ရအောင် ကြိုးစားနေတဲ့သူ) ဆိုပြီး ခွဲခြားထားပါတယ်။ ရဟန်းဆိုတဲ့ ဝေါဟာရကတော့ “အရဟန္တ (ကိလေသာမရှိတဲ့သူ)” ကနေ ဆင်းသက်လာတာပါ။ ရှေ့စကားလုံး “အ” နဲ့ နောက်စကားလုံး “တ” ပြုတ်ပြီး အချိန်ကာလကြာလာတာနဲ့ “ရဟန်း” ဆိုပြီး ဖြစ်လာတာပါ။ ရဟန်းအဖြစ်ကို ခံယူတဲ့အခါ အင်္ဂါငါးပါး ပြည့်စုံရပါတယ်။

  • (၁) ဝတ္ထု (ရဟန်းလောင်းရှိခြင်း)
  • (၂) ပရိသတ် (အနည်းဆုံး ရဟန်းငါးပါးရှိခြင်း)
  • (၃) ဥတ် (ကမ္မဝါစာ အချီးစကား)
  • (၄) ကမ္မဝါ (ကံဆောင်စာ) နဲ့
  • (၅) သိမ် (ရဟန်းခံရာအရပ်)

အဲဒီအင်္ဂါငါးပါးကိုတော့ ပါဠိလို “ပဉ္စင်္ဂ” လို့ ခေါ်ပါတယ်။ “ပဉ္စင်္ဂ” ကို မြန်မာမှုပြုလိုက်တဲ့အခါ “ပဉ္စင်း” ဆိုပြီး ဖြစ်လာပါတယ်။ လေးစားသမှုနဲ့ “ဦး” တပ်လိုက်တဲ့အခါ “ဦးပဉ္စင်း” ဖြစ်လာပါတော့တယ်။ သတ္တဝါတွေအတွက် ရခဲခြင်းတရားငါးပါး (ဒုလ္လဘတရားငါးပါး) ရှိပါတယ်။

  • (၁) ဘုရားအဖြစ်ကို ရခဲခြင်း
  • (၂) လူ့အဖြစ်ကို ရခဲခြင်း
  • (၃) သဒ္ဓါတရားပြည့်စုံတဲ့အဖြစ်ကို ရခဲခြင်း
  • (၄) ရဟန်းအဖြစ်ကို ရခဲခြင်း
  • (၅) သူတော်ကောင်းတရား နာရခဲခြင်း

လေးအသင်္ချေနဲ့ကမ္ဘာတစ်သန်း ပါရမီဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်ကိုယ်တော်တိုင် မြင့်မြတ်တဲ့ ရဟန်းအဖြစ်ကို ကိုးကြိမ်ပဲရဖူးတဲ့အတွက် ရဟန်းဘဝကို ရောက်ကြတဲ့သူတွေဟာ ဘုန်းကံကြီးမားတဲ့အတွက် ရဟန်းတော်တွေကို “ဘုန်းကြီး” လို့ခေါ်ဆိုတာဖြစ်ပါတယ်။ ရှင်ဘုရင်ရဲ့ သား၊ သမီးတွေကို “သားတော်” “သမီးတော်” ဆိုပြီး သုံးနှုန်းကြသလို ရှင်ဘုရင် ကိုးကွယ်တဲ့ ရဟန်းတော်တွေကိုလည်း “မင်းဆရာတော်” ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ ဘုရင်ခေတ်မရှိတော့တဲ့အခါ “မင်း” ပြုတ်ပြီး “ဆရာတော်” ဝေါဟာရကျန်ရစ်နေတာဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ရရင်တော့ သက်တော်၊ ဝါတော်နုနယ်ပြီး ကိုယ်ပိုင်ကျောင်းမရှိသေးတဲ့ သာသနာ့ဝန်ထမ်းတွေကို “ဦးပဉ္စင်း” “ရဟန်း” လို့ သုံးနှုန်းကြပြီး ဝါတော်ကြီးမြင့်တဲ့ သာသနာ့ဝန်ထမ်းတွေကိုတော့ “ဆရာတော်” “ဘုန်းကြီး” လို့ သုံးနှုန်းကြပါတယ်။

ဘုရား၊ တရား၊ သံဃာတော်တွေကို “ရတနာမြတ်သုံးပါး” လို့ ခေါ်ဆိုပါတယ်။ ရတနာဆိုတာ “နှစ်သက်ကြည်နူးမှုကို ဖြစ်စေတဲ့အရာ” လို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကားဖြစ်ပါတယ်။ စိန်ရွှေ၊ ပတ္တမြားကိုလည်း ရတနာ၊ သားသမီးတွေကိုလည်း သားရတနာ သမီးရတနာဆိုပြီး ခေါ်ဆိုကြပါတယ်။ ရတနာအားလုံးထဲမှာ ဘုရား၊ တရား၊ သံဃာသုံးပါးဟာ အမြတ်ဆုံး၊ အကောင်းဆုံးဖြစ်တဲ့အတွက် တခြားရတနာတွေနဲ့ မတူအောင် “ရတနာမြတ်သုံးပါး” လို့ခေါ်ဆိုတာဖြစ်ပါတယ်။

၄။ ရှိခိုးခြင်းနှင့် ကန်တော့ခြင်း။

အိပ်ရာဝင်ခါနီးမှာ ဘုရားရှိခိုးမယ်၊ ဘုရားကန်တော့မယ်ဆိုပြီး ပြောကြတယ်။ ရှိခိုးမယ်နဲ့ ကန်တော့မယ်ဆိုပြီး ဝေါဟာရတွေ ပြောင်းလဲသုံးနှုန်းကြပါတယ်။ ဒါပေမယ့် ဆရာကန်တော့ပွဲလို့သာရှိပြီး ဆရာရှိခိုးပွဲဆိုတာ မရှိပါဘူး။ ကဲ . . ဒါဆို ရှိခိုးခြင်းနဲ့ ကန်တော့ခြင်း ဘာကွာသလဲဆိုတာကြည့်ရအောင်။

ကန်တော့ရတဲ့အကြောင်းက ဘုရား၊ တရား၊ သံဃာစတဲ့ ရတနာမြတ်သုံးပါးနဲ့ တခြားပုဂ္ဂိုလ်တစ်ယောက်အပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံ တစ်ပါးပါးနဲ့ ကျူးလွန်မှုရှိတယ်။ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ပြေပျောက်ချင်တဲ့အတွက် ကန်တော့တာဖြစ်ပါတယ်။ အပြစ်ရှိထားလို့ ကန်တော့တာဖြစ်ပါတယ်။ ကန်တော့လိုက်ရတဲ့အတွက် ကိုယ့်မှာရှိတဲ့ အပြစ်တွေ ပြေပျောက်သွားပါတယ်။ (မှတ်ချက်။ ။ ပဉ္စာနန္တိယကံငါးပါး မပါ)

ရှိခိုးရတဲ့အကြောင်းက ဘုရား၊ တရား၊ သံဃာစတဲ့ ရတနာမြတ်သုံးပါးနဲ့ တခြားပုဂ္ဂိုလ်တစ်ယောက်အပေါ်မှာ အပြစ်ကျူးလွန်ထားခြင်း မရှိပါဘူး။ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို ကြည်ညိုလေးစားတဲ့အတွက်ကြောင့် ရှိခိုးတာဖြစ်ပါတယ်။ ရှိခိုးလိုက်ရတဲ့အတွက် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဘုန်တန်ခိုးကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ ရှိခိုးတာ ကုသိုလ်ရတဲ့သဘောဖြစ်ပါတယ်။

ကဲ . . . ဒါတွေကတော့ ဗုဒ္ဓဘာသာဝင်တွေ အခြေခံသိထိုက်တဲ့ ဗဟုသုတတွေဖြစ်ပါတယ်။ နောက်များမှာလည်း ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးဦးမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးပါဦးလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ကိုးကား ။ ။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာ၊ သုခမှတ်စု၊ ဇိနတ္ထပကာသနီကျမ်း။

ကျော်စိုးအောင် (အခရာ)

www.akhayar.com