[ZawGyi]

ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ စစ္မႈထမ္းေတာ႔မယ္႔ G-Dragon

BigBang က G-Dragon အေနနဲ႔ ပရိသတ္နဲ႔ခဏတာႏႈတ္ဆက္ရမယ္႔အခ်ိန္ေရာက္လာခဲ႔ပါျပီ။ ဘာလုိ႔လဲဆိုရင္ G-Dragon ဟာ ဒီလ ၂၇ ရက္ေန႔မွာ စစ္မႈထမ္းတာဝန္စတင္ေတာ႔မွာပဲျဖစ္ပါတယ္။ ဒီသတင္းကို YG Entertainment က အတည္ျပဳေျပာၾကားခဲ႔တာပါ။

ဒီသတင္းနဲ႔ပတ္သက္ျပီး CL ကလည္း “စိတ္ခ်ပါ ညီမအစ္ကို႔ဆီလာမလည္ပါဘူး” ဆုိတဲ႔ စာသားကို Instagram မွာေရးသားထားတာမို႔ သူမနဲ႔ G-Dragon ၾကားထဲကေမာင္ႏွမဆက္ဆံေရးကို ျမင္သာေစခဲ႔ပါတယ္။

G-Dragon and CL

G-Dragon and CL

စစ္မႈထမ္းတာဝန္စတင္မယ္႔ေန႔မွာ တခ်ိဳ႕ေသာအႏုပညာရွင္ေတြက ပရိသတ္နဲ႔ေတြ႔ဆံုႏႈတ္ဆက္ၾကတာမ်ိဳးရွိေပမယ္႔ G-Dragon ကေတာ႔ တိတ္တိတ္ဆိတ္ဆိတ္ပဲထြက္ခြာခ်င္တဲ႔သေဘာရွိေနပါတယ္။

“ေဆာင္းရာသီျပီးရင္ ေႏြဦးရာသီေလးေရာက္ရွိလာေတာ႔မွာပါ။ မၾကာခင္အတူတူေတြ႔ဆံုၾကမယ္ေလ။ အဲဒီအခ်ိန္မတိုင္ခင္ေလးမွာ က်န္းက်န္းမာမာေနပါ။ ဝမ္းမနည္းပါနဲ႔။ က်န္တဲ႔ BigBang အဖြဲ႔ဝင္ အတူ၅ ေယာက္က အားလံုးေပ်ာ္ရႊင္ က်န္းမာေစဖုိ႔အျမဲဆုေတာင္းေပးေနမွာပါ။ ဘာလုိ႔လဲဆုိ ခင္ဗ်ားတုိ႔ေတြက ကၽြန္ေတာ္တုိ႔ရဲ႕ခြန္အားပါ။ အတူတူေတြ႔ဆံုႏိုင္မယ္႔ေန႔ကို လက္ခ်ိဳးေရတြက္ျပီး ေက်ာ္ျဖတ္ၾကမယ္ေလေနာ္။ အဲဒါဆုိရင္ေတာ႔ အခ်ိန္ေတြက ျမန္ျမန္ကုန္သြားမွာပါ။ ကၽြန္ေတာ႔္အခ်စ္ေတြကေတာ႔ ဘယ္ေတာ႔မွမေျပာင္းလဲပါဘူး” လို႔ႏႈတ္ဆက္စကားေရးသားထားတာေတြ႔ရပါတယ္။

g-dragon

g-dragon

G-Dragon မပါတဲ႔ BigBang အဖြဲ႔ကို ေတြ႔ျမင္ရတာကေတာ႔ ရင္ထဲမွာဟာတာတာျဖစ္ေနႏိုင္ပါတယ္။

ခ်င္းဂူေလး(အခရာ)

www.akhayar.com

[Unicode]

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စစ်မှုထမ်းတော့မယ့် G-Dragon

BigBang က G-Dragon အနေနဲ့ ပရိသတ်နဲ့ခဏတာနှုတ်ဆက်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။ ဘာလို့လဲဆိုရင် G-Dragon ဟာ ဒီလ ၂၇ ရက်နေ့မှာ စစ်မှုထမ်းတာဝန်စတင်တော့မှာပဲဖြစ်ပါတယ်။ ဒီသတင်းကို YG Entertainment က အတည်ပြုပြောကြားခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး CL ကလည်း “စိတ်ချပါ ညီမအစ်ကို့ဆီလာမလည်ပါဘူး” ဆိုတဲ့ စာသားကို Instagram မှာရေးသားထားတာမို့ သူမနဲ့ G-Dragon ကြားထဲကမောင်နှမဆက်ဆံရေးကို မြင်သာစေခဲ့ပါတယ်။

G-Dragon and CL

G-Dragon and CL

စစ်မှုထမ်းတာဝန်စတင်မယ့်နေ့မှာ တချို့သောအနုပညာရှင်တွေက ပရိသတ်နဲ့တွေ့ဆုံနှုတ်ဆက်ကြတာမျိုးရှိပေမယ့် G-Dragon ကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲထွက်ခွာချင်တဲ့သဘောရှိနေပါတယ်။

“ဆောင်းရာသီပြီးရင် နွေဦးရာသီလေးရောက်ရှိလာတော့မှာပါ။ မကြာခင်အတူတူတွေ့ဆုံကြမယ်လေ။ အဲဒီအချိန်မတိုင်ခင်လေးမှာ ကျန်းကျန်းမာမာနေပါ။ ဝမ်းမနည်းပါနဲ့။ ကျန်တဲ့ BigBang အဖွဲ့ဝင် အတူ၅ ယောက်က အားလုံးပျော်ရွှင် ကျန်းမာစေဖို့အမြဲဆုတောင်းပေးနေမှာပါ။ ဘာလို့လဲဆို ခင်ဗျားတို့တွေက ကျွန်တော်တို့ရဲ့ခွန်အားပါ။ အတူတူတွေ့ဆုံနိုင်မယ့်နေ့ကို လက်ချိုးရေတွက်ပြီး ကျော်ဖြတ်ကြမယ်လေနော်။ အဲဒါဆိုရင်တော့ အချိန်တွေက မြန်မြန်ကုန်သွားမှာပါ။ ကျွန်တော့်အချစ်တွေကတော့ ဘယ်တော့မှမပြောင်းလဲပါဘူး” လို့နှုတ်ဆက်စကားရေးသားထားတာတွေ့ရပါတယ်။

g-dragon

g-dragon

G-Dragon မပါတဲ့ BigBang အဖွဲ့ကို တွေ့မြင်ရတာကတော့ ရင်ထဲမှာဟာတာတာဖြစ်နေနိုင်ပါတယ်။

ချင်းဂူလေး(အခရာ)

www.akhayar.com