Google Gboard
Google Gboard
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Google ရဲ့ Gmail App ပဲဖြစ်ဖြစ်၊ Android Messages မှာပဲဖြစ်ဖြစ် Messages တစ်ခုဝင်လာတယ်ဆိုရင် ဝင်ရောက်လာတဲ့ Messages တွေအတွက် အဖြစ်နိုင်ဆုံးသော Reply ကိုဖော်ပြပေးတဲ့ Smart Reply Feature ကို သတိထားမိကြမှာပါ။ အခုအချိန်မှာတော့ အဆိုပါ Smart Reply Feature ကို အခြားသော Applications တွေမှာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Google Gboard
Google ဟာ အခုလိုမျိုး Smart Replies တွေကို Gmail နဲ့ Android Messages တွေမဟုတ်တဲ့ တခြား Applications မှာ အသုံးပြုနိုင်ဖို့အတွက် Google ရဲ့ Keyboard App ဖြစ်တဲ့ Gboard ကို ထည့်သွင်းထားဖို့လိုအပ်မှာဖြစ်ပြီးတော့ အခုအချိန်ကစတင်ပြီးတော့ Gboard အသုံးပြုနေတဲ့သူတွေက Smart Replies တွေကို အသုံးပြုတော့မလားဆိုပြီး မေးမြန်းမှာဖြစ်ပြီး Permission ပေးလိုက်တာနဲ့ Gboard မှာ Smart Replies တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Google Gboard Smart Replies
Google ဟာ အခု Smart Replies Feature ကို လူသုံးများတဲ့ Messaging Apps တွေဖြစ်တဲ့ Facebook Messenger ၊ WeChat ၊ Snapchat နဲ့ WhatsApp တွေမှာ အသုံးပြုလို့ရနေပြီလို့ သိရပါတယ်။
Google Gboard
အခုလိုမျိုး Smart Replies တွေရရှိလာတာက Messages ဝင်လာပြီးတော့ စာလည်း ရိုက်ဖို့အဆင်မပြေတာ၊ အချိန်မရတဲ့အချိန်မျိုးမှာ အလွန်အသုံးဝင်တဲ့ Features တစ်ခုဖြစ်ပြီး အခုလိုမျိုး Google Gboard က စတင် Support ပြုလုပ်လာတဲ့အတွက် Gboard ကိုလည်း အသုံးပြုသင့်တဲ့ အချက်တစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။
Zawyè (Akhayar) 
www.akhayar.com