
Google Gboard


Google Gboard


Google Gboard


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ ထုတ်လုပ်ထားတဲ့ Android နဲ့ iOS အတွက် Keyboard တစ်ခုဖြစ်တဲ့ Gboard ဟာ လက်ရှိအချိန်မှာ Mobile အတွက် အကောင်းဆုံးသော Keyboard တစ်ခုလို့ ပြောလို့ရပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ရဲ့ Gboard မှာ Feature အသစ်တွေကို Android Version မှာ ရရှိလာပြီပဲဖြစ်ပါတယ်။

Google Gboard

အခု Android အတွက် Gboard မှာ ရရှိလာတဲ့ Feature တွေကတော့ ကိုယ်ရိုက်လိုက်တဲ့စာတွေကို GIF အနေနဲ့ ပြောင်းလဲနိုင်တဲ့ “Make a GIF” Feature လည်း ပါဝင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်ကလိုမျိုး GIF ပုံတွေကို လိုက်ရှာနေစရာမလိုတော့ဘဲ ကိုယ်တိုင် ပြုလုပ်နိုင်တော့မှာပါ။

Google Gboard

နောက်တစ်ခုကတော့ Sticker တွေကို ရှာဖွေတဲ့နေရာမှာလည်း ဘာသာစကား ၁၅ မျိုးအထိ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။ Google ကနေ Gboard အတွက် နောက်ထပ် Support လုပ်တဲ့ ဘာသာစကားကိုလည်း ၂၈ မျိုးအထိ ထပ်ပြီးတိုးပေးခဲ့ပြီးတော့ အဆိုပါ ဘာသာစကားတွေကတော့ Bagri ၊ Batak Toba ၊ Bench ၊ Bhili ၊ Capiznon ၊ Chavacano ၊ Eastern Min ၊ Fiji Hindi ၊ Ge’ez ၊ Gurani ၊ Ingush ၊ Karachay ၊ Khorasani Turkic ၊ Kipsigis ၊ Maharashtrian Konkani ၊ Lezgian ၊ Mizo ၊ Maguindanao ၊ Malay (Brunei) ၊ Maranao ၊ Southern Min ၊ Northern Sami ၊ Qashqa’i ၊ Rinconada Bikol ၊ Surjapuri ၊ Tausug ၊ Upper Saxon နဲ့ Vasavi တွေပဲဖြစ်ပါတယ်။

Google Gboard

အခုလိုမျိုး Feature အသစ်တွေအပြင် Gboard က တဖြည်းဖြည်းနဲ့ ဘာသာစကားထောက်ပံ့မှုတွေပိုပြီး များပြားလာတဲ့အတွက် Android အတွက် Keyboard တွေထဲမှာ စမ်းသပ်သုံးစွဲကြည့်သင့်တဲ့ Keyboard တစ်ခုဖြစ်မှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com