[Zawgyi]

မိန္းမလ်ာဇာတ္ရုပ္ကို ပီျပင္စြာသရုပ္ေဆာင္နုိင္ၾကတဲ့ မင္းသားေတြ

အနုပညာရွင္တစ္ဦးအေနနဲ႔ ဘယ္လိုဇာတ္ရုပ္မ်ိဳးပဲလာလာ ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တယ္ဆိုတာ ကလည္းပညာရပ္တစ္ခုပါပဲ။ ဒီေနရာမွာ ပညာရပ္တစ္ခုဆိုတာထက္ အနုပညာပါရမီရွိသူေတြသာ စြယ္စံုလုပ္ေဆာင္တတ္ၾကတာျဖစ္ပါတယ္။ အခုလို မိန္းမလ်ာဇာတ္ရုပ္ကို ပီျပင္စြာသရုပ္ေဆာင္နိုင္တဲ့ အနုပညာရွင္အမ်ိဳးသားေတြရွိပါတယ္။ သူတို႔ေတြကေတာ့ ရန္ေအာင္ ၊ ရဲေအာင္ ၊ ေနတိုး ၊ ေဇရဲထက္ ၊ မိုးေအာင္ရင္ ၊ ခင္လိႈင္ ၊ ျမင့္ျမတ္ နဲ႔ ေအာင္ေလးတို႔႔ပဲျဖစ္ပါတယ္။

 

ရန္ေအာင္

မင္းသားႀကီးရန္ေအာင္ဟာ သရုပ္ေဆာင္ေကာင္းသေလာက္ တျခားေသာဇာတ္ရုပ္ေတြထက္ မိန္းမလ်ာဇာတ္ရုပ္ကို သရုပ္ေဆာင္ရာမွာ အေတာ္ကိုပီျပင္တဲ့ မင္းသားတစ္လက္လို႔ေတာင္ေျပာလို႔ရပါတယ္။

သူသရုပ္ေဆာင္ဖူးတဲ့ အရင္ကဇာတ္ကားေတြလည္း ရွိေပမယ့္လို႔ အခုေနာက္ပိုင္းရိုက္ထားတဲ့ဇာတ္ကားေတြထဲကဆိုရင္ ဆြဲစားမယ္ ဆိုတဲ့ ဇာတ္ကားကိုေတာ့ ပရိသတ္ေတြမွတ္မိၾကမယ္လို႔ထင္ပါတယ္။ ဒီထဲ မွာသူ႔ရဲ ႔သရုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္ ရီရတာကလည္း ေပ်ာ္ရႊင္စရာတစ္ခုပါပဲ။

 

ေနတိုး

မိန္းမလ်ာဇာတ္ရုပ္ကို ပီျပင္စြာသရုပ္ေဆာင္နိုင္သူ ေနာက္တစ္ေယာက္ကေတာ့ မင္းသားေနတိုးပါ။ မင္းသားေနတိုးဟာ သူကိုယ္တိုင္အကယ္ဒမီရခဲ့တဲ့ဇာတ္ကားျဖစ္တဲ့ တာေတႀကီး မွာ သူ႔ရဲ ႔သရုပ္ေဆာင္မႈဟာ ဆိုရင္ အပိုအလိုမရွိဘဲ ၾကည့္ေကာင္းတာကို ေတြ႕ရတယ္ဆိုတာကို ပရိသတ္ေတြလည္း သိၿပီးျဖစ္ပါတယ္။

ဒီလိုဇာတ္ရုပ္ျဖစ္တဲ့ မာမီရွိန္း မွာလည္း ေနတိုးဟာ တကယ့္ အနုပညာနဲ႔ပတ္သက္လို႔ ပါရမီရွိသူဆိုတာကို သိရွိခဲ့ၾကၿပီးျဖစ္ပါတယ္။

ေဇရဲထက္

မင္းသားေဇရဲထက္လည္း ေနာက္ပို္င္းမင္းသားေတြထဲမွာေတာ့ မိန္းမလ်ာဇာတ္ရုပ္ကို ပီျပင္စြာလုပ္ေဆာင္နိုင္သူတစ္ဦးျဖစ္ပါတယ္။ ေဇရဲထက္ ရဲ ႔သရုပ္ေဆာင္ေကာင္းမႈေၾကာင့္လည္း ဗီဒီယိုဇာတ္ကားေတြေခတ္တစ္ေခတ္မွာ မင္းသားေဇရဲထက္ရယ္လို႔နာမည္ႀကီး ေအာင္ျမင္ခဲ့တာျဖစပါတယ္။

ျမင့္ျမတ္

မင္းသားျမင့္ျမတ္ဟာလည္း စြယ္စံုရမင္းသားတစ္လက္ပါ။ သူကိုယ္တိုင္ကိုက ဘယ္လုိဇာတ္ရုပ္မ်ိဳးကိုမဆိုလုပ္ေဆာင္နုိင္သူတစ္ဦးလည္း ျဖစ္ပါတယ္။ ျမင့္ျမတ္အေျခာက္လုပ္တဲ့ ဇာတ္ကားေတြဆိုရင္ အရံလုပ္သူေတြျဖစ္တဲ့ ဌက္ေပ်ာေၾကာ္ ၊ အရိုင္း နဲ႔ ကင္းေကာင္ တို႔ေတာင္အတူတူ မိန္းမလ်ာဇာတ္ရုပ္လိုဝတ္ၿပီး သရုပ္ေဆာင္ခဲ့တဲ့ဇာတ္ကားေတြရွိိုလို႔ တစ္ခါတစ္ခါက ေအာင္ျမင္ခဲ့တဲ့ ဗီဒီယိုေစ်းကြက္ ႀကီးမွာလည္း ဒီလိုဇာတ္လမ္းမ်ိဳးေတြဟာ ဝက္ဝက္ကြဲဌားခဲ့ရတဲ့ ဇာတ္ကားေတြျဖစ္ခဲ့ပါေသးတယ္။

ခင္လိႈင္

ခင္လိႈင္ ကို မွတ္မွတ္ရရ ရုပ္ရွင္ဇာတ္ကားတစ္ခုျဖစ္တဲ့ ဂယ္ဘဲသရဲနဲ႔သူငယ္ရြာမွာ မိန္းမလ်ာဇာတ္ရုပ္နဲ႔ သရုပ္ေဆာင္ေကာင္းတယ္လို႔ေျပာရင္ ပရိသတ္ေတြျပန္မွတ္မိၾကမယ္လို႔ထင္ပါတယ္။

ဘာလို႔လည္း ဆိုေတာ့ဒီဇာတ္ကားဟာ သိပ္မၾကာခင္ လမ်ားကရံုတင္ထားတဲ့ဇာတ္ကားျဖစ္တဲ့ အတြက္ျဖစ္ပါတယ္။

 

မိုးေအာင္ရင္

မိုးေအာင္ရင္ကလည္း မိန္းမလ်ာဇာတ္ကားကိုပီျပင္ေအာင္သရုပ္ေဆာင္နုိ္င္သူ တစ္ဦးျဖစ္တယ္ဆိုတာကို သူသရုပ္ေဆာင္ထားတဲ့ ေဟာ့ေရွာ့ ရုပ္ရွင္ဇာတ္ကားေတြၾကည့္ဖူးရင္ သိၾကမွာပါ။

ဇြတ္က်ားဆိုတဲ့ ရုပ္ရွင္ဇာတ္ကားထဲမွာလည္း မိန္းမလ်ာဇာတ္ရုပ္ကို ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။

ေအာင္ေလး

မင္းသားေအာင္ေလး ကေတာ့ အခုပရိသတ္ေတြအေျပာမ်ားေနတဲ့ ရာဇဝင္ရိုင္းခဲ့သည္ ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားထဲမွာ အမ်ိဳးသားအခ်င္းခ်င္းစိတ္ဝင္စားတဲ့ သူတစ္ေယာက္အေနနဲ႔ ပီျပင္စြာသရုပ္ေဆာင္ထားတာေၾကာင့္ ပရိသတ္ရဲ ႔စိတ္ဝင္စားမႈကို ရရွိေနတာလည္း ျဖစ္ပါတယ္။ အခုခ်ိန္ထိ ဒီရုပ္ရွင္ဇာတ္ကားကို ေတာ့ရံုတင္ျပသလ်က္ရွိၿပီး မင္းသားေဇရဲထက္ ၊ ခင္ဇာျခည္ေက်ာ္ ၊ ဇင္ဇင္ေဇာ္ျမင့္ နဲ႔ ေအာင္ေလးတို႔ပါဝင္တာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Nay Toe Facebook ၊ Yan Aung Facebook ၊ ရာဇဝင္ရိုင္းခဲ့သည္ ရုပ္ရွင္ Facebook Page ၊ Ko Zay Htet Facebook ၊ Myint Myat Fan Page ၊ Khin Hlaing Facebook ၊Moe Aung Yin Facebook

www.akhayar.com
[Unicode]

မိန်းမလျာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ကြတဲ့ မင်းသားတွေ

အနုပညာရှင်တစ်ဦးအနေနဲ့ ဘယ်လိုဇာတ်ရုပ်မျိုးပဲလာလာ ပီပြင်အောင်သရုပ်ဆောင်နိုင်တယ်ဆိုတာ ကလည်းပညာရပ်တစ်ခုပါပဲ။ ဒီနေရာမှာ ပညာရပ်တစ်ခုဆိုတာထက် အနုပညာပါရမီရှိသူတွေသာ စွယ်စုံလုပ်ဆောင်တတ်ကြတာဖြစ်ပါတယ်။ အခုလို မိန်းမလျာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်အမျိုးသားတွေရှိပါတယ်။ သူတို့တွေကတော့ ရန်အောင် ၊ ရဲအောင် ၊ နေတိုး ၊ ဇေရဲထက် ၊ မိုးအောင်ရင် ၊ ခင်လှိုင် ၊ မြင့်မြတ် နဲ့ အောင်လေးတို့ပဲဖြစ်ပါတယ်။

 

ရန်အောင်

မင်းသားကြီးရန်အောင်ဟာ သရုပ်ဆောင်ကောင်းသလောက် တခြားသောဇာတ်ရုပ်တွေထက် မိန်းမလျာဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ အတော်ကိုပီပြင်တဲ့ မင်းသားတစ်လက်လို့တောင်ပြောလို့ရပါတယ်။

သူသရုပ်ဆောင်ဖူးတဲ့ အရင်ကဇာတ်ကားတွေလည်း ရှိပေမယ့်လို့ အခုနောက်ပိုင်းရိုက်ထားတဲ့ဇာတ်ကားတွေထဲကဆိုရင် ဆွဲစားမယ် ဆိုတဲ့ ဇာတ်ကားကိုတော့ ပရိသတ်တွေမှတ်မိကြမယ်လို့ထင်ပါတယ်။ ဒီထဲ မှာသူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ရီရတာကလည်း ပျော်ရွှင်စရာတစ်ခုပါပဲ။

 

နေတိုး

မိန်းမလျာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သူ နောက်တစ်ယောက်ကတော့ မင်းသားနေတိုးပါ။ မင်းသားနေတိုးဟာ သူကိုယ်တိုင်အကယ်ဒမီရခဲ့တဲ့ဇာတ်ကားဖြစ်တဲ့ တာတေကြီး မှာ သူ့ရဲ့သရုပ်ဆောင်မှုဟာ ဆိုရင် အပိုအလိုမရှိဘဲ ကြည့်ကောင်းတာကို တွေ့ရတယ်ဆိုတာကို ပရိသတ်တွေလည်း သိပြီးဖြစ်ပါတယ်။

ဒီလိုဇာတ်ရုပ်ဖြစ်တဲ့ မာမီရှိန်း မှာလည်း နေတိုးဟာ တကယ့် အနုပညာနဲ့ပတ်သက်လို့ ပါရမီရှိသူဆိုတာကို သိရှိခဲ့ကြပြီးဖြစ်ပါတယ်။

ဇေရဲထက်

မင်းသားဇေရဲထက်လည်း နောက်ပိုင်းမင်းသားတွေထဲမှာတော့ မိန်းမလျာဇာတ်ရုပ်ကို ပီပြင်စွာလုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ ဇေရဲထက် ရဲ့သရုပ်ဆောင်ကောင်းမှုကြောင့်လည်း ဗီဒီယိုဇာတ်ကားတွေခေတ်တစ်ခေတ်မှာ မင်းသားဇေရဲထက်ရယ်လို့နာမည်ကြီး အောင်မြင်ခဲ့တာဖြစပါတယ်။

မြင့်မြတ်

မင်းသားမြင့်မြတ်ဟာလည်း စွယ်စုံရမင်းသားတစ်လက်ပါ။ သူကိုယ်တိုင်ကိုက ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆိုလုပ်ဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ မြင့်မြတ်အခြောက်လုပ်တဲ့ ဇာတ်ကားတွေဆိုရင် အရံလုပ်သူတွေဖြစ်တဲ့ ဌက်ပျောကြော် ၊ အရိုင်း နဲ့ ကင်းကောင် တို့တောင်အတူတူ မိန်းမလျာဇာတ်ရုပ်လိုဝတ်ပြီး သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေရှိုလို့ တစ်ခါတစ်ခါက အောင်မြင်ခဲ့တဲ့ ဗီဒီယိုဈေးကွက် ကြီးမှာလည်း ဒီလိုဇာတ်လမ်းမျိုးတွေဟာ ဝက်ဝက်ကွဲဌားခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါသေးတယ်။

ခင်လှိုင်

ခင်လှိုင် ကို မှတ်မှတ်ရရ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ ဂယ်ဘဲသရဲနဲ့သူငယ်ရွာမှာ မိန်းမလျာဇာတ်ရုပ်နဲ့ သရုပ်ဆောင်ကောင်းတယ်လို့ပြောရင် ပရိသတ်တွေပြန်မှတ်မိကြမယ်လို့ထင်ပါတယ်။

ဘာလို့လည်း ဆိုတော့ဒီဇာတ်ကားဟာ သိပ်မကြာခင် လများကရုံတင်ထားတဲ့ဇာတ်ကားဖြစ်တဲ့ အတွက်ဖြစ်ပါတယ်။

 

မိုးအောင်ရင်

မိုးအောင်ရင်ကလည်း မိန်းမလျာဇာတ်ကားကိုပီပြင်အောင်သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်တယ်ဆိုတာကို သူသရုပ်ဆောင်ထားတဲ့ ဟော့ရှော့ ရုပ်ရှင်ဇာတ်ကားတွေကြည့်ဖူးရင် သိကြမှာပါ။

ဇွတ်ကျားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း မိန်းမလျာဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အောင်လေး

မင်းသားအောင်လေး ကတော့ အခုပရိသတ်တွေအပြောများနေတဲ့ ရာဇဝင်ရိုင်းခဲ့သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ အမျိုးသားအချင်းချင်းစိတ်ဝင်စားတဲ့ သူတစ်ယောက်အနေနဲ့ ပီပြင်စွာသရုပ်ဆောင်ထားတာကြောင့် ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ အခုချိန်ထိ ဒီရုပ်ရှင်ဇာတ်ကားကို တော့ရုံတင်ပြသလျက်ရှိပြီး မင်းသားဇေရဲထက် ၊ ခင်ဇာခြည်ကျော် ၊ ဇင်ဇင်ဇော်မြင့် နဲ့ အောင်လေးတို့ပါဝင်တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Nay Toe Facebook ၊ Yan Aung Facebook ၊ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင် Facebook Page ၊ Ko Zay Htet Facebook ၊ Myint Myat Fan Page ၊ Khin Hlaing Facebook ၊Moe Aung Yin Facebook

www.akhayar.com