[Zawgyi]

ကိုယ့္ကိုယ္ကိုယ္ Gay ပါလို႔ ဖြင့္ဟဝန္ခံခဲ့ၾကတဲ့ ကမာၻေက်ာ္အနုပညာရွင္မ်ား

၂၀၀၀ ျပည့္ႏွစ္ေလာက္မွာ Gay နဲ႔ Lesbian လို LGBT အသုိင္းအဝုိင္းကို ေထာက္ခံအားေပးမႈေတြ ပိုမိုရရွိလာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အရင္က Gay ေတြဟာ ဘယ္လိုပဲ ဇြတ္က်ားက်ား အခုအခါမွာေတာ့ လူေတြရဲ႕ ေထာက္ခံမႈေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ Gay အျဖစ္ အမ်ားျပည္သူသိ Come Out လုပ္လာၾကတဲ့ သူေတြ ပိုမ်ားလာခဲ့ပါတယ္။ ဒီလူေတြထဲက နာမည္ေက်ာ္ေတြကေတာာ့

Kevin Michael McHale

Kevin McHale

Kevin McHale

Glee ၾကယ္ပြင့္ အေမရိကန္ႏုိင္ငံသား အသက္ ၂၉နွစ္ရွိျပီျဖစ္တဲ့ Kevin McHale ကိုေတာ့ သိျပီးသား ျဖစ္မွာပါ။ Ariana Grande ရဲ႕ သီခ်င္းကိုနားေထာင္ျပီးေနာက္ပိုင္းမွာ Twitter မွာ Gay အျဖစ္ ၂၀၁၈ ခုႏွစ္က ဖြင့္ဟဝန္ခံခဲ့ပါတယ္။

Kevin Spacey

Kevin Spacey

Kevin Spacey

သရုပ္ေဆာင္ Anthony Rapp ကို ငယ္ငယ္တုန္းက လိင္ပုိင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေတြ လုပ္တယ္ဆုိျပီး စြပ္စြဲခံရတဲ့အခ်ိန္ ေအာက္တိုဘာလ ၂၀၁၇ မွာ မင္းသားၾကီး Kevin Spacey တစ္ေယာက္ သူ႔ကိုယ္သူ Gay အျဖစ္ ဖြင့္ဟဝန္ခံခဲ့ပါတယ္။ သူဟာ The Usual Suspects (1995) ဇာတ္ကားမွာ အကယ္ဒမီဇာတ္ပုိ႔ဆု ရရွိခဲ့ပါတယ္။။ သူဟာ ရုပ္ရွင္သမိုင္းတေလွ်ာက္ အေကာင္းဆံုးအမ်ိဳးသား သရုပ္ေဆာင္ အေယာက္ ၂၀ မွာလည္း သူပါဝင္ပါတယ္။

Tim Cook

Tim Cook

Tim Cook

နည္းပညာသမို္င္းမွာေတာ့ Apple ရဲ႕ CEO တစ္ေယာက္အေနနဲ႔ Gay တစ္ေယာက္ပါလို႔႔ ဖြင့္ခ်ခဲ့တာဟာ ၾကီးမားတဲ့ သတင္းတစ္ပုဒ္ပါပဲ။ Apple ရဲ႕ CEO ျဖစ္တဲ့ Tim Cook ဟာ သူဟာ Gay ျဖစ္တယ္ဆုိတဲ့ အေၾကာင္းကို ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ ေဖာ္ျပခဲ့တာပါ။

Jodie Foster

Jodie Foster

Jodie Foster

အေမရိကန္လူမ်ိဳး သရုပ္ေဆာင္ ဒါရိုက္တာ Jodie Foster ကေတာ့ ၂၀၁၃ ခုႏွစ္ ေရႊကမာၻလံုးဆု ကို လက္ခံရယူတဲ့အခ်ိန္ ၂၀၁၃ ခုႏွစ္မွာ Come Out လုပ္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ ၂၀၁၄ ခုႏွစ္မွာ သူ႔ရဲ႕ရည္းစား Alexandra Hedison ဆိုတဲ့ ဓာတ္ပံုဆရာ အမ်ိဳးသမီးတစ္ေယာက္နဲ႔ လက္ထပ္ခဲ့ပါတယ္။

Lance Bass

Lance Bass

Lance Bass

ကေလးဘဝတုန္းက ၾကိဳက္ခဲ့ရတဲ့ Boy Band N Sync ရဲ႕ အဆိုေတာ္ Lance Bass ဟာလည္း Gay ပါပဲ။ သူ Come Out လုပ္ခဲ့တာေတာ့ ၂၀၀၆ ခုႏွစ္မွာ ျဖစ္ျပီး “ဒါကို ရွက္စရာလို႔ မထင္သလို မွားယြင္းေနတယ္လည္း မထင္ပါဘူး၊၊ ကၽြန္ေတာ္ေပ်ာ္ရႊင္ပါတယ္” လို႔ People မဂၢဇင္းကို ေျဖၾကားခဲ့ပါတယ္။

Chris Colfer

Chris Colfer

Chris Colfer

Glee ၾကယ္ပြင့္ Chris Colfer ကေတာ့ ၂၀၀၉ ခုႏွစ္ Glee မွာ ပါဝင္ သရုပ္ေဆာင္တည္းက Gay ပါလုိ႔ ဝန္ခံထားသူပါ။ သူဟာ အေကာင္းဆုံး လူငယ္စာေရးဆရာစာရင္းထဲမွာလည္း ပါဝင္သူျဖစ္ပါတယ္။

Ricky Martin

Ricky Martin

Ricky Martin

၁၉၉၈ ခုႏွစ္ ကမာၻ႔ဖလားေဘာလံုးပြဲသီခ်င္းျဖစ္တဲ့ ‘The Cup of Life’ ကို သီဆုိခဲ့တဲ့ နာမည္ၾကီး လက္တင္အဆုိေတာ္ Ricky Martin ကေတာ့့ သူ Gay ျဖစ္ေၾကာင္းကို၂၀၁၀ ခုႏွစ္တည္းက ဝန္ခံခဲ့သူပါ။ အဲဒီအခ်ိန္တည္းက Gay အခြင့္အေရးနဲ႔ လိင္တူလက္ထပ္ခြင့္အတြက္ ေထာက္ခံသူတစ္ေယာက္အျဖစ္လည္း ရပ္တည္ခဲ့ပါတယ္။

Wentworth Miller

Wentworth Miller

Wentworth Miller

Prison Break ရဲ႕ မင္းသား Wentworth Miller တစ္ေယာက္ Gay အျဖစ္ဝန္ခံလိုက္လို႔ ေကာင္မေလးေတြ အသည္းကြဲၾကတာ မွတ္မိဦးမွာပါ။ သူဟာ Gay ဆန္႔က်င္ေရးဥပေဒေတြ ထုတ္ထားတဲ့ ရုရွားႏုိင္ငံကို သြားေရာက္ဖို႔ ျငင္းပယ္တဲ့စာကို ထုတ္ျပန္လိုက္ျခင္းနဲ႔ ၂၀၁၃ ခုႏွစ္မွာ Come Out လုပ္ခဲ့တာ ျဖစ္ပါတယ္။

Rosie O’ Donnell

Rosie O'Donnell

Rosie O’Donnell

Rosie O’ Donnell ဟာလည္း သူ႔ကုိယ္သူ လိင္တူစိတ္ဝင္စားသူအျဖစ္ ၂၀၀၂ ခုႏွစ္မွာ Come Out လုပ္ခဲ့ပါတယ္။ သူဟာ ၁၉၉၆ ခုႏွစ္ကေန ၂၀၀၂ ခုႏွစ္အထိ Rosie O’ Donnell Show ကို စီစဥ္တင္ဆက္ခဲ့ျပီး Emmy Awards ဆုကိုလည္း ရရွိခဲ့သူပါ။ သူဟာလည္း Gay အခြင့္အေရးနဲ႔ လိင္တူခ်င္းလက္ထပ္ခြင့္ကို ေထာက္ခံသူျဖစ္ျပီး အခုဆိုရင္ အမ်ိဳးသမီးႏွစ္ေယာက္နဲ႔ အိမ္ေထာင္ႏွစ္ဆက္ေတာင္ ျပဳခဲ့ဖူးပါျပီ။

Adam Lambert

Adam Lambert

Adam Lambert

‘American Idol’ ျပိဳင္ပြဲဝင္ Adam Lambert ဟာ သူ႔ကိုယ္သူ Gay တစ္ေယာက္ျဖစ္ေၾကာင္း ၂၀၀၉ ခုႏွစ္ Rolling Stone နဲ႔ အင္တာဗ်ဴးမွာ ဖြင့္ခ်ျပခဲ့ပါတယ္။  သူဟာ Gay အသုိက္အဝန္းရဲ႕ စံျပပုဂၢိဳလ္လည္း ျဖစ္ခဲ့ျပီး သူ႔ရဲ႕ ျဖစ္တည္မႈကို ရွက္မေနဘဲ ရဲရဲခ်ျပခဲ့လို႔ ဒီလို သတ္မွတ္ၾကတာလည္း ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.ranker.com
[Unicode]

ကိုယ့်ကိုယ်ကိုယ် Gay ပါလို့ ဖွင့်ဟဝန်ခံခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ

၂၀၀၀ ပြည့်နှစ်လောက်မှာ Gay နဲ့ Lesbian လို LGBT အသိုင်းအဝိုင်းကို ထောက်ခံအားပေးမှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ ဒါကြောင့်ပဲ အရင်က Gay တွေဟာ ဘယ်လိုပဲ ဇွတ်ကျားကျား အခုအခါမှာတော့ လူတွေရဲ့ ထောက်ခံမှုကြောင့် ကိုယ့်ကိုယ်ကိုယ် Gay အဖြစ် အများပြည်သူသိ Come Out လုပ်လာကြတဲ့ သူတွေ ပိုများလာခဲ့ပါတယ်။ ဒီလူတွေထဲက နာမည်ကျော်တွေကတောာ့

Kevin Michael McHale

Kevin McHale

Kevin McHale

Glee ကြယ်ပွင့် အမေရိကန်နိုင်ငံသား အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Kevin McHale ကိုတော့ သိပြီးသား ဖြစ်မှာပါ။ Ariana Grande ရဲ့ သီချင်းကိုနားထောင်ပြီးနောက်ပိုင်းမှာ Twitter မှာ Gay အဖြစ် ၂၀၁၈ ခုနှစ်က ဖွင့်ဟဝန်ခံခဲ့ပါတယ်။

Kevin Spacey

Kevin Spacey

Kevin Spacey

သရုပ်ဆောင် Anthony Rapp ကို ငယ်ငယ်တုန်းက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ လုပ်တယ်ဆိုပြီး စွပ်စွဲခံရတဲ့အချိန် အောက်တိုဘာလ ၂၀၁၇ မှာ မင်းသားကြီး Kevin Spacey တစ်ယောက် သူ့ကိုယ်သူ Gay အဖြစ် ဖွင့်ဟဝန်ခံခဲ့ပါတယ်။ သူဟာ The Usual Suspects (1995) ဇာတ်ကားမှာ အကယ်ဒမီဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။။ သူဟာ ရုပ်ရှင်သမိုင်းတလျှောက် အကောင်းဆုံးအမျိုးသား သရုပ်ဆောင် အယောက် ၂၀ မှာလည်း သူပါဝင်ပါတယ်။

Tim Cook

Tim Cook

Tim Cook

နည်းပညာသမိုင်းမှာတော့ Apple ရဲ့ CEO တစ်ယောက်အနေနဲ့ Gay တစ်ယောက်ပါလို့ ဖွင့်ချခဲ့တာဟာ ကြီးမားတဲ့ သတင်းတစ်ပုဒ်ပါပဲ။ Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ဟာ သူဟာ Gay ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

Jodie Foster

Jodie Foster

Jodie Foster

အမေရိကန်လူမျိုး သရုပ်ဆောင် ဒါရိုက်တာ Jodie Foster ကတော့ ၂၀၁၃ ခုနှစ် ရွှေကမ္ဘာလုံးဆု ကို လက်ခံရယူတဲ့အချိန် ၂၀၁၃ ခုနှစ်မှာ Come Out လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ သူ့ရဲ့ရည်းစား Alexandra Hedison ဆိုတဲ့ ဓာတ်ပုံဆရာ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။

Lance Bass

Lance Bass

Lance Bass

ကလေးဘဝတုန်းက ကြိုက်ခဲ့ရတဲ့ Boy Band N Sync ရဲ့ အဆိုတော် Lance Bass ဟာလည်း Gay ပါပဲ။ သူ Come Out လုပ်ခဲ့တာတော့ ၂၀၀၆ ခုနှစ်မှာ ဖြစ်ပြီး “ဒါကို ရှက်စရာလို့ မထင်သလို မှားယွင်းနေတယ်လည်း မထင်ပါဘူး၊၊ ကျွန်တော်ပျော်ရွှင်ပါတယ်” လို့ People မဂ္ဂဇင်းကို ဖြေကြားခဲ့ပါတယ်။

Chris Colfer

Chris Colfer

Chris Colfer

Glee ကြယ်ပွင့် Chris Colfer ကတော့ ၂၀၀၉ ခုနှစ် Glee မှာ ပါဝင် သရုပ်ဆောင်တည်းက Gay ပါလို့ ဝန်ခံထားသူပါ။ သူဟာ အကောင်းဆုံး လူငယ်စာရေးဆရာစာရင်းထဲမှာလည်း ပါဝင်သူဖြစ်ပါတယ်။

Ricky Martin

Ricky Martin

Ricky Martin

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲသီချင်းဖြစ်တဲ့ ‘The Cup of Life’ ကို သီဆိုခဲ့တဲ့ နာမည်ကြီး လက်တင်အဆိုတော် Ricky Martin ကတော့ သူ Gay ဖြစ်ကြောင်းကို၂၀၁၀ ခုနှစ်တည်းက ဝန်ခံခဲ့သူပါ။ အဲဒီအချိန်တည်းက Gay အခွင့်အရေးနဲ့ လိင်တူလက်ထပ်ခွင့်အတွက် ထောက်ခံသူတစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။

Wentworth Miller

Wentworth Miller

Wentworth Miller

Prison Break ရဲ့ မင်းသား Wentworth Miller တစ်ယောက် Gay အဖြစ်ဝန်ခံလိုက်လို့ ကောင်မလေးတွေ အသည်းကွဲကြတာ မှတ်မိဦးမှာပါ။ သူဟာ Gay ဆန့်ကျင်ရေးဥပဒေတွေ ထုတ်ထားတဲ့ ရုရှားနိုင်ငံကို သွားရောက်ဖို့ ငြင်းပယ်တဲ့စာကို ထုတ်ပြန်လိုက်ခြင်းနဲ့ ၂၀၁၃ ခုနှစ်မှာ Come Out လုပ်ခဲ့တာ ဖြစ်ပါတယ်။

Rosie O’ Donnell

Rosie O'Donnell

Rosie O’Donnell

Rosie O’ Donnell ဟာလည်း သူ့ကိုယ်သူ လိင်တူစိတ်ဝင်စားသူအဖြစ် ၂၀၀၂ ခုနှစ်မှာ Come Out လုပ်ခဲ့ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ Rosie O’ Donnell Show ကို စီစဉ်တင်ဆက်ခဲ့ပြီး Emmy Awards ဆုကိုလည်း ရရှိခဲ့သူပါ။ သူဟာလည်း Gay အခွင့်အရေးနဲ့ လိင်တူချင်းလက်ထပ်ခွင့်ကို ထောက်ခံသူဖြစ်ပြီး အခုဆိုရင် အမျိုးသမီးနှစ်ယောက်နဲ့ အိမ်ထောင်နှစ်ဆက်တောင် ပြုခဲ့ဖူးပါပြီ။

Adam Lambert

Adam Lambert

Adam Lambert

‘American Idol’ ပြိုင်ပွဲဝင် Adam Lambert ဟာ သူ့ကိုယ်သူ Gay တစ်ယောက်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် Rolling Stone နဲ့ အင်တာဗျူးမှာ ဖွင့်ချပြခဲ့ပါတယ်။  သူဟာ Gay အသိုက်အဝန်းရဲ့ စံပြပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ပြီး သူ့ရဲ့ ဖြစ်တည်မှုကို ရှက်မနေဘဲ ရဲရဲချပြခဲ့လို့ ဒီလို သတ်မှတ်ကြတာလည်း ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.ranker.com