[Zawgyi]






REF:Metro
Photo: Mirror
Naing Linn (Akhayar)
www.akhayar.com

 

[Unicode]

မော်ရင်ဟို ဒါမှမဟုတ် မန်ယူကစားသမားအများစု အသင်းက ထွက်သင့်နေပြီလို့ ဂယ်ရီနဗီးလ် ဝေဖန်

မန်ယူအသင်းရဲ့နာမည်ကျော် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် Gary Neville က မန်ယူအသင်းမှာ နည်းပြ မော်ရင်ဟို Mourinho ဒါမှမဟုတ် ကစားသမား အများစုဟာ အသင်းက ထွက်သင့်နေပြီဆိုပြီး ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ တဲ့ပွဲအပြီးမှာ ဒေါသတကြီးဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ကစားခဲ့တဲ့ ဘရိုက်တန်-မန်ယူပွဲမှာ ဘရိုက်တန်အသင်းက ပါစကယ်ဂရော့စ် Pascal Gross ရဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ မန်ယူကို (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ခွင့်ရရှိခဲ့တယ်။ မန်ယူအသင်းဟာ ဘရိုက်တန်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်သလို မှတ်တမ်းဆိုးတစ်ခုကိုလည်း ဆယ်စုနှစ်(၃)စုကျော်အကြာမှာ ပြန်လည် ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီမှတ်တမ်းဆိုးကတော့ ၁၉၈၉-၉၀ နောက်ပိုင်း တစ်ရာသီအတွင်းမှာ တန်းတက် (၃)သင်းစလုံးကို အဝေးကွင်း (၃)ပွဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းပါပဲ။

Pascal-Gross-scores-for-Brighton

Pascal-Gross-scores-for-Brighton

မန်ယူအသင်းဟာ ဒီရာသီမှာ တန်းတက်(၃)သင်းဖြစ်တဲ့ ဟတ်ဒါဖီးလ်(၂-၁)၊ နယူးကာဆယ်(၁-ဝ)တို့ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး အခု ဘရိုက်တန်ကိုလည်း အဝေးကွင်းမှာ(၁-ဝ)ဂိုးနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းရဲ့ Performance ကို ဂယ်ရီနဗီးလ်က အားမလိုအားမရဖြစ်နေပြီး ဘရိုက်တန်နဲ့ပွဲအပြီးမှာ ဒေါသတကြီးဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က “မော်ရင်ဟိုအနေနဲ့ မန်ယူကစားသ မား တချို့ကို ဒီပွဲမှာ နောက်ဆုံးအခွင့်အရေးပေးခဲ့တာလို့ပဲ ကျွန်တော် မြင်ပါတယ်။ တချို့ကစားသမားတွေ အပေါ် ထားခဲ့တဲ့ ယုံကြည်မှုက ကုန်ဆုံးသွားပါပြီ။ ဒီပွဲက ခြေစွမ်းမျိုးကို ဝေဖန်ဖို့အတွက် စကားလုံး မရှိတော့ပါဘူး။ ပါဘူး။ ကျွန်တော့်ကတော့ စိတ်ပျက်စရာ၊ ဆိုးရွားစရာ (Woeful and Awful)ကောင်းတယ်လို့ပဲ ပြောချင်တာ့တာပါပဲ။ နည်းပြတစ်ယောက်ဟာ ကိုယ့်အသင်းက ကစားသမားတွေကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ညွှန်ပြနိုင်ခြင်းမရှိရင် အဲဒီနည်းပြ ဒါမှမဟုတ် ကစားသမားတွေဟာ အသင်းနဲ့ လမ်းခွဲ သင့်နေပြီလို့ ဆိုရမှာပါ။ အခုအချိန်မှာ မန်ယူအသင်းက မော်ရင်ဟိုကို အဆုံးအရှုံးခံမယ့်ပုံမရှိတာကြောင့် မော်ရင်ဟိုအနေနဲ့ ကစားသမားတွေကို ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ရမှာဖြစ်ပါတယ်”လို့ ဝေဖန် ပြစ်တင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့တစ်ပတ်က အာဆင်နယ်နဲ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပါပြီ။

REF:Metro
Photo: Mirror
Naing Linn (Akhayar)
www.akhayar.com