[Zawgyi]

လီဗာပူးလ္အသင္းရဲ႕ ဂ်ာစီကို ဝတ္ဆင္ခဲ့ရတဲ့ ဂယ္ရီနဗီးလ္ Gary Neville

မန္ယူအသင္းရဲ႕ ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္ Gary Neville ဟာ Sky Sports ရဲ႕ အစီအစဥ္တစ္ခုမွာ လီဗာပူလ္းအသင္းရဲ႕ ဂ်ာစီကို ဝတ္ဆင္ခဲ့ရပါတယ္။ Sky Sports ရဲ႕ ရုပ္သံတင္ဆက္သူေတြအျဖစ္ ေဆာင္ရြက္ေနတဲ့ မန္ယူေနာက္ခံလူ ဂယ္ရီနဗီးလ္ Gary Neville နဲ႔ လီဗာပူးလ္ေနာက္ခံလူ ကာေရဂါ Carragher တို႔ဟာ ရုပ္သံအစီအစဥ္တစ္ခုျဖစ္တဲ့ ‘Premier League Launch Show’ မွာ တစ္ေယာက္ တစ္လွည့္စီ ပယ္နယ္တီကန္သြင္းခဲ့ရၿပီး ကာေရဂါ Carragher ရဲ႕ ကန္သြင္းမႈက ဂိုးဝင္ခဲ့ၿပီး ဂယ္ရီနဗီးလ္ Gary Neville ရဲ႕ ကန္သြင္းမႈက လြဲေခ်ာ္ခဲ့လို႔ ဝတ္ဆင္ခဲ့ရတာပါ။ ဒီအစီအစဥ္ရဲ႕ ေလာင္းေၾကးက အႏိုင္ရရွိတဲ့သူရဲ႕ ေစခိုင္းမႈကို ရံႈးနိမ့္တဲ့သူ ျပဳလုပ္ေပးရမွာျဖစ္လို႔ ကာေရဂါ Carragher က နဗီးလ္ Neville ကို လီဗာပူးလ္ကစားသမားသစ္ ရွာကီရီ Shaqiri ရဲ႕ နာမည္နဲ႔ ေက်ာနံပါတ္ (၂၃)ပါ ဂ်ာစီကို ဝတ္ဆင္ခိုင္းခဲ့တာပါ။

Carragher-turned-to-the-camera-and-said

Carragher-turned-to-the-camera-and-said

နဗီးလ္ Neville ဟာ လီဗာပူးလ္အသင္း ရွာကီရီ Shaqiri ကို ေခၚယူခဲ့စဥ္က လီဗာပူးလ္အသင္းနဲ႔ ကစားသမားသစ္တို႔ကုိ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ တန္းဆင္းခဲ့တဲ့ စတုတ္စီးတီးအသင္းကို ရွာကီရီ Shaqiri စြန္႔ခြာခဲ့တဲ့အေပၚ ပေရာ္ဖက္ရွင္နယ္မပီသတဲ့ ကစားသမားတစ္ဦးလို႔ နဗီးလ္ Neville က ေဝဖန္ခဲ့တာပါ။ နဗီးလ္ Neville ရဲ႕ ကန္သြင္းမႈကို ခႏၶာကိုယ္နဲ႔ ကာကြယ္ႏိုင္ခဲ့သလို သူ႔ရဲ႕ ကန္သြင္းခ်က္ကို ဂိုးအျဖစ္ ေျပာင္းလဲၿပီးတဲ့ေနာက္ ကာေရဂါ Carragher က ကင္မရာဘက္ကို လွည့္ကာ”မင္းအတြက္ အေကာင္းဆံုးျဖစ္ေစမယ့္ လီဗာပူးလ္ဂ်ာစီကို ဝယ္လာတယ္၊ ေက်ာနံပါတ္ (၂၃)က အရင္က ငါ့နံပါတ္ေပါ့၊ အခု မင္းဝတ္ရမယ့္ ေက်ာနံပါတ္ (၂၃)က ရွာကီရီ Shaqiri ရဲ႕ ဂ်ာစီျဖစ္သြားၿပီ၊ မင္းဘာလို႔ ရွာကီရီ Shaqiri ကို မုန္းလဲဆိုတာ ငါမသိဘူး၊ သူ႔ကို မင္းျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တယ္မလား”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Carragher-save-of-Gary-Neville-kick-with-his-body

Carragher-save-of-Gary-Neville-kick-with-his-body

ကာေရဂါ Carragher ရဲ႕ ေျပာၾကားမႈအေပၚ နဗီးလ္ Neville က “ရွာကီရီ Shaqiri ကို ငါႀကိဳက္ပါတယ္၊ စတုတ္နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးေျပာၾကားခဲ့တာပဲရွိတယ္၊ ငါသူ႔ကို ႀကိဳက္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ နဗီးလ္ Neville ရဲ႕ တုန္႔ျပန္မႈကို ကာေရဂါ Carragher က ျပန္လည္ေခ်ပခဲ့ၿပီး အက်ႌအေပၚမွာ လက္မွတ္ေရးထိုးခိုင္းကာ အမွတ္တရလက္ေဆာင္အျဖစ္ ရွာကီရီ Shaqiri ထံေပးပို႔ခဲ့ေၾကာင္း သိရပါတယ္။

REF:Daily Mail
Photo:Daily Mail, joe.ie
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

လီဗာပူးလ်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့ရတဲ့ ဂယ်ရီနဗီးလ် Gary Neville

မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် Gary Neville ဟာ Sky Sports ရဲ့ အစီအစဉ်တစ်ခုမှာ လီဗာပူလ်းအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့ရပါတယ်။ Sky Sports ရဲ့ ရုပ်သံတင်ဆက်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူနောက်ခံလူ ဂယ်ရီနဗီးလ် Gary Neville နဲ့ လီဗာပူးလ်နောက်ခံလူ ကာရေဂါ Carragher တို့ဟာ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ ‘Premier League Launch Show’ မှာ တစ်ယောက် တစ်လှည့်စီ ပယ်နယ်တီကန်သွင်းခဲ့ရပြီး ကာရေဂါ Carragher ရဲ့ ကန်သွင်းမှုက ဂိုးဝင်ခဲ့ပြီး ဂယ်ရီနဗီးလ် Gary Neville ရဲ့ ကန်သွင်းမှုက လွဲချော်ခဲ့လို့ ဝတ်ဆင်ခဲ့ရတာပါ။ ဒီအစီအစဉ်ရဲ့ လောင်းကြေးက အနိုင်ရရှိတဲ့သူရဲ့ စေခိုင်းမှုကို ရှုံးနိမ့်တဲ့သူ ပြုလုပ်ပေးရမှာဖြစ်လို့ ကာရေဂါ Carragher က နဗီးလ် Neville ကို လီဗာပူးလ်ကစားသမားသစ် ရှာကီရီ Shaqiri ရဲ့ နာမည်နဲ့ ကျောနံပါတ် (၂၃)ပါ ဂျာစီကို ဝတ်ဆင်ခိုင်းခဲ့တာပါ။

Carragher-turned-to-the-camera-and-said

Carragher-turned-to-the-camera-and-said

နဗီးလ် Neville ဟာ လီဗာပူးလ်အသင်း ရှာကီရီ Shaqiri ကို ခေါ်ယူခဲ့စဉ်က လီဗာပူးလ်အသင်းနဲ့ ကစားသမားသစ်တို့ကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တန်းဆင်းခဲ့တဲ့ စတုတ်စီးတီးအသင်းကို ရှာကီရီ Shaqiri စွန့်ခွာခဲ့တဲ့အပေါ် ပရော်ဖက်ရှင်နယ်မပီသတဲ့ ကစားသမားတစ်ဦးလို့ နဗီးလ် Neville က ဝေဖန်ခဲ့တာပါ။ နဗီးလ် Neville ရဲ့ ကန်သွင်းမှုကို ခန္ဓာကိုယ်နဲ့ ကာကွယ်နိုင်ခဲ့သလို သူ့ရဲ့ ကန်သွင်းချက်ကို ဂိုးအဖြစ် ပြောင်းလဲပြီးတဲ့နောက် ကာရေဂါ Carragher က ကင်မရာဘက်ကို လှည့်ကာ”မင်းအတွက် အကောင်းဆုံးဖြစ်စေမယ့် လီဗာပူးလ်ဂျာစီကို ဝယ်လာတယ်၊ ကျောနံပါတ် (၂၃)က အရင်က ငါ့နံပါတ်ပေါ့၊ အခု မင်းဝတ်ရမယ့် ကျောနံပါတ် (၂၃)က ရှာကီရီ Shaqiri ရဲ့ ဂျာစီဖြစ်သွားပြီ၊ မင်းဘာလို့ ရှာကီရီ Shaqiri ကို မုန်းလဲဆိုတာ ငါမသိဘူး၊ သူ့ကို မင်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်မလား”လို့ ပြောကြားခဲ့ပါတယ်။

Carragher-save-of-Gary-Neville-kick-with-his-body

Carragher-save-of-Gary-Neville-kick-with-his-body

ကာရေဂါ Carragher ရဲ့ ပြောကြားမှုအပေါ် နဗီးလ် Neville က “ရှာကီရီ Shaqiri ကို ငါကြိုက်ပါတယ်၊ စတုတ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပြောကြားခဲ့တာပဲရှိတယ်၊ ငါသူ့ကို ကြိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ နဗီးလ် Neville ရဲ့ တုန့်ပြန်မှုကို ကာရေဂါ Carragher က ပြန်လည်ချေပခဲ့ပြီး အင်္ကျီအပေါ်မှာ လက်မှတ်ရေးထိုးခိုင်းကာ အမှတ်တရလက်ဆောင်အဖြစ် ရှာကီရီ Shaqiri ထံပေးပို့ခဲ့ကြောင်း သိရပါတယ်။

REF:Daily Mail
Photo:Daily Mail, joe.ie
Aung Kyaw Wai (Akhayar)
www.akhayar.com