This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပဲြအထိ အဂၤလန္ကုိ ဆက္လက္ကုိင္တြယ္သြားဖုိ႔ ရွိေနတဲ့ ေဆာက္ဂိတ္ Southgate

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ Southgate ဟာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ကမ္းလွမ္းမႈကုိ ျငင္းဆန္ၿပီး အဂၤလန္အသင္းကုိ ၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပဲြအထိ ဆက္လက္ကုိင္တြယ္သြားဖုိ႔ ဆႏၵရွိေနပါတယ္။ ေဆာက္ဂိတ္ဟာ အခု ကမၻာ႔ဖလားမွာ အဂၤလန္အသင္းနဲ႔အတူ ရလဒ္ေကာင္းေတြ ရယူေနသူျဖစ္ၿပီး သူ႔ရဲ႕ အဂၤလန္အသင္းကလည္း ဆီမီးဖုိင္နယ္အထိ တက္ေရာက္ေနၿပီျဖစ္ပါတယ္။ အသက္(၄၇)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းကုိ ၂၀၁၆ ခုႏွစ္က စတင္ကုိင္တြယ္ခဲ့ၿပီး သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက (၂)ႏွစ္က်န္ရွိေနပါေသးတယ္။

Southgate-Celebrate

Southgate-Celebrate

တကယ္လုိ႔ ေဆာက္ဂိတ္သာ အဂၤလန္အသင္းကုိ ယူ႐ုိ-၂၀၂၀ ေျခစစ္ပဲြေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့မယ္ဆုိရင္ အဂၤလန္ေဘာလုံးအဖဲြ႕ခ်ဳပ္(FA)က စာခ်ဳပ္သက္တမ္းတိုးသြားဖုိ႔ရွိေနပါၿပီ။ နည္းျပဘ၀မွာ မစ္ဒယ္ဘေရာ့အသင္းကုိ ၂၀၀၆ ကေန ၂၀၀၉ ခုႏွစ္အထိ ကုိင္တြယ္ခဲ့ဖူးတဲ့ ေဆာက္ဂိတ္ကုိ ပရီးမီးယားလိဂ္ကလပ္အသငး္တခ်ဳိ႕က စိတ္၀င္စားေနေပမယ့္ သူကေတာ့ အဂၤလန္အသင္းကုိပဲ ဆက္လက္ကုိင္တြယ္ဖုိ႔ ဆႏၵရွိေနတာပါ။

REF:The Sun
Photo:Unilad,New Indian Express
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အင်္ဂလန်ကို ဆက်လက်ကိုင်တွယ်သွားဖို့ ရှိနေတဲ့ ဆောက်ဂိတ် Southgate

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် Southgate ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဆောက်ဂိတ်ဟာ အခု ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ ရလဒ်ကောင်းတွေ ရယူနေသူဖြစ်ပြီး သူ့ရဲ့ အင်္ဂလန်အသင်းကလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နေပြီဖြစ်ပါတယ်။ အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့စာချုပ်သက်တမ်းက (၂)နှစ်ကျန်ရှိနေပါသေးတယ်။

Southgate-Celebrate

Southgate-Celebrate

တကယ်လို့ ဆောက်ဂိတ်သာ အင်္ဂလန်အသင်းကို ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စာချုပ်သက်တမ်းတိုးသွားဖို့ရှိနေပါပြီ။ နည်းပြဘဝမှာ မစ်ဒယ်ဘရော့အသင်းကို ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးတဲ့ ဆောက်ဂိတ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတချို့က စိတ်ဝင်စားနေပေမယ့် သူကတော့ အင်္ဂလန်အသင်းကိုပဲ ဆက်လက်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာပါ။

REF:The Sun
Photo:Unilad,New Indian Express
Naing Linn(Akhayar)
www.akhayar.com