လက်ရှိအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အနာဂတ်လှုပ်ခတ်နေတဲ့ ဘေးလ် Gareth Bale ဟာ ရီးယဲလ်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ ဘေးလ် ဟာ သိပ်မကြာခင် အတောအတွင်းက တရုတ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးမှာရှိခဲ့ပေမယ့် အပြောင်းအရွှေု့ဖြစ်ခါနီးမှာ ပျက်ပြယ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းမှာ ဘေးလ် ရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေသေးတာကြောင့် စောင့်ကြည့်ရမယ့် အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုအသင်းနဲ့ လာလီဂါအဖွင့်ပွဲမှာတော့ ဘေးလ် ဟာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို ဘန်ဇီမာ Benzema ဂိုးသွင်းနိုင်အောင်လည်း ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ရီးယဲလ်နည်းပြဇီဒန်း Zidane က ဘေးလ် အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဇီဒန်း က ” ဘေးလ် အသင်းမှာပဲ ဆက်ရှိနေမှာပါ။ ပြီးတော့ ဒါက ကျွန်တော်တို့ အားလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာလို့ ထင်ပါတယ်။ ဟာဇက် Hazard ရဲ့ ဒဏ်ရာပြဿနာကတော့ ကျွန်တော်တို့ အတွက် ကံဆိုးတာပါပဲ။ ဒါပေမယ့် အစီအစဉ်က မပြောင်းသွားပါဘူး။ ဒီပွဲအတွက် ကျွန်တော်တို့မှာ ဘေးလ်ရှိပါတယ်။ ဘေးလ် နဲ့ တခြားကစားသမားတွေက လေးစားမှုနဲ့ ထိုက်တန်ကြောင်းကို ရီးယဲလ်ဂျာစီနဲ့ ပြသခဲ့ကြပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC Sports
Photo: Bale Twitter
Ko Kyue(Akhayar)
www.akhayar.com