[Zawgyi]

Ballon d’Or ဆု ပဏာမ (၃၀)ဦးစာရင္းထဲက (၅)ဦးကုိ ျပင္သစ္ေဘာလုံးမဂၢဇင္းက ထုတ္ျပန္လုိက္ၿပီ

နာမည္ႀကီး ျပင္သစ္ေဘာလုံးမဂၢဇင္း (France Football Magazine)ဟာ ၂၀၁၈ ခုႏွစ္ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆု (Ballon d’Or)အတြက္ ပဏာမ (၃၀)ဦးထဲကေန အခုေလာေလာဆယ္ (၅)ဦးကုိ အရင္ဆုံး ထုတ္ျပန္ေၾကညာလုိက္ၿပီျဖစ္ပါတယ္။ ျပင္သစ္ေဘာလုံးမဂၢဇင္းဟာ ဒီဆုအတြက္ ပဏာမ (၃၀)စာရင္းကုိ ဒီေန႔ (တနလၤာေန႔)မွာ (၅)ဦးစီ အဖဲြ႕လုိက္ထုတ္ျပန္ေၾကညာသြားမွာပါ။

ballon-dor-2018-nominees

ballon-dor-2018-nominees

အခုေလာေလာဆယ္ ျပင္သစ္မဂၢဇင္းက ထုတ္ျပန္လုိက္တဲ့ ပဏာမ(၅)ဦးစာရင္းထဲမွာ မန္စီးတီး တိုက္စစ္မွဴး အဂြဲ႐ုိး Aguero ၊ ရီးယဲလ္အသင္းရဲ႕ ေ၀းလ္စ္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ Gareth Bale နဲ႔ တိုက္စစ္မွဴး ဘန္ဇီမာ Benzema ၊ PSG အသင္းက ဥ႐ုေဂြး၀ါရင့္တိုက္စစ္မွဴး ကာဗာနီ Cavani နဲ႔ လီဗာပူးလ္ ဂုိးသမား အယ္လစ္ဆန္ Alisson တုိ႔ ပါ၀င္ခဲ့ၾကတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

နာမည္ႀကီး ေဘာလုံးသမားႏွစ္ဦးျဖစ္တဲ့ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔အျပင္ ဒီႏွစ္ FIFA The Best ဆု ပုိင္ရွင္ မုိဒရစ္ Modric တို႔ဟာ အခုေလာေလာဆယ္ (၅)ဦးထဲမွာ မပါ၀င္ခဲ့ၾကေပမယ့္ ေနာက္ထပ္ ထုတ္ျပန္မယ့္ (၂၅)ဦးစာရင္းမွာ ပါ၀င္လာဖုိ႔ ရွိပါတယ္။ Ballon d’Or ဆုကုိ ၂၀၀၈ ခုႏွစ္က စတင္ၿပီး စီေရာ္နယ္လ္ဒုိ နဲ႔ မက္ဆီတို႔သာ အျပန္အလွန္ ရယူခဲ့ၿပီး တစ္ဦးကုိ (၅)ႀကိမ္စီ ဆြတ္ခူးခဲ့ၾကပါတယ္။

REF:Daily Mail
Photo:Getty Images,CGTN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆု ပဏာမ (၃၀)ဦးစာရင်းထဲက (၅)ဦးကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်လိုက်ပြီ

နာမည်ကြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်း (France Football Magazine)ဟာ ၂၀၁၈ ခုနှစ် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)အတွက် ပဏာမ (၃၀)ဦးထဲကနေ အခုလောလောဆယ် (၅)ဦးကို အရင်ဆုံး ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဒီဆုအတွက် ပဏာမ (၃၀)စာရင်းကို ဒီနေ့ (တနင်္လာနေ့)မှာ (၅)ဦးစီ အဖွဲ့လိုက်ထုတ်ပြန်ကြေညာသွားမှာပါ။

ballon-dor-2018-nominees

ballon-dor-2018-nominees

အခုလောလောဆယ် ပြင်သစ်မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ပဏာမ(၅)ဦးစာရင်းထဲမှာ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုး Aguero ၊ ရီးယဲလ်အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ် Gareth Bale နဲ့ တိုက်စစ်မှူး ဘန်ဇီမာ Benzema ၊ PSG အသင်းက ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ Cavani နဲ့ လီဗာပူးလ် ဂိုးသမား အယ်လစ်ဆန် Alisson တို့ ပါဝင်ခဲ့ကြတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

နာမည်ကြီး ဘောလုံးသမားနှစ်ဦးဖြစ်တဲ့ မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့အပြင် ဒီနှစ် FIFA The Best ဆု ပိုင်ရှင် မိုဒရစ် Modric တို့ဟာ အခုလောလောဆယ် (၅)ဦးထဲမှာ မပါဝင်ခဲ့ကြပေမယ့် နောက်ထပ် ထုတ်ပြန်မယ့် (၂၅)ဦးစာရင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။ Ballon d’Or ဆုကို ၂၀၀၈ ခုနှစ်က စတင်ပြီး စီရော်နယ်လ်ဒို နဲ့ မက်ဆီတို့သာ အပြန်အလှန် ရယူခဲ့ပြီး တစ်ဦးကို (၅)ကြိမ်စီ ဆွတ်ခူးခဲ့ကြပါတယ်။

REF:Daily Mail
Photo:Getty Images,CGTN
Naing Linn(Akhayar)
www.akhayar.com