[Zawgyi]

Game စြဲေနတာကို စိတ္ေရာဂါ ျဖစ္ေနတာလို႔ ေထာက္ျပလိုက္တဲ့ WHO

နည္းပညာေတြ ထြန္းကားလာတဲ့ ၂၀ ရာစု ေနာက္ပိုင္း ေဖ်ာ္ေျဖေရး (Entertainment) က႑မွာ သိသိသာသာ ေျပာင္းလဲလာတဲ့ ျပယုဒ္တစ္ခုက Digital or Video Game ေတြပဲျဖစ္ပါတယ္။ Game ကစားျခင္းကို Sport တစ္ခု အေနနဲ႔ မသတ္မွတ္ေသးခင္ ကာလတုန္းက လူေတြဟာ ကိုယ္လက္လႈပ္ရွား အားကစား (Physical Exercise) တစ္ခုခု ျပဳလုပ္ေလ့ရွိပါတယ္။ ဒီ အားကစား ေလ့က်င့္ခန္းေတြဟာ ေသြးလည္ပတ္မႈ အားေကာင္းေစၿပီး က်န္းမာေရးတြက္ ညီၫြတ္တဲ့ လႈပ္ရွားမႈေတြ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္း Mind Gaming ဒါမွမဟုတ္ Mental Exercise လို႔ေခၚတဲ့ စိတ္ပိုင္းဆိုင္ရာ တီထြင္ဖန္တီးမႈ အားေကာင္းလာဖို႔ စစ္တုရင္ထိုးျခင္း၊ သခ်ၤာတြက္ျခင္း၊ ဥာဏ္စမ္း ပေဟဠိ ေျဖျခင္းစတဲ့ Mini Puzzle Game ေလးေတြ ေပၚထြက္လာခဲ့ပါတယ္။

အဲ့ဒီတုန္းက Game ေတြကို ပညာရပ္ တစ္ခုအေနနဲ႔ အသုံးျပဳခဲ့တာျဖစ္ေပမယ့္ ေခတ္ေရစီးေၾကာင္း တစ္ျဖည္းျဖည္း ေျပာင္းလဲလာတဲ့အခါ သာမန္အဆင့္ Game ကစားျခင္းထက္ ပိုနက္နဲတဲ့ Game ေတြ ဖန္တီးလာတာ ျဖစ္ပါတယ္။ ၂၁ ရာစု အေစာပိုင္းကာလ တိုင္းတာခ်က္ေတြအရ အေမရိကန္ တစ္ႏိုင္ငံထဲ Game ကစားသူဦးေရ သန္း ၄၀ ေက်ာ္ ရွိေနခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ၁၅၅ သန္း အထိ မ်ားျပားလာတာျဖစ္ပါတယ္။ ေလ့လာခ်က္ေတြအရ တစ္ပတ္ကို ၅ နာရီ ဝန္းက်င္ ကစားေလ့ရွိၾကၿပီး ၂၀၁၆ ခုႏွစ္ တစ္ႏွစ္ထဲမွာ အေမရိကန္က Gamer ေတြဟာ ကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ Game ကစားျခင္းအတြက္ အသုံးခ်ခဲ့တာ ျဖစ္ပါတယ္။

Group of Teenagers taking part in E-Sport Match

၂၀၁၇ – ၂၀၁၈ တိုင္းတာခ်က္ေတြအရ တ႐ုတ္ျပည္ဟာ Game ကစားသူဦးေရ အမ်ားဆုံးအျဖစ္ ရပ္တည္လ်က္ရွိေနၿပီး ေဖာ္ျပထားခ်က္ေတြအရ Game ကစားျခင္းေၾကာင့္ ၁၀ ဦးထက္ မနည္း ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ အခုလို Game ကစားျခင္းေၾကာင့္ ေသဆုံးျခင္း ျဖစ္စဥ္ေတြနဲ႔ ဆက္စပ္ၿပီး သုေတသနျပဳေနသူ တစ္ဦးက WHO (World Health Organization) ျဖစ္ပါတယ္။ WHO အေနနဲ႔ Game ကစားျခင္းေၾကာင့္ ျဖစ္ေပၚလာမယ့္ ေနာက္ဆက္တြဲ ျပႆနာေတြကို ႏွစ္ကာလ ေတာ္ေတာ္ၾကာၾကာ သုေတသန ျပဳလုပ္ေနတာျဖစ္ၿပီး Game စြဲေနတာကို စိတ္ေရာဂါ ခံစားေနရျခင္း ဆိုတဲ့အေၾကာင္း  11th Edition Diagnostic Handbook မွာ အတိအလင္း ေၾကညာလိုက္တာျဖစ္ပါတယ္။

WHO Logo

အခုလို Game ကစားျခင္းေၾကာင့္ စိတ္ေဝဒနာ ျဖစ္ျခင္းနဲ႔ ပတ္သက္လို႔ တခ်ိဳ႕ ကြၽမ္းက်င္ပညာရွင္ေတြက လက္ခံထားျခင္း မရွိေသးပါဘူး။ အေမရိကန္မွာ Game ကစားျခင္းနဲ႔ ပတ္သက္လို႔ တားျမစ္ခ်က္ ရွိတယ္ဆိုေပမယ့္ ထိေရာက္တဲ့ အေရးယူမႈ ျပဳလုပ္ျခင္း မရွိပါဘူး။ ကေလးေတြ အေနနဲ႔ Game ကစားဖို႔ပဲ အာ႐ုံေရာက္ေနတာကို အေမရိကန္မွာရွိတဲ့ မိခင္ေတြက “ေခတ္သစ္ မူးယစ္ေဆးဝါး” “Digital Heroin” နဲ႔ ႏႈိင္းယွဥ္ထားသလို “ကမာၻေပၚမွာ ရွိတဲ့ အစြဲလမ္းေစႏိုင္ဆုံး ပစၥည္းတစ္ခုကို တပ္မက္ေနျခင္း “လို႔ CNN သတင္းဌာနမွာ ေျပာဆိုထားတာ ေတြ႕ရပါတယ္။ လက္ေတြ႕မွာလည္း Game စြဲတဲ့ ျပႆနာကို က်န္းမာေရး ခ်ိဳ႕ယြင္းခ်က္တစ္ခုအေနနဲ႔ ဘယ္သူမွ လက္ခံထားတာ မဟုတ္သလို WHO က Gaming Disorder ျဖစ္ျခင္းကို သုေတသန ရလာဒ္ေတြနဲ႔ ေထာက္ျပထားပါတယ္။

Gaming Disorder နဲ႔ ပတ္သက္လို႔ WHO ဆိုလိုရင္းဟာ အာ႐ုံစူးစိုက္ႏိုင္မႈ အားနည္းျခင္းျဖစ္ပါတယ္။ အခုလို လူတစ္ေယာက္ Gaming Disorder ျဖစ္မျဖစ္ကို အခ်က္ ၃ ခ်က္နဲ႔ ေျပာႏိုင္မွာျဖစ္ၿပီး ပထမဆုံး အခ်က္ အေနနဲ႔ Game ကစားျခင္းဟာ အေရးႀကီးဆုံး ျဖစ္ေနတယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ သာမန္လူတစ္ေယာက္ဟာ တစ္ေန႔တာ အခ်ိန္ေတြ ဘယ္လိုအသုံးခ်မလဲဆိုတာ စီမံႏိုင္မွာျဖစ္ေပမယ့္ Game စြဲေနသူဟာ Game ကစားဖို႔ပဲ အာ႐ုံထားမွာ ျဖစ္ပါတယ္။ ဒုတိယ အေနနဲ႔ မရပ္မနား Game ကစားျခင္းျဖစ္ၿပီး ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ပါဝင္ေနတာျဖစ္ပါတယ္။ WHO က ေထာက္ျပထားခ်က္မွာ Game ၾကာၾကာ ကစားေလ့ရွိသူေတြဟာ လုပ္ငန္းခြင္မွာ စြမ္းေဆာင္ရည္ က်ဆင္းေစလာတဲ့ အခ်က္ျဖစ္ပါတယ္။ ေနာက္ဆက္တြဲ အေနနဲ႔ ပတ္ဝန္းက်င္အေပၚ အာ႐ုံစူးစိုက္ႏိုင္မႈ မရွိေတာ့ဘဲ က်န္းမာေရး ထိခိုက္ေစတဲ့အထိ ျဖစ္ေစႏိုင္တဲ့ အခ်က္ ျဖစ္ပါတယ္။

Are You also Addicted to Games?

တတိယ အခ်က္မွာေတာ့ Game ကစားျခင္းေၾကာင့္ လူမႈေရး ညံ့ဖ်င္း၊ သိမ္ဖ်င္းတဲ့သူ ျဖစ္ေစတဲ့ အခ်က္ကို WHO က ေထာက္ျပထားတာျဖစ္ပါတယ္။ ဒီအခ်က္မွာ မိသားစုဝင္ေတြအၾကား ႀကဳံေတြ႕ႏိုင္ရတဲ့ ျပႆနာမ်ိဳးပါဝင္ၿပီး ဥပမာ အေနနဲ႔ Game ကစားဖို႔ ေငြလိုျခင္းေၾကာင့္ ခိုးယူျခင္း၊ သူငယ္ခ်င္း အေပါင္းသင္းေတြ အၾကား စာနာစိတ္နဲ႔ ကိုယ္ခ်င္းစာစိတ္ မရွိျခင္း၊ လ်စ္လ်ဴရႈျခင္းစတဲ့ ညံ့ဖ်င္းတဲ့ စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ ျဖစ္ေပၚလာႏိုင္တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ လူတစ္ေယာက္ဟာ အခုလို အခ်က္ ၃ ခ်က္ နဲ႔ ကိုက္ညီေနရင္ Game စြဲေနၿပီဆိုတာ ေျပာျပႏိုင္တဲ့ အခ်က္ေတြျဖစ္ပါတယ္။ WHO အေနနဲ႔ Game စြဲတဲ့ စိတ္ေရာဂါဟာ ခ်က္ခ်င္းျဖစ္ႏိုင္တဲ့ ေရာဂါမ်ိဳး မဟုတ္ဘဲ အခုလို အခ်က္ေတြနဲ႔ ျပည့္စုံလာဖို႔ အခ်ိန္ ၁ ႏွစ္ ခန္႔ ၾကာေလ့ရွိတယ္လို႔ ျဖည့္စြက္ ေျပာၾကားထားပါတယ္။

WHO အဖြဲ႕ရဲ႕ စိတ္ပညာရွင္ျဖစ္သူ Vladimir Poznyak က “Game ေရာဂါကုထုံးနဲ႔ ပတ္သက္လို႔ လိုက္နာရမယ့္ အခ်က္ေတြ ၫြန္ၾကားသြားမွာ မဟုတ္ပါဘူး၊ WHO အေနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ေခတ္ေရစီးေၾကာင္းနဲ႔အညီ လူေတြႀကဳံေတြ႕ေနရတဲ့ က်န္းမာေရးဆိုင္ရာ အခန္းက႑တစ္ခု အေနနဲ႔ ပါဝင္ျခင္း”လို႔သာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၆ ခုနစ္တုန္းကလည္း ကြၽမ္းက်င္သူေတြဟာ WHO ကို International Statistical Classification of Diseases (ICD) မွာ Gaming Disorder နဲ႔ ပတ္သက္လို႔ အဆို တင္သြင္းျခင္း မျပဳဖို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

It can lead Mental illness

အဲ့ဒီတုန္းက WHO က ေဆာင္႐ြက္ေနတဲ့ သုေတသန လုပ္ငန္းစဥ္ေတြဟာ လုံေလာက္တဲ့ အေၾကာင္းျပခ်က္မရွိပဲ Game စြဲလမ္းတာကို စိတ္ေရာဂါျဖစ္တာနဲ႔ ဆက္စပ္ေနပါတယ္ဆိုတဲ့ အခ်က္နဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ ျပင္းထန္ခဲ့တာျဖစ္ပါတယ္။ လက္ေတြ႕မွာလည္း Game ကစားလို႔ စိတ္ေရာဂါျဖစ္လာခဲ့ရင္ ေဆးပညာနဲ႔ အညီ ကုသႏိုင္ျခင္းမရွိတဲ့ အားနည္းခ်က္ေတြေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။ အဲ့ဒါနဲ႔ ဆက္စပ္ၿပီး စိတ္ပညာရွင္ Anthony Bean က CNN သတင္းဌာနကို အခုလို ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ဟာ ေဆးပညာရွင္ မဟုတ္သလို သုေတသန ပညာရွင္လည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ေန႔တိုင္းျမင္ေတြ႕ေနရတဲ့ Video Game ကစားသူအမ်ာစုဟာ အနည္းနဲ႔အမ်ား Game စြဲ ေနသူေတြ ျဖစ္တယ္ဆိုတာေတာ့ ေျပာႏိုင္ပါတယ္။”

အဲ့ဒါအျပင္ Bean က Game စြဲေနလို႔ ျဖစ္လာမယ့္ စိတ္ေရာဂါနဲ႔ ဆက္စပ္ၿပီး “ဘယ္လို ခံစားႏိုင္ရသလဲဆိုတာ ေျပာျပဖို႔ခက္သလို ေဝဒနာ အပ်င္း၊ အေပ်ာ့ ခြဲျခားဖို႔လည္း ခက္ခဲပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ ေရာဂါ ဘယ္လိုကုသမလဲဆိုတာထက္ နာမည္ေပးဖို႔ေတာင္ အခ်ိန္ ေစာေနေသးသလား” လို႔ တအံ့တၾသ CNN သတင္းဌာနမွာ ေျပာၾကားသြားခဲ့ပါတယ္။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, Engadget, CNN, WHO

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Game စွဲနေတာကို စိတ်ရောဂါ ဖြစ်နေတာလို့ ထောက်ပြလိုက်တဲ့ WHO

နည်းပညာတွေ ထွန်းကားလာတဲ့ ၂၀ ရာစု နောက်ပိုင်း ဖျော်ဖြေရေး (Entertainment) ကဏ္ဍမှာ သိသိသာသာ ပြောင်းလဲလာတဲ့ ပြယုဒ်တစ်ခုက Digital or Video Game တွေပဲဖြစ်ပါတယ်။ Game ကစားခြင်းကို Sport တစ်ခု အနေနဲ့ မသတ်မှတ်သေးခင် ကာလတုန်းက လူတွေဟာ ကိုယ်လက်လှုပ်ရှား အားကစား (Physical Exercise) တစ်ခုခု ပြုလုပ်လေ့ရှိပါတယ်။ ဒီ အားကစား လေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု အားကောင်းစေပြီး ကျန်းမာရေးတွက် ညီညွတ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း Mind Gaming ဒါမှမဟုတ် Mental Exercise လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှု အားကောင်းလာဖို့ စစ်တုရင်ထိုးခြင်း၊ သင်္ချာတွက်ခြင်း၊ ဥာဏ်စမ်း ပဟေဠိ ဖြေခြင်းစတဲ့ Mini Puzzle Game လေးတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အဲ့ဒီတုန်းက Game တွေကို ပညာရပ် တစ်ခုအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပေမယ့် ခေတ်ရေစီးကြောင်း တစ်ဖြည်းဖြည်း ပြောင်းလဲလာတဲ့အခါ သာမန်အဆင့် Game ကစားခြင်းထက် ပိုနက်နဲတဲ့ Game တွေ ဖန်တီးလာတာ ဖြစ်ပါတယ်။ ၂၁ ရာစု အစောပိုင်းကာလ တိုင်းတာချက်တွေအရ အမေရိကန် တစ်နိုင်ငံထဲ Game ကစားသူဦးရေ သန်း ၄၀ ကျော် ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ၁၅၅ သန်း အထိ များပြားလာတာဖြစ်ပါတယ်။ လေ့လာချက်တွေအရ တစ်ပတ်ကို ၅ နာရီ ဝန်းကျင် ကစားလေ့ရှိကြပြီး ၂၀၁၆ ခုနှစ် တစ်နှစ်ထဲမှာ အမေရိကန်က Gamer တွေဟာ ကန်ဒေါ်လာ ၁ ဘီလီယံကျော် Game ကစားခြင်းအတွက် အသုံးချခဲ့တာ ဖြစ်ပါတယ်။

Group of Teenagers taking part in E-Sport Match

၂၀၁၇ – ၂၀၁၈ တိုင်းတာချက်တွေအရ တရုတ်ပြည်ဟာ Game ကစားသူဦးရေ အများဆုံးအဖြစ် ရပ်တည်လျက်ရှိနေပြီး ဖော်ပြထားချက်တွေအရ Game ကစားခြင်းကြောင့် ၁၀ ဦးထက် မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခုလို Game ကစားခြင်းကြောင့် သေဆုံးခြင်း ဖြစ်စဥ်တွေနဲ့ ဆက်စပ်ပြီး သုတေသနပြုနေသူ တစ်ဦးက WHO (World Health Organization) ဖြစ်ပါတယ်။ WHO အနေနဲ့ Game ကစားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို နှစ်ကာလ တော်တော်ကြာကြာ သုတေသန ပြုလုပ်နေတာဖြစ်ပြီး Game စွဲနေတာကို စိတ်ရောဂါ ခံစားနေရခြင်း ဆိုတဲ့အကြောင်း  11th Edition Diagnostic Handbook မှာ အတိအလင်း ကြေညာလိုက်တာဖြစ်ပါတယ်။

WHO Logo

အခုလို Game ကစားခြင်းကြောင့် စိတ်ဝေဒနာ ဖြစ်ခြင်းနဲ့ ပတ်သက်လို့ တချို့ ကျွမ်းကျင်ပညာရှင်တွေက လက်ခံထားခြင်း မရှိသေးပါဘူး။ အမေရိကန်မှာ Game ကစားခြင်းနဲ့ ပတ်သက်လို့ တားမြစ်ချက် ရှိတယ်ဆိုပေမယ့် ထိရောက်တဲ့ အရေးယူမှု ပြုလုပ်ခြင်း မရှိပါဘူး။ ကလေးတွေ အနေနဲ့ Game ကစားဖို့ပဲ အာရုံရောက်နေတာကို အမေရိကန်မှာရှိတဲ့ မိခင်တွေက “ခေတ်သစ် မူးယစ်ဆေးဝါး” “Digital Heroin” နဲ့ နှိုင်းယှဥ်ထားသလို “ကမ္ဘာပေါ်မှာ ရှိတဲ့ အစွဲလမ်းစေနိုင်ဆုံး ပစ္စည်းတစ်ခုကို တပ်မက်နေခြင်း “လို့ CNN သတင်းဌာနမှာ ပြောဆိုထားတာ တွေ့ရပါတယ်။ လက်တွေ့မှာလည်း Game စွဲတဲ့ ပြဿနာကို ကျန်းမာရေး ချို့ယွင်းချက်တစ်ခုအနေနဲ့ ဘယ်သူမှ လက်ခံထားတာ မဟုတ်သလို WHO က Gaming Disorder ဖြစ်ခြင်းကို သုတေသန ရလာဒ်တွေနဲ့ ထောက်ပြထားပါတယ်။

Gaming Disorder နဲ့ ပတ်သက်လို့ WHO ဆိုလိုရင်းဟာ အာရုံစူးစိုက်နိုင်မှု အားနည်းခြင်းဖြစ်ပါတယ်။ အခုလို လူတစ်ယောက် Gaming Disorder ဖြစ်မဖြစ်ကို အချက် ၃ ချက်နဲ့ ပြောနိုင်မှာဖြစ်ပြီး ပထမဆုံး အချက် အနေနဲ့ Game ကစားခြင်းဟာ အရေးကြီးဆုံး ဖြစ်နေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ တစ်နေ့တာ အချိန်တွေ ဘယ်လိုအသုံးချမလဲဆိုတာ စီမံနိုင်မှာဖြစ်ပေမယ့် Game စွဲနေသူဟာ Game ကစားဖို့ပဲ အာရုံထားမှာ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ မရပ်မနား Game ကစားခြင်းဖြစ်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ပါဝင်နေတာဖြစ်ပါတယ်။ WHO က ထောက်ပြထားချက်မှာ Game ကြာကြာ ကစားလေ့ရှိသူတွေဟာ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ကျဆင်းစေလာတဲ့ အချက်ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ပတ်ဝန်းကျင်အပေါ် အာရုံစူးစိုက်နိုင်မှု မရှိတော့ဘဲ ကျန်းမာရေး ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်တဲ့ အချက် ဖြစ်ပါတယ်။

Are You also Addicted to Games?

တတိယ အချက်မှာတော့ Game ကစားခြင်းကြောင့် လူမှုရေး ညံ့ဖျင်း၊ သိမ်ဖျင်းတဲ့သူ ဖြစ်စေတဲ့ အချက်ကို WHO က ထောက်ပြထားတာဖြစ်ပါတယ်။ ဒီအချက်မှာ မိသားစုဝင်တွေအကြား ကြုံတွေ့နိုင်ရတဲ့ ပြဿနာမျိုးပါဝင်ပြီး ဥပမာ အနေနဲ့ Game ကစားဖို့ ငွေလိုခြင်းကြောင့် ခိုးယူခြင်း၊ သူငယ်ချင်း အပေါင်းသင်းတွေ အကြား စာနာစိတ်နဲ့ ကိုယ်ချင်းစာစိတ် မရှိခြင်း၊ လျစ်လျူရှုခြင်းစတဲ့ ညံ့ဖျင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လူတစ်ယောက်ဟာ အခုလို အချက် ၃ ချက် နဲ့ ကိုက်ညီနေရင် Game စွဲနေပြီဆိုတာ ပြောပြနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ WHO အနေနဲ့ Game စွဲတဲ့ စိတ်ရောဂါဟာ ချက်ချင်းဖြစ်နိုင်တဲ့ ရောဂါမျိုး မဟုတ်ဘဲ အခုလို အချက်တွေနဲ့ ပြည့်စုံလာဖို့ အချိန် ၁ နှစ် ခန့် ကြာလေ့ရှိတယ်လို့ ဖြည့်စွက် ပြောကြားထားပါတယ်။

WHO အဖွဲ့ရဲ့ စိတ်ပညာရှင်ဖြစ်သူ Vladimir Poznyak က “Game ရောဂါကုထုံးနဲ့ ပတ်သက်လို့ လိုက်နာရမယ့် အချက်တွေ ညွန်ကြားသွားမှာ မဟုတ်ပါဘူး၊ WHO အနေနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ လူတွေကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ခြင်း”လို့သာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနစ်တုန်းကလည်း ကျွမ်းကျင်သူတွေဟာ WHO ကို International Statistical Classification of Diseases (ICD) မှာ Gaming Disorder နဲ့ ပတ်သက်လို့ အဆို တင်သွင်းခြင်း မပြုဖို့ ရေးသားဖော်ပြခဲ့ပါတယ်။

It can lead Mental illness

အဲ့ဒီတုန်းက WHO က ဆောင်ရွက်နေတဲ့ သုတေသန လုပ်ငန်းစဥ်တွေဟာ လုံလောက်တဲ့ အကြောင်းပြချက်မရှိပဲ Game စွဲလမ်းတာကို စိတ်ရောဂါဖြစ်တာနဲ့ ဆက်စပ်နေပါတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ လက်တွေ့မှာလည်း Game ကစားလို့ စိတ်ရောဂါဖြစ်လာခဲ့ရင် ဆေးပညာနဲ့ အညီ ကုသနိုင်ခြင်းမရှိတဲ့ အားနည်းချက်တွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒါနဲ့ ဆက်စပ်ပြီး စိတ်ပညာရှင် Anthony Bean က CNN သတင်းဌာနကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ဟာ ဆေးပညာရှင် မဟုတ်သလို သုတေသန ပညာရှင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် နေ့တိုင်းမြင်တွေ့နေရတဲ့ Video Game ကစားသူအမျာစုဟာ အနည်းနဲ့အများ Game စွဲ နေသူတွေ ဖြစ်တယ်ဆိုတာတော့ ပြောနိုင်ပါတယ်။”

အဲ့ဒါအပြင် Bean က Game စွဲနေလို့ ဖြစ်လာမယ့် စိတ်ရောဂါနဲ့ ဆက်စပ်ပြီး “ဘယ်လို ခံစားနိုင်ရသလဲဆိုတာ ပြောပြဖို့ခက်သလို ဝေဒနာ အပျင်း၊ အပျော့ ခွဲခြားဖို့လည်း ခက်ခဲပါတယ်။ ကျွန်တော့် အနေနဲ့ ရောဂါ ဘယ်လိုကုသမလဲဆိုတာထက် နာမည်ပေးဖို့တောင် အချိန် စောနေသေးသလား” လို့ တအံ့တသြ CNN သတင်းဌာနမှာ ပြောကြားသွားခဲ့ပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, Engadget, CNN, WHO

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။