[Zawgyi] 

Galax Tab S4 ကေတာ့ ၂၀၁၈ အတြက္ Samsung ရဲ႕ Tablet ထုတ္ကုန္တစ္ခုအျဖစ္ေရာက္လာေတာ့မွာပါ။ Tab S4 ရဲ႕ Desgin ကိုေတာ့ အရင္ကထြက္ၿပီးသား Galaxy Tab Series ေတြနဲ႔ မတူတဲ့ Design အသစ္ကို သံုးေပးထားတာေတြ႕ရပါတယ္။ ပိုၿပီး ပါးလာတဲ့ Display ေဘးေဘာင္ေတြနဲ႔အတူ ပြဲထြက္လာေတာ့မွာပါ။ 

Tab S4 Keyboard Cover

Tab S4 ကို တရားဝင္မိတ္ဆက္မယ့္အခ်ိန္အတိအက်ကိုေတာ့ မသိရေသးေပမယ့္ Galaxy Note 9 ကိုမိတ္ဆက္တဲ့အခ်ိန္မွာ တြဲၿပီးမိတ္ဆက္သြားမလားဆိုတာကလည္း စိ္တ္ဝင္စားစရာပါ။ Tab S4 ကေတာ့ လက္ရွိ ေစ်းကြက္ထဲမွာ ေနရာရၿပီးသားျဖစ္ေနတဲ့ Apple ရဲ႕ iPad Pro ေတြကို တိုက္႐ိုက္ယွဥ္ၿပိဳင္ႏိုင္မယ့္ Tablet တစ္လံုးျဖစ္လာမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။ 

The Back of Tab S4

အခုေတာ့ နာမည္ႀကီးသတင္းေပါက္ၾကားမႈေတြနဲ႔ လူသိမ်ားတဲ့ Evan Blass ဆီက Tab S4 ရဲ႕ Keyboard နဲ႔ Stylus ပံုေတြ သတင္းေပါက္လာပါၿပီ။ Keyborad ကေတာ့ Tablet မွာ Cover အေနနဲ႔တပ္ထားလို႔ရတဲ့အျပင္ Stylus ပါထည့္ထားဖို႔ ေနရာပါၿပီး Desgin ကလည္း သပ္သပ္ရပ္ရပ္ရွိပါတယ္။ Keyboard ေပၚက ခလုတ္ေလးေတြက ဖုန္ဝင္စရာအဟမပါတာေၾကာင့္ ၾကာရွည္သံုးခ်င္သူေတြကေတာ့ သေဘာက်မွအမွန္ပါပဲ။ Tab S4 ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ေနာက္ဖက္မွာေတာ့ Tuned By AKG ဆိုတဲ့စာပါလာၿပီျဖစ္တာေၾကာင့္ Speaker ေတြပိုေကာင္းလာႏိုင္သလို နားၾကတ္ေပါက္လည္းပါေနေသးတာေၾကာင့္ အသံပိုင္းမွာေတာ့ အားရစရာျဖစ္မွာေသခ်ာပါတယ္။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Galaxy Tab S4 ရဲ့ Keyboard Cover နဲ့ Stylus ပုံတွေ သတင်းပေါက်လာခဲ့ပြီ

Galax Tab S4 ကတော့ ၂၀၁၈ အတွက် Samsung ရဲ့ Tablet ထုတ်ကုန်တစ်ခုအဖြစ်ရောက်လာတော့မှာပါ။ Tab S4 ရဲ့ Desgin ကိုတော့ အရင်ကထွက်ပြီးသား Galaxy Tab Series တွေနဲ့ မတူတဲ့ Design အသစ်ကို သုံးပေးထားတာတွေ့ရပါတယ်။ ပိုပြီး ပါးလာတဲ့ Display ဘေးဘောင်တွေနဲ့အတူ ပွဲထွက်လာတော့မှာပါ။ 

Tab S4 Keyboard Cover

Tab S4 ကို တရားဝင်မိတ်ဆက်မယ့်အချိန်အတိအကျကိုတော့ မသိရသေးပေမယ့် Galaxy Note 9 ကိုမိတ်ဆက်တဲ့အချိန်မှာ တွဲပြီးမိတ်ဆက်သွားမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ Tab S4 ကတော့ လက်ရှိ ဈေးကွက်ထဲမှာ နေရာရပြီးသားဖြစ်နေတဲ့ Apple ရဲ့ iPad Pro တွေကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်မယ့် Tablet တစ်လုံးဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ 

The Back of Tab S4

အခုတော့ နာမည်ကြီးသတင်းပေါက်ကြားမှုတွေနဲ့ လူသိများတဲ့ Evan Blass ဆီက Tab S4 ရဲ့ Keyboard နဲ့ Stylus ပုံတွေ သတင်းပေါက်လာပါပြီ။ Keyborad ကတော့ Tablet မှာ Cover အနေနဲ့တပ်ထားလို့ရတဲ့အပြင် Stylus ပါထည့်ထားဖို့ နေရာပါပြီး Desgin ကလည်း သပ်သပ်ရပ်ရပ်ရှိပါတယ်။ Keyboard ပေါ်က ခလုတ်လေးတွေက ဖုန်ဝင်စရာအဟမပါတာကြောင့် ကြာရှည်သုံးချင်သူတွေကတော့ သဘောကျမှအမှန်ပါပဲ။ Tab S4 ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ နောက်ဖက်မှာတော့ Tuned By AKG ဆိုတဲ့စာပါလာပြီဖြစ်တာကြောင့် Speaker တွေပိုကောင်းလာနိုင်သလို နားကြတ်ပေါက်လည်းပါနေသေးတာကြောင့် အသံပိုင်းမှာတော့ အားရစရာဖြစ်မှာသေချာပါတယ်။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။