Legendary Apple နဲ့ Samsung တို့ ဘယ်လောက် Push လုပ်နိုင်ကြသလဲဆိုတာကို Compact အဖြစ်ဆုံး iPhone XR နဲ့ S10e တို့က အဖြေပေးသွားခဲ့ပါပြီ။ Samsung ကနောက်မှ မိတ်ဆက်သွားလို့ မတရားဘူးပြောနိုင်ပေမယ့် Fans တွေလိုချင်တာကို S10e နဲ့သာ ပေးစွမ်းနိုင်တာပါ။ ဒါကြောင့်မလို့ Brand အစွဲမထားဘဲ ဒေါ်လာ ၇၅၀ တန် ဖုန်း ၂ လုံးမှာ အားသာချက်၊ အားနည်းချက်လေးတွေ တချက်ယှဉ်ကြည့်လိုက်ရအောင်။

AndroidCentral

တကယ်တမ်း S10e ကသာ Apple ရဲ့ iPhone XR ဖြစ်သင့်တာပါ

Compact အဖြစ်ဆုံးနဲ့ Affordable အဖြစ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို S10e လို Apple ရွေးချယ်သင့်တာပါ။ Premium Flagship မဟုတ်ပေမယ့် သေးသေးသွယ်သွယ်ဖုန်းတလုံးမှာ အဓိက Point တွေ Skip ခဲ့မိလို့ Samsung အလှည့်ကျမှသာ Compact စမတ်ဖုန်း ပြန်လည်ရှင်သန်ခဲ့ပြီလို့ ပြောရမှာပါ။

YouTube: MKBHD

S10e ရဲ့ Specification တွေက iPhone XS နဲ့ တန်းတူဖြစ်နေတယ်

ဒီနေရာမှာ စကားပြောသွားတာက 5.8″ OLED Screen နဲ့ Dual-Camera ပါပဲ။ Exynos ထက် A12 ပိုမြန်တာမလို့ Performance ကွာတယ်၊ ဒါပေမယ့် Dynamic OLED ၊ 4K HDR+ ဗီဒီယို Record ၊ Power Share ၊ 4K Selfie Camera စတဲ့ အားသာချက်တွေ iPhone မပိုင်ဆိုင်ပါဘူး။

Hollis Johnson (BI)

S10 နည်းပညာတွေက iPhone ကို Out-match ဖြစ်စေတယ်

ဒီအချက်က 2019 iPhone XR အသစ်မှာ OLED Display ၊ Dual Camera မသုံးလာခဲ့ရင် Premium Compact ဖုန်းတန်းမှာ Samsung Crown ယူသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

YouTube: MKBHD

iPhone XS နဲ့ယှဉ်ရင်တောင် The Best Alternate ဖြစ်မနေဘူး

ဒါနဲ့ပတ်သက်လို့ Apple ကောင်းကောင်း Lesson ရသွားခဲ့ပါပြီ။ iPhone XR ရောင်းကောင်းမယ်လို့ မျော်လင့်ထားခဲ့တာ လက်တွေ့မှာ XS ထက်ပိုကြီးတဲ့ Size ၊ LCD Display ၊ Single Camera တွေကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။

Sakitech

S10e ကိုကျော်နိုင်တာ FaceID ဆိုမယ့် Samsung Security လည်း လုံလောက်မှုရှိတယ်

FaceID ဆိုတာ Android Manufacturer တွေ သဘောခွေ့တဲ့ နည်းပညာပါ။ S10 နဲ့ S10+ တို့မှာ Screen ပိတ်ထားရင်တောင် Unlock လုပ်နိုင်တဲ့ UD Fingerprint ပါတယ်၊ S10e မှာတော့ Side-mounted ဖြစ်သွားတယ်ဆိုမယ့် ဒီအချက်က iPhone နဲ့ယှဉ်ရင် Close Gap ဖြစ်မသွားစေပါဘူး။

YouTube/MKBHD

Apple Ecosystem လောက် Strong မဖြစ်တာအမှန်ပါ

ဘယ်လိုပဲ Apple ထက်သာတယ်ပြောပြော OS Stability ၊ Software Updates နဲ့ Hardware ၊ User Experience ပိုင်းတွေမှာ Apple Ecosystem လောက် မခိုင်မာ၊ မတည်မြဲတာမို့ iPhone ၊ iPad တွေ ဆွဲဆောင်မှုရှိနေဆဲ၊ Up-to-date ဖြစ်နေဆဲလို့ လက်ခံရမှာပါ။

Apple

သိသူဖော်စား၊ မသိသူကျော်သွား

ဒီစကားပုံအတိုင်းပြောရရင် S10 စီးရီးတွေက Customer အကြိုက်နဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းတွေလို့ သုံးသပ်နိုင်ပါတယ်။ ပေးရတဲ့ဈေးနဲ့ ထိုက်သင့်တဲ့ Performance ၊ Stability ရနိုင်တဲ့အပြင် Android Flagship ထဲမှာ Google ပြီးသွားရင် iPhone သုံးနေရသလို ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ One UI ကြောင့် Apple တန်းတူဖြစ်လာခဲ့ပြီ ပြောရမှာပါ။

YouTube: UnboxTheraphy

အနှစ်ချုပ်ပြောရရင် Samsung နဲ့ Apple ဆိုတာ တခေတ်တခါကတည်းက ပြိုင်ဆိုင်လာတဲ့ နည်းပညာကုမ္ပဏီကြီးတွေပါ။ S10e လို ဖုန်းမျိုးထုတ်နိုင်တာမှန်ပေမယ့် Target ထားတဲ့ Audience ၊ Marketing Strategy ကြောင့်သာ လမ်းမှန်မရောက်ခဲ့တာလို့ သုံးသပ်ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Samsung ၊ Apple ဆီက နည်းပညာတွေ အတုခိုးရင်း နာမည်ကောင်းယူနေတာတော့ တရုတ်တွေပါပဲ။ အရင်တခါ ရေးခဲ့တဲ့ Galaxy S Legacy မှာလို နည်းပညာသစ် မချပြနိုင်ရင် စစ်မှန်တဲ့ ယှဉ်ပြိုင်မှုမဟုတ်ခဲ့ဘူးဆိုတဲ့ သက်သေနဲ့ Samsung ၊ Apple ဖုန်းတွေ ကျွန်တော်တို့ရင်ထဲ အမြဲကျန်နေခဲ့မှာ အမှန်ပါပဲ။

Credit: Dave Smith (BI)