Galaxy S9 ပြီးရင် Galaxy S Series နာမည်အသုံးပြုဖို့ မသေချာတော့ဘူးလို့ ပြောကြားလိုက်တဲ့ Samsung CEO

Samsung ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တုန်းက Samsung Galaxy S9 နဲ့ Galaxy S9+ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung Mobile Division ရဲ့ CEO ဖြစ်တဲ့ DJ Koh ကနေ Galaxy S10 နဲ့ ပတ်သတ်ပြီး နာမည်ပေးမယ့်အကြောင်းကို အနည်းငယ်အရိတ်အမြွတ်ပြောကြားသွားပါတယ်။

အခုသတင်းကို Samsung ရဲ့ ဘာစီလိုနာ MWC Event က The Investor နဲ့ အမေးအဖြေမှာ ပြောကြားခဲ့တာဖြစ်ပြီးတော့ DJ Koh ရဲ့ ပြောကြားချက်အရ Samsung ဟာ Galaxy ဆိုတဲ့ နာမည်ကို ဆက်လက်ပြီးအသုံးပြုသွားမှာပေမယ့် Galaxy S Series ဆိုတဲ့ နာမည် ဒါမှမဟုတ် နံပါတ်ပေးတဲ့ပုံစံကိုပြောင်းလဲသွားနိုင်တယ်လို့ သိရပါတယ်။

ယခင်ကလည်း Samsung အနေနဲ့ Galaxy S10 ကို S Series အနေနဲ့ မသတ်မှတ်တော့ပဲ “10” ကို Apple iPhone လိုမျိုး ရောမကိန်းဂဏန်းအနေနဲ့ Galaxy X ဆိုပြီးပဲ ခေါ်ဆိုသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးသလို အခုလို Samsung Mobile Division ရဲ့ ပြောကြားချက်ပါ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဒါကသေချာသလောက်ဖြစ်သွားတယ်လို့ ယူဆရမှာပါ။

အချို့ကလည်း Samsung ရဲ့ Galaxy X စမတ်ဖုန်းဟာ အခုလိုမျိုး Series ကိုပါ ပြောင်းလိုက်ရတာဟာ ယခင် Galaxy S Series ဖုန်းတွေနဲ့ မတူညီတဲ့ ဒီဇိုင်းဖြစ်တဲ့ ခေါက်ကွေးညွတ်နိုင်တဲ့ ဒီဇိုင်းပြုလုပ်သွားမှာဖြစ်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် The Next Galaxy က Galaxy S10 ဖြစ်လာမလား? Galaxy X ပဲဖြစ်လာမှာလား?

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]