[Zawgyi]

In-Display Fingerprint Sensor နည္းပညာပါဝင္ၿပီး ေမာ္ဒယ္ ၃ မ်ိဳးနဲ႔ ထြက္ရွိလာႏိုင္မယ့္ Galaxy S10

လာမယ့္ႏွစ္ေတြထဲမွာ Samsung အေနနဲ႔ Flagship စမတ္ဖုန္း ၃ မ်ိဳးအတြက္ ျပင္ဆင္ေနတယ္လို႔ သတင္းထြက္ေနတဲ့အတိုင္း မၾကာခဏဆိုသလို ေကာလာဟလေတြ ထြက္ေပၚေနပါတယ္။ အရင္တစ္ပတ္တုန္းကလည္း ၾသဂုတ္လမွာ ျမင္ေတြ႕ဖြယ္ရွိတယ္လို႔ သတင္းထြက္ေနတဲ့ Galaxy Note 9 ပုံရိပ္တခ်ိဳ႕ ထြက္ေပၚခဲ့သလို ေကြးၫြတ္အသုံးျပဳႏိုင္မယ့္ Battery ကို  Galaxy X စမတ္ဖုန္းမွာ ထည့္သြင္းဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြ ဆက္တိုက္ကို ထြက္ေပၚေနတာပါ။ အခုလည္း Galaxy S10 စမတ္ဖုန္းကို ေမာ္ဒယ္ ၃ မ်ိဳးနဲ႔ ထုတ္လုပ္သြားဖြယ္ရွိတယ္ဆိုတာကို Ming-Chi Kuo ဆိုတဲ့ ပညာရွင္တစ္ေယာက္က Supply Chain Source တစ္ခုကေန ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီ ျဖစ္ပါတယ္။

In-display Fingerprint Sensor

Kuo အဆိုအရဆိုရင္ေတာ့ Galaxy S10 ကို 5.8″ ၊ 6.1″ နဲ႔ 6.4″ ဆိုၿပီး Screen Size ၃ မ်ိဳးနဲ႔ ျမင္ေတြ႕ရႏိုင္ပါတယ္။ ဒါဟာ ေမာ္ဒယ္ ၃ မ်ိဳးနဲ႔ ထြက္ရွိလာႏိုင္မယ္ဆိုတဲ့ iPhone အသစ္ေတြနဲ႔ Head-to-head ယွဥ္ၿပိဳင္သြားဖို႔ Samsung ရည္႐ြယ္ထားပုံရပါတယ္။ ဒါ့အျပင္ 6.1″ နဲ႔ 6.4″ ေမာ္ဒယ္ေတြမွာ In-Display Fingerprint Sensor သုံးလာႏိုင္ၿပီး 5.8″ အမ်ိဳးအစားမွာေတာ့ အရင္ Galaxy S9 ေမာ္ဒယ္ေတြလိုမ်ိဳး ေက်ာဘက္မွာ ပါဝင္လာႏိုင္မယ္လို႔ သိရပါတယ္။ Business Insider ေျပာၾကားခ်က္အရဆိုရင္လည္း Galaxy S10 မွာ ကင္မရာ ၅ လုံးအထိ ပါဝင္လာႏိုင္ၿပီး ေက်ာဘက္ကင္မရာကို Wide Angel Option ေထာက္ပံ့လာႏိုင္ဖို႔နဲ႔ Portrait Effect ကို ေရွ႕ဘက္ကင္မရာနဲ႔ ႐ိုက္ကူးဖို႔ အသုံးျပဳလာႏိုင္မယ္လို႔ သိရပါတယ္။

New iPhone may come in 3 different variation

အခုဆိုရင္ Apple နဲ႔ Samsung တို႔က ၂၀၁၈ ခုႏွစ္အတြင္း မိတ္ဆက္လာႏိုင္မယ့္ စမတ္ဖုန္းေတြနဲ႔ ပတ္သက္လို႔ ဘယ္လို နည္းပညာနဲ႔ ထုတ္လုပ္လာမယ္ဆိုတာ အနည္းနဲ႔အမ်ား သိေနရပါၿပီ။ Apple အေနနဲ႔လည္း iPhone ေမာ္ဒယ္အသစ္ေတြမွာ OLED Panel အသုံးျပဳဖို႔ မွာယူေနၿပီျဖစ္သလို Kuo ေျပာၾကားခ်က္အရ ဆိုရင္လည္း iPhone X လို ဒီဇိုင္းမ်ိဳးနဲ႔ ထုတ္လုပ္သြားဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္ Security ပိုင္းမွာ Face ID ကို iPhone ေမာ္ဒယ္အသစ္မွာ အသုံးျပဳသြားဖြယ္ရွိေနၿပီး Samsung အေနနဲ႔ In-display Fingerprint Sensor နည္းပညာပါဝင္တဲ့ Galaxy S10 ေမာ္ဒယ္ေတြနဲ႔ Apple ကို ယွဥ္ၿပိဳင္သြားဖြယ္ရွိေနတယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္ထားပါတယ္။

2B (Akhayar)

www.akhayar.com

Ref: Business Insider, The Verge

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

In-Display Fingerprint Sensor နည်းပညာပါဝင်ပြီး မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိလာနိုင်မယ့် Galaxy S10

လာမယ့်နှစ်တွေထဲမှာ Samsung အနေနဲ့ Flagship စမတ်ဖုန်း ၃ မျိုးအတွက် ပြင်ဆင်နေတယ်လို့ သတင်းထွက်နေတဲ့အတိုင်း မကြာခဏဆိုသလို ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ အရင်တစ်ပတ်တုန်းကလည်း သြဂုတ်လမှာ မြင်တွေ့ဖွယ်ရှိတယ်လို့ သတင်းထွက်နေတဲ့ Galaxy Note 9 ပုံရိပ်တချို့ ထွက်ပေါ်ခဲ့သလို ကွေးညွတ်အသုံးပြုနိုင်မယ့် Battery ကို  Galaxy X စမတ်ဖုန်းမှာ ထည့်သွင်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ကို ထွက်ပေါ်နေတာပါ။ အခုလည်း Galaxy S10 စမတ်ဖုန်းကို မော်ဒယ် ၃ မျိုးနဲ့ ထုတ်လုပ်သွားဖွယ်ရှိတယ်ဆိုတာကို Ming-Chi Kuo ဆိုတဲ့ ပညာရှင်တစ်ယောက်က Supply Chain Source တစ်ခုကနေ ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

In-display Fingerprint Sensor

Kuo အဆိုအရဆိုရင်တော့ Galaxy S10 ကို 5.8″ ၊ 6.1″ နဲ့ 6.4″ ဆိုပြီး Screen Size ၃ မျိုးနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒါဟာ မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိလာနိုင်မယ်ဆိုတဲ့ iPhone အသစ်တွေနဲ့ Head-to-head ယှဥ်ပြိုင်သွားဖို့ Samsung ရည်ရွယ်ထားပုံရပါတယ်။ ဒါ့အပြင် 6.1″ နဲ့ 6.4″ မော်ဒယ်တွေမှာ In-Display Fingerprint Sensor သုံးလာနိုင်ပြီး 5.8″ အမျိုးအစားမှာတော့ အရင် Galaxy S9 မော်ဒယ်တွေလိုမျိုး ကျောဘက်မှာ ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။ Business Insider ပြောကြားချက်အရဆိုရင်လည်း Galaxy S10 မှာ ကင်မရာ ၅ လုံးအထိ ပါဝင်လာနိုင်ပြီး ကျောဘက်ကင်မရာကို Wide Angel Option ထောက်ပံ့လာနိုင်ဖို့နဲ့ Portrait Effect ကို ရှေ့ဘက်ကင်မရာနဲ့ ရိုက်ကူးဖို့ အသုံးပြုလာနိုင်မယ်လို့ သိရပါတယ်။

New iPhone may come in 3 different variation

အခုဆိုရင် Apple နဲ့ Samsung တို့က ၂၀၁၈ ခုနှစ်အတွင်း မိတ်ဆက်လာနိုင်မယ့် စမတ်ဖုန်းတွေနဲ့ ပတ်သက်လို့ ဘယ်လို နည်းပညာနဲ့ ထုတ်လုပ်လာမယ်ဆိုတာ အနည်းနဲ့အများ သိနေရပါပြီ။ Apple အနေနဲ့လည်း iPhone မော်ဒယ်အသစ်တွေမှာ OLED Panel အသုံးပြုဖို့ မှာယူနေပြီဖြစ်သလို Kuo ပြောကြားချက်အရ ဆိုရင်လည်း iPhone X လို ဒီဇိုင်းမျိုးနဲ့ ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် Security ပိုင်းမှာ Face ID ကို iPhone မော်ဒယ်အသစ်မှာ အသုံးပြုသွားဖွယ်ရှိနေပြီး Samsung အနေနဲ့ In-display Fingerprint Sensor နည်းပညာပါဝင်တဲ့ Galaxy S10 မော်ဒယ်တွေနဲ့ Apple ကို ယှဥ်ပြိုင်သွားဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။

2B (Akhayar)

www.akhayar.com

Ref: Business Insider, The Verge

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။