Screen အရွယ်စား အကြီးဆုံး စမတ်ဖုန်းထဲမှာ အမြဲဦးဆောင်နေတဲ့ Samsung ကတော့ Super Powerful Note10 ကို မိတ်ဆက်ခဲ့ပါပြီ။ အခုလို အစဉ်လာမပျက် ထွက်ရှိလာတဲ့ Note စီးရီးသစ်မှာ ဘာတွေ ထူးခြားသွားပြီလဲ?

Note10 နဲ့ Note10+

အရင်တုန်းက Note EdgeNote3 Neo တို့ Samsung ထုတ်ခဲ့ဖူးပေမယ့် Galaxy S လို Siblings အမွာ၊ ညီအစ်ကိုတွေ မလာဖူးပါဘူး။ ဒီတခါမှာတော့ Note10 နဲ့ Note10+ လို့ ထုတ်လိုက်သလို ပါဝင်လာတဲ့ SpecificationCamera နဲ့ Display Size တို့ကွဲသွားပြီ ဖြစ်ပါတယ်။

Note10 Duo Display

ကွာခြားချက်လေး ပြောရရင် Note10 မှာ 6.3″ Display အသုံးပြုထားပြီး Note10+ ကိုတော့ 6.8″ Display နဲ့ ရနိုင်မှာပါ။ ၂ မျိုးလုံးက Dynamic AMOLED Display သုံးထားတယ်ဆိုမယ့် Note10 မှာတော့ FHD+ Resolution ပဲ ထည့်သွင်းထားပါတယ်။

Build Quality and Design

ဒီဇိုင်းပိုင်း ပြောရမယ်ဆိုရင်တော့ Samsung Premium Flagship ဖုန်းတွေလိုပဲ ဖန်နဲ့ သတ္တုစပ် ကိုယ်ထည်ကို ကြွကြွရွရွ ကိုင်ရမှာဖြစ်ပါတယ်။ Note10 စီးရီးမှာ ဆိုရင်တော့ အလင်းရောင်အောက် အရောင်ပြေးနေတဲ့ Gradient Design နဲ့ ပေါင်းစပ်ထားလို့ Android Flagship တွေလို ဖြစ်လာပြီလို့ ပြောရမှာပါ။

Galaxy S10 မှာ Punch-hole Display သုံးခဲ့ပေမယ့် Note10 မှာတော့ Cinematic Infinity-O နဲ့ မျက်နှာ အပြည့်ဖြစ်သလောက်ရှိနေပါပြီ။ Samsung အဆိုရ Screen-to-body Ratio 90% အထက် ပိုင်ဆိုင်ထားလို့ ပိုဆွဲဆောင်မှု ရှိလာပါတယ်။

Infinity-O ရဲ့ Selfie Hole ကလည်း S10 တွေလို အကြီးကြီး မဟုတ်တဲ့အတွက် Display ပေါ်မှာ ကန့်လန့်ခံနေသလို မဖြစ်လောက်ပါဘူး။ ကင်မရာ Position ကို Huawei နဲ့ iPhone တွေလို Vertical ထားလိုက်ပြီး Rounded Edge တွေကို ဖယ်ရှားလိုက်တဲ့အတွက် ထောင့်ဆန်ဆန် ဖြစ်လာပါတယ်။

Note10 ကစလို့ Headphone ပေါက် ဖြုတ်လိုက်ပြီဆိုပေမယ့် Samsung အဆိုရ USB-C နားကြပ်တွေ ထည့်သွားမှာဖြစ်ပြီး $9.99 တန်ကြေးရှိတယ်လို့ သိရပါတယ်။

Note 10 Colours

Note10 ဆိုရင်တော့ Aura GlowAura BlackAura WhiteAura Pink နဲ့ Aura Red ရွေးနိုင်သလို Note10+ မှာတော့ Aura GlowAura BlackAura White နဲ့ Aura Blue ဆိုပြီး ရွေးနိုင်မှာပါ။

S Pen is More Powerful

Samsung Note တွေရဲ့ အရေးပါဆုံး အရာတစ်ခုဖြစ်တဲ့ S Pen ကတော့ Camera Function တစ်ခုချင်းစီကို Remote Control လုပ်နိုင်တဲ့အထိ Powerful ဖြစ်လာပါပြီ။
Gyroscope နဲ့ Accelerometer ပါထပ်ထည့်ထားတဲ့အတွက် S Pen က မှောတုတ်တံလို ဂါထာရွတ်ပြီး ဝေ့ရမ်းလိုက်တာနဲ့ Zoom In ၊ Zoom Out လုပ်နိုင်မှာဖြစ်ပါတယ်။

Camera ထူးခြားချက်

Event မှာ Samsung ထုတ်ပြလိုက်သလို AR Doodles နဲ့ 3D Scanner လုပ်ဆောင်ချက်တွေက အပျင်းဖြေဖို့ အသုံးတည့်မယ် ထင်ပါတယ်။ Video ရိုက်တာအတွက် Background Blur Feature (Bokeh) ပါဝင်လာပြီး Stabilization လုပ်ဆောင်ချက် ပိုကောင်းလာပါတယ်။
Note10 ၊ Note10+ ကင်မရာတွေနဲ့ ဆိုရင် 4K မှာ 60fps ၊ 1080p မှာ 240fps နဲ့ HDR၊ Dual Video Recording လုပ်ဆောင်ချက်တွေ ပါဝင်မှာပါ။

Note10 Camera Specification

12 MP, f/1.5-1.8-2.4, 27mm (wide), 1/2.55″, 1.4µm, Dual Pixel PDAF, OIS
12 MP, f/2.1, 52mm (telephoto), 1/3.6″, 1.0µm, AF, OIS, 2x optical zoom
16 MP, f/2.2, 12mm (ultrawide), 1.0µm,
Selfie
10 MP, f/2.2, 26mm (wide), 1.22µm, Dual Pixel PDAF

Note10+ Camera Specification

12 MP, f/1.5-1.8-2.4, 27mm (wide), 1/2.55″, 1.4µm, Dual Pixel PDAF, OIS
12 MP, f/2.1, 52mm (telephoto), 1/3.6″, 1.0µm, AF, OIS, 2x optical zoom
16 MP, f/2.2, 12mm (ultrawide), 1.0µm
TOF 3D VGA camera
Selfie
10 MP, f/2.2, 26mm (wide), 1.22µm, Dual Pixel PDAF

Samsung DeX

ဒီတစ်ခေါက်တော့ Mac နဲ့ Windows အတွက်ပါ App ထုတ်ပေးလိုက်လို့ ပိုပြည့်စုံသွားပြီလို့ ထင်ပါတယ်။
ကွန်ပျူတာနဲ့ တွဲလိုက်တာနဲ့ Data အကူး၊ ပြောင်းလိုက်ဖို့ ပိုလွယ်သွားသလို Monitor ဖန်သားပြင်မှာ Android Application တွေကို ကောင်းကောင်း အသုံးပြုနိုင်ဦးမှာပါ။

Samsung အနေနဲ့ Microsoft ရဲ့ “Your Phone” ကိုပါ ထောက်ပံ့ထားလိုက်တဲ့အတွက် အသုံးပြုရ ပိုလွယ်ကူလာပါပြီ။

ထူးခြားချက်များ

Note10 မှာ Video Recorder ပါဝင်လာပြီး S Pen နဲ့ ထိန်းချုပ်နိင်မယ်။ Samsung Account နဲ့ တိုက်ရိုက်ချိတ်ပြီး PC ဂိမ်းတွေကို Note10 ပေါ် Streaming ကစားခွင့်ပြုထားပြီဖြစ်တဲ့အတွက် Improve ဖြစ်လာပြီလို့ ပြောရမှာပါ။

Note10 မှာ Bixby ခလုတ် ဖြုတ်လိုက်ပြီဆိုပေမယ့် Power ခလုတ်ကိုပဲ ကြာကြာဖိပြီး သုံးနိုင်ပါတယ်။
ဒီလိုမသုံးချင်ရင် Setting မှာ သွားပြောင်းနိုင်တဲ့အတွက် ခါတိုင်းလို ပါဝါခလုတ် ဖိလိုက်တာနဲ့ Shutdown ၊ Restart ပေါ်မလာလို့ အနှောက်ယှက် ဖြစ်စရာ မရှိပါဘူး။

ရောင်းဈေး

Galaxy Note10 နဲ့ Note10+ စမတ်ဖုန်းတွေကို ဒေါ်လာ ၉၄၉ နဲ့ ၁,၀၉၉ အသီးသီး ရောင်းချသွားမှာပါ။
ဈေးကတော့ မပြောင်းလဲပေမယ့် Based မော်ဒယ်မှာတောင် 8GB/256GB (Note 10) နဲ့ 12GB/256GB (Note 10+) ပါလာတာက မဆိုးဘူးပြောရပါမယ်။

နောက် ဒေါ်လာ ၁၀၀ ထပ်သုံးရင် 512GB မော်ဒယ်ရနိုင်သလို Note10+ 5G မော်ဒယ်ကို ဒေါ်လာ ၁,၃၀၀ နဲ့ ရောင်းချသွားနိုင်ပါတယ်။ Pre-order ကိုတော့ သြဂုတ်လ ၂၃ ရက်နေ့မှ လက်ခံသွားမှာပါ။
ဒီလောက်ဆိုရင် Note Fan တွေ နှစ်သက်ပြီလို့ ယူဆပါတယ်။ Quick Specification လေ့လာလို့ရအောင် အောက်မှာ တစ်ခါထဲ ဖော်ပြထားပါတယ်။

Galaxy Note10
6.3″ Dynamic AMOLED Display
1080 x 2280 Resolution (401ppi)
Exynos 9825 (7nm)
8GB RAM/ 256GB Storage
3,500 mAh Battery
25W Fast Charging
USB Power Delivery 3.0
Under Display Fingerprint Sensor

Galaxy Note10+
6.8″ Dynamic AMOLED Display
1440 x 3040 Resolution (498 ppi)
Exynos 9825 (7nm)
8GB RAM/ 256GB Storage
3,500 mAh Battery
45W Fast Charging
USB Power Delivery 3.0
Under Display Fingerprint Sensor

Photos Credit: Samsung Official
2B (Akhayar)
www.akhayar.com