Samsung မိတ်ဆက်ထားလိုက်တဲ့ Galaxy Note10+ ကတော့ လက်ရှိ DxOMark King ဖြစ်သွားပါပြီ။ ခေါင်းစဉ်မှာ 5G လို့ ပြောထားပေမယ့် LTE မော်ဒယ်နဲ့ Camera သုံးတာချင်း အတူတူဆိုတော့ Note10+ လည်း ကင်မရာရမှတ် အတူတူလို့ ပြောရမှာပါ။

DxOMark ထုတ်ပြန်ချက်အရ Note10+ 5G ဟာ ၁၁၂ မှတ် ရရှိထားတဲ့ P30 Pro ကို ကျော်တက်သွားပြီး Photo Score မှာ ၁၁၈ မှတ် ရခဲ့ပါတယ်။

Main Camera အရည်သွေးက S10+ နဲ့ အတူတူပဲ ဆိုပေမယ့် Telephoto မှာ Aperture f/2.1 အသုံးပြုထားတဲ့အတွက် Low Light စွမ်းဆောင်ရည် ပိုကောင်းလာတယ်။ Bokeh နဲ့ Portrait ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ Skin Rendering သိသိသာသာ ပိုကောင်းလာတယ်လို့ သိရပါတယ်။

ဒီလိုပဲ Video ပိုင်းမှာ ၁၀၁ မှတ်ရရှိထားပြီး Note10+ နဲ့ ရိုက်ကူးထားတဲ့ 4K အရည်သွေးဟာ Level of Detail အနုစိပ် ဖော်ပေးနိုင်တယ်။ Color Dynamic Range ပိုကောင်းလာသလို Autofocus နဲ့ Object Tracking လုပ်ဆောင်ချက်တွေ မြန်ဆန်လာပြီး ပိုတိကျလာပါတယ်။

Selfie မှာဆိုရင်တော့ ၉၉ မှတ်ရထားပြီး Zenfone 6 ထက် ပိုသာသွားပါပြီ။ DxOMark အရ ဓာတ်ပုံအတွက် ၁၀၃ မှတ်၊ ဗီဒီယိုအတွက် ၉၃ မှတ်ရလိုက်တာက Zenfone ရဲ့ ၁၀၁ နဲ့ ၉၃ မှတ်ကို ကျော်သွားပါတယ်။

Note10 အတွက် DxOMark ထုတ်ပြန်ထားခြင်း မရှိပေမယ့် Note10+ နဲ့ Triple Camera အသုံးပြုတာခြင်း အတူတူဖြစ်နေတယ်။ 3D ToF Sensor ကို ထည့်ပြောထားခြင်းမရှိလို့ Note10 ရဲ့ ကင်မရာ ရမှတ်ဟာလည်း တူညီလုရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

Source: GSMArena
2B (Akhayar)
www.akhayar.com