[Zawgyi] 



 





Ref: IBTimes

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Samsung Galaxy Note 9 မှာ သိသာတဲ့ Design ပြောင်းလဲမှုကိုတွေ့ရနိုင်

Samsung ဖုန်းတွေထဲမှာ Flagship Series နှစ်ခုဖြစ်တဲ့ Galaxy S နဲ့ Galaxy Note တွေက လူကြိုက်အများဆုံး စမတ်ဖုန်းတွေပါ။ Galaxy Note ကိုတော့ Screen ကြီးကြီးနဲ့ Stylus အသုံးပြုသူတွေ သဘောကျကြပါတယ်။ Galaxy Note Fan တွေကြားမှာလည်း Note ဖုန်းတွေက အခြားဘယ်ဖုန်းနဲ့မှအစားထိုးလို့ မရနိုင်တဲ့ဖုန်းအဖြစ်ရှိနေပါတယ်။ 

Note 8 Infinity Display

 

လက်ရှိ ထွက်ထားတဲ့ Galaxy Note 8 မှာတော့ အရင်က Galaxy Note တွေထက် သိသိသာသာပိုကောင်းလာတဲ့ Feature အသစ်တွေနဲ့အတူ Design အသစ်ကိုပါတွေ့ရပါတယ်။ Galaxy Note 8 နေရာကို အစားထိုးတော့မယ့် Galaxy Note 9 မှာလည်း အခုထက်ပိုကောင်းတဲ့ Design အသစ်ကို တွေ့ရမယ်ဆိုတာသေချာပါတယ်။ လက်တလောထွက်ထားတဲ့ သတင်းတွေအရ Galaxy Note 9 မှာ Samsung ရဲ့  Infinity Display မှာ Under Display Fingerprint Scanner ကိုလည်းတွေ့ရနိုင်တယ်လို့ သိရပါတယ်။ 

Samsung Could Also Redesign the S Pen

Note 9 အတွက် OLED Display တွေကို ထုတ်လုပ်နေပြီဖြစ်ပေမယ့် Samsung Electronics ရဲ့ Vice Chairman Lee Jae-young က Galaxy Note 9 အတွက် Design ပြောင်းလဲဖို့ စီစဉ်ခဲ့တယ်ဆိုတာကို The Bell ဆိုတဲ့ ကိုရီယား Website မှာဖော်ပြထားပါတယ်။ အဲ့ဒီ Design အပြောင်းအလဲအတွက် Galaxy Note 9 ကိုမိတ်ဆက်မယ့် အချိန်က နှစ်ပတ်လောက် နောက်ကျသွားနိုင်တယ်လို့လည်း သိရပါတယ်။ 

တရုတ်နိုင်ငံထုတ် ဖုန်းတော်တော်များများက Samsung ရဲ့ Note Series ဖုန်းတွေထက် လက်ထဲမှာကိုင်လို့ပိုကောင်းတယ်ဆိုတာကို Samsung က သတိထားမိသွားပါတယ်။ အဲ့ဒီအတွက်ကြောင့် Galaxy Note 9 မှာ Design ပိုင်းက အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်နေပါတယ်။ Samsung အနေနဲ့တော့ အခုနှစ်မှာ Note Series ကို ဘယ်လိုပိုကောင်းလာအောင် လုပ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ Galaxy Note 9 ကို လာမယ့် သြဂုတ်လထဲမှာ တွေ့ရနိုင်မယ်လို့လည်း သတင်းထွက်ထားပါသေးတယ်။ 

Ref: IBTimes

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။