[Zawgyi]

Galaxy S9 ထက္ပိုၿပီး ေအာင္ျမင္ေနတဲ့ Galaxy Note 9

Samsung အသစ္စက္စက္ မိတ္ဆက္ေပးလိုက္တဲ့ Galaxy Note 9 စမတ္ဖုန္းကေတာ့ အေတာ္ေလး ေအာင္ျမင္မႈရေနတယ္လို႔ ဆိုရမယ္ထင္ပါတယ္။ ၿပီးခဲ့တဲ့အပတ္ ေစ်းကြက္ေလ့လာခ်က္ေတြအရ Pre-order မွာယူသူ အရင္ Galaxy S9 ထက္ ၁၆ ရာခိုင္ႏႈန္း မ်ားျပားေနခဲ့လို႔ Galaxy Note 8 ထက္ေတာင္ ပိုေရာင္းအားေကာင္းေနခဲ့တာပါ။

Galaxy S9

ကြၽမ္းက်င္သူေတြ သုံးသပ္ထားခ်က္အရဆိုရင္ Galaxy Note 9 စမတ္ဖုန္းဟာ Storage Size ပိုမ်ားလာသလို Battery မွာလည္း 4,000 mAh အထိ ပါဝင္လာတာက ပိုၿပီးဆြဲေဆာင္မႈရွိသြားေစတာလို႔ ေထာက္ျပထားပါတယ္။ ဘာလို႔လဲဆိုရင္ Flagship စမတ္ဖုန္းေတြထဲမွာ ေဒၚလာ ၁၃၀၀ ဝန္းက်င္နဲ႔ 512GB Storage လဲပါမယ္၊ Battery လဲ ၾကာၾကာသုံးလို႔ရမယ္၊ ကင္မရာလဲ ေကာင္းရမယ္ စတဲ့ အခ်က္ေတြ Note 9 ပိုင္ဆိုင္ထားလို႔ ဝယ္လိုအားမ်ားေနခဲ့တာပါ။ အဲ့ဒါထက္ Bluetooth လုပ္ေဆာင္ခ်က္ ပါဝင္လာတဲ့ S Pen က ထြက္ခဲ့သမွ် Note စမတ္ဖုန္းေတြထဲမွာ အေကာင္းဆုံးျဖစ္ေနတာမလို႔ ေရာင္းအားတက္လာခဲ့တာလို႔လည္း  ေျပာႏိုင္ပါတယ္။

Galaxy Note 9

ဒီလိုအခ်က္ေတြ Galaxy S9 ပိုင္ဆိုင္ထားေပမယ့္ ေရာင္းအားမေကာင္းဘူးလို႔ ညည္းတြားေနတာ Samsung ပါ။ သုေတသီတြ အဆိုရ အရင္ႏွစ္တုန္းက ထြက္ထားတဲ့ Galaxy S8 စမတ္ဖုန္းေရာင္းအားထက္ေတာင္ အေျခေနေကာင္းေနတာပါ။ ၿပီးခဲ့တဲ့ ၆ လ အတိုင္းတာအရဆိုရင္ Galaxy S9 ေရာင္းအား ၆ ရာခိုင္ႏႈန္း ပိုတက္လာခဲ့တာပါ။ ဒီေနရမွာ ကြၽမ္းက်င္သူေတြ ေျပာေနတာက ထြက္ေတာင္မထြက္ေသးဘဲ ေခါက္ခ်ိဳးထားလို႔ရမယ္၊ In-display Fingerprint Sensor ပါလာမယ္၊ Triple Camera သုံးလာဖြယ္ရွိတဲ့ Galaxy S10 ကို ဝယ္ဖို႔ေစာင့္ေနတာျဖစ္လို႔ Samsung မွန္းထားသေလာက္ ေရာင္းအားမေကာင္းေနခဲ့တာလို႔ပဲ သုံးသပ္ထားၾကပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Galaxy S9 ထက်ပိုပြီး အောင်မြင်နေတဲ့ Galaxy Note 9

Samsung အသစ်စက်စက် မိတ်ဆက်ပေးလိုက်တဲ့ Galaxy Note 9 စမတ်ဖုန်းကတော့ အတော်လေး အောင်မြင်မှုရနေတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ် စျေးကွက်လေ့လာချက်တွေအရ Pre-order မှာယူသူ အရင် Galaxy S9 ထက် ၁၆ ရာခိုင်နှုန်း များပြားနေခဲ့လို့ Galaxy Note 8 ထက်တောင် ပိုရောင်းအားကောင်းနေခဲ့တာပါ။

Galaxy S9

ကျွမ်းကျင်သူတွေ သုံးသပ်ထားချက်အရဆိုရင် Galaxy Note 9 စမတ်ဖုန်းဟာ Storage Size ပိုများလာသလို Battery မှာလည်း 4,000 mAh အထိ ပါဝင်လာတာက ပိုပြီးဆွဲဆောင်မှုရှိသွားစေတာလို့ ထောက်ပြထားပါတယ်။ ဘာလို့လဲဆိုရင် Flagship စမတ်ဖုန်းတွေထဲမှာ ဒေါ်လာ ၁၃၀၀ ဝန်းကျင်နဲ့ 512GB Storage လဲပါမယ်၊ Battery လဲ ကြာကြာသုံးလို့ရမယ်၊ ကင်မရာလဲ ကောင်းရမယ် စတဲ့ အချက်တွေ Note 9 ပိုင်ဆိုင်ထားလို့ ဝယ်လိုအားများနေခဲ့တာပါ။ အဲ့ဒါထက် Bluetooth လုပ်ဆောင်ချက် ပါဝင်လာတဲ့ S Pen က ထွက်ခဲ့သမျှ Note စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်နေတာမလို့ ရောင်းအားတက်လာခဲ့တာလို့လည်း  ပြောနိုင်ပါတယ်။

Galaxy Note 9

ဒီလိုအချက်တွေ Galaxy S9 ပိုင်ဆိုင်ထားပေမယ့် ရောင်းအားမကောင်းဘူးလို့ ညည်းတွားနေတာ Samsung ပါ။ သုတေသီတွ အဆိုရ အရင်နှစ်တုန်းက ထွက်ထားတဲ့ Galaxy S8 စမတ်ဖုန်းရောင်းအားထက်တောင် အခြေနေကောင်းနေတာပါ။ ပြီးခဲ့တဲ့ ၆ လ အတိုင်းတာအရဆိုရင် Galaxy S9 ရောင်းအား ၆ ရာခိုင်နှုန်း ပိုတက်လာခဲ့တာပါ။ ဒီနေရမှာ ကျွမ်းကျင်သူတွေ ပြောနေတာက ထွက်တောင်မထွက်သေးဘဲ ခေါက်ချိုးထားလို့ရမယ်၊ In-display Fingerprint Sensor ပါလာမယ်၊ Triple Camera သုံးလာဖွယ်ရှိတဲ့ Galaxy S10 ကို ဝယ်ဖို့စောင့်နေတာဖြစ်လို့ Samsung မှန်းထားသလောက် ရောင်းအားမကောင်းနေခဲ့တာလို့ပဲ သုံးသပ်ထားကြပါတယ်။

2B (Akhayar)

www.akhayar.com