ကောင်းမွန်တဲ့ အစနဲ့ အစပြုနိုင်ခဲ့သော်ငြား၊ အဆုံးသတ်မကောင်းခဲ့တဲ့ Galaxy Note 7 ဟာ Galaxy S8 နဲ့ S8+ ဖုန်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် သတင်းတွေ ပြန်မြုတ်သွားသလိုရှိနေခဲ့ပေမယ့် ယခုတစ်ခါ ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။ Samsung ဟာ Galaxy Note 7 ဖုန်းတွေကို တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ဇွန်လကုန်လောက်ကျရင် ပြန်လည်ရောင်းချဖို့ ပြုလုပ်နေတယ်လို့ တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ OEM က ဖော်ပြခဲ့တာပါ။ အဲ့ဒီအပြင် အဲ့လိုပြန်လည်ရောင်းချမယ့် ဖုန်းတွေဟာ ဘက်ထရီပမာဏ နည်းသွားမှာ ဖြစ်တဲ့အပြင် ဈေးနှုန်းကိုလည်း လျှော့ချထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Galaxy Note 7 ဖုန်းဟာ မနှစ်ကမှ ထွက်ခဲ့တာကြောင့် ယခုထိ သစ်လွင်နေတဲ့ အမျိုးအစားတစ်ခု ဖြစ်ပြီး စထုတ်ကာစက ဒေါ်လာ ၈၇၅နဲ့ ရောင်းချခဲ့တာပါ။ ဒါပေမယ့် ပြန်လည်ပြုပြင်ထားတဲ့ အလုံးတွေကိုတော့ ဒေါ်လာ ၆၂၀ (ကျပ် ၈၄၀,၀၀၀ ခန့်) နဲ့သာရောင်းချသွားမှာ ဖြစ်တာကြောင့် ပြုပြင်မော်ဒယ်တွေရဲ့ ဈေးနှုန်းကို ဒေါ်လာ ၂၅၀လောက်အထိ လျှော့ချထားခဲ့တာပါ။ ပြန်ပြင်အလုံးတွေမှာတော့ Samsung ဟာ Galaxy Note 7 မှာ ဖြစ်ပွားခဲ့တဲ့ ဘက်ထရီတွေကို ပြန်လည်လဲလှယ်ထားပြီဖြစ်ပြီး နဂိုမော်ဒယ်ထက် အနည်းငယ် သေးငယ်တဲ့ ပမာဏရှိတဲ့ 3000 mAh ဘက်ထရီအသစ်တွေနဲ့ ထည့်သွင်းထားတာပါ။ Samsung ဟာ Galaxy Note 7 မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြသနာကို ပြုပြင်အလုံးတွေမှာ ဘက်ထရီတွေ အစားထိုးလိုက်ခြင်းအားဖြင့် ဖြေရှင်းလိုက်ပြီ ဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ စိတ်ချယုံကြည်စွာနဲ့ ဝယ်ယူသုံးစွဲနိုင်ကြောင်းလဲ သိရပါတယ်။ Joker (Akhayar) Ref: Slash Gear ============= [Unicode]

Galaxy Note 7 ရဲ့ ပြုပြင်ထားတဲ့ အလုံးတွေကို စျေးလျှော့ရောင်းမည်