[Zawgy]

Galaxy Note 9 ထြက္ထားတာ မၾကာေသးဘူးဆိုေပမယ့္ Note 10 နဲ႔ပတ္သက္တဲ့သတင္းေတြကေတာ့ တျဖည္းျဖည္းနဲ႔ ထြက္လာေနပါၿပီ။ Galaxy Note 9 မွာ 6.4 Inch Display ကိုတပ္ေပးထားၿပီး iPhone XS Max ရဲ႕ 6.5 Inch ထက္ေတာ့ ေသးေနပါေသးတယ္။ 

Samsung က Apple ကို ယွဥ္ၿပိဳင္တိုက္ခိုက္တဲ့ေနရာမွာ အၿမဲအႏိုင္ရခ်င္တာေၾကာင့္ သူတို႔ဖုန္းေတြကို တစ္ႏွစ္ထက္တစ္ႏွစ္ ပိုေကာင္းလာေအာင္ အၿမဲႀကိဳးစားဖန္တီးပါတယ္။ Display ကိုၾကည့္မယ္ဆုိရင္လည္း Galaxy Note ဖုန္းေတြမွာပါတဲ့ Super AMOLED Display ေတြက ေစ်းကြက္ထဲက ဖုန္းေတြရဲ႕ထိပ္ဆံုးစာရင္းေတြမွာ ပါဝင္ေနတာ အခ်ိန္တစ္ခုၾကာခဲ့ပါၿပီ။ Apple ကလည္း iPhone X နဲ႔ XS ေတြမွာ OLED Display ကို သံုးထားတယ္ဆိုေပမယ့္ တကယ္တမ္းကေတာ့ Samsung ထက္ အမ်ားႀကီးပိုေကာင္းေနတာေတာ့ မဟုတ္ပါဘူး။ 

Galaxy Note 9 ကုိၾကည့္မယ္ဆိုရင္လည္း Note 8 မွာ ေတြ႔ခဲ့ရတဲ့ Super AMOLED Display ထက္ အမ်ားႀကီးပိုေကာင္းလာတာမဟုတ္ေပမယ့္ Size မွာေတာ့ 6.3 Inch ကေန 6.4 Inch ဆိုၿပီး 0.1 Inch ပိုႀကီးလာပါတယ္။ Resolution ကေတာ့ အတူတူျဖစ္ၿပီး 1440 x 2960 ရွိပါတယ္။ အခုသတင္းေပါက္လာတာကေတာ့ Galaxy Note 10 လို႔ယူဆရတဲ့ Device ျဖစ္ၿပီး Code Name အေနနဲ႔ “Da Vinci” ဆိုၿပီး ေပးထားပါတယ္။ 

Note 10 ကိုေတာ့ ဘယ္အခ်ိန္မွာ ခ်ျပမလဲဆိုတာ အတိအက်မသိရေသးေပမယ့္ Samsung အေနနဲ႔ေတာ့ အခ်ိန္ယူၿပီး Design ပိုင္းမွာ အသစ္ျဖစ္ေအာင္လုပ္ေနတာေၾကာင့္ ေနာက္က်ေကာင္းေနာက္က်ႏိုင္ပါတယ္။ Note 10 ထက္ ပိုၿပီး ေစာေစာေတြ႕ရမယ့္ Galaxy S10 ဖုန္းေတြအတြက္ေတာ့ Design အသစ္က အတည္ျပဳၿပီးၿပီျဖစ္ေပမယ့္ Samsung က လာမယ့္ ၂၀၁၉ ေဖေဖာ္ဝါရီလမွာက်င္းပမယ့္ MWC 2019 မွာပဲ ထုတ္ျပသြားမယ္လို႔ ယူဆရပါတယ္။ သင္ေရာ ေနာက္ထြက္မယ့္ Galaxy Note ေတြကို ေစာင့္ေနမွာလား ဒါမွမဟုတ္ အခုထြက္တဲ့ Note 9 ကိုပဲ ဝယ္လိုက္ေတာ့မွာလား။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Galaxy Note 10 က Display အကြီးဆုံး Note ဖြစ်လာတော့မယ်

Galaxy Note 9 ထွက်ထားတာ မကြာသေးဘူးဆိုပေမယ့် Note 10 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ တဖြည်းဖြည်းနဲ့ ထွက်လာနေပါပြီ။ Galaxy Note 9 မှာ 6.4 Inch Display ကိုတပ်ပေးထားပြီး iPhone XS Max ရဲ့ 6.5 Inch ထက်တော့ သေးနေပါသေးတယ်။ 

Samsung က Apple ကို ယှဉ်ပြိုင်တိုက်ခိုက်တဲ့နေရာမှာ အမြဲအနိုင်ရချင်တာကြောင့် သူတို့ဖုန်းတွေကို တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာအောင် အမြဲကြိုးစားဖန်တီးပါတယ်။ Display ကိုကြည့်မယ်ဆိုရင်လည်း Galaxy Note ဖုန်းတွေမှာပါတဲ့ Super AMOLED Display တွေက ဈေးကွက်ထဲက ဖုန်းတွေရဲ့ထိပ်ဆုံးစာရင်းတွေမှာ ပါဝင်နေတာ အချိန်တစ်ခုကြာခဲ့ပါပြီ။ Apple ကလည်း iPhone X နဲ့ XS တွေမှာ OLED Display ကို သုံးထားတယ်ဆိုပေမယ့် တကယ်တမ်းကတော့ Samsung ထက် အများကြီးပိုကောင်းနေတာတော့ မဟုတ်ပါဘူး။ 

Galaxy Note 9 ကိုကြည့်မယ်ဆိုရင်လည်း Note 8 မှာ တွေ့ခဲ့ရတဲ့ Super AMOLED Display ထက် အများကြီးပိုကောင်းလာတာမဟုတ်ပေမယ့် Size မှာတော့ 6.3 Inch ကနေ 6.4 Inch ဆိုပြီး 0.1 Inch ပိုကြီးလာပါတယ်။ Resolution ကတော့ အတူတူဖြစ်ပြီး 1440 x 2960 ရှိပါတယ်။ အခုသတင်းပေါက်လာတာကတော့ Galaxy Note 10 လို့ယူဆရတဲ့ Device ဖြစ်ပြီး Code Name အနေနဲ့ “Da Vinci” ဆိုပြီး ပေးထားပါတယ်။ 

Note 10 ကိုတော့ ဘယ်အချိန်မှာ ချပြမလဲဆိုတာ အတိအကျမသိရသေးပေမယ့် Samsung အနေနဲ့တော့ အချိန်ယူပြီး Design ပိုင်းမှာ အသစ်ဖြစ်အောင်လုပ်နေတာကြောင့် နောက်ကျကောင်းနောက်ကျနိုင်ပါတယ်။ Note 10 ထက် ပိုပြီး စောစောတွေ့ရမယ့် Galaxy S10 ဖုန်းတွေအတွက်တော့ Design အသစ်က အတည်ပြုပြီးပြီဖြစ်ပေမယ့် Samsung က လာမယ့် ၂၀၁၉ ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC 2019 မှာပဲ ထုတ်ပြသွားမယ်လို့ ယူဆရပါတယ်။ သင်ရော နောက်ထွက်မယ့် Galaxy Note တွေကို စောင့်နေမှာလား ဒါမှမဟုတ် အခုထွက်တဲ့ Note 9 ကိုပဲ ဝယ်လိုက်တော့မှာလား။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com