[Zawgyi]

Wonder Woman ဝတ္စံုဝတ္ျပီီး ကေလးေတြကို Surprise လုပ္ခဲ့တဲ့ Gal Gadot

Gal Gadot ဟာ သူ႔ရဲ႕ စူပါဟီးရိုးဝတ္စံုကို ဆင္ျမန္းျပီး ကေလးေတြကို အံအားသင့္ေပ်ာ္ရႊင္ေအာင္ လုပ္ေပးရင္း ျပင္ပကမာၻထဲမွာပါ သူရဲေကာင္းတစ္ေယာက္လို ျပဳမူခဲ့ပါတယ္။ သူဟာ Wonder Woman ဝတ္စံုဝတ္ဆင္ျပီး ကေလးေတြရွိတဲ့ ေဆးရံုကို ျပီးခဲ့တဲ့ ေသာၾကာေန႔က သြားေရာက္လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ (၃၃) ႏွစ္ရွိျပီျဖစ္တဲ့ မမ Gal ဟာ Inova ကေလးေဆးရံုကို သြားျပီး ကေလးေတြကို သြားေရာက္အားေပးခဲ့ပါတယ္။ Gal Gadot ဟာ ၂၀၁၆ ခုႏွစ္က DC ရဲ႕ ‘Wonder Woman (2017)’ ဇာတ္ကားမွာ ပါဝင္ခဲ့ျပီး ‘Wonder Woman 1984’ ဇာတ္ကားမွာလည္း ဆက္လက္သရုပ္ေဆာင္မွာ ျဖစ္ပါတယ္။

Gal Gadot တစ္ေယာက္ ဒီလို လာလည္တဲ့အတြက္ ကေလးေတြတင္မဟုတ္ဘဲ ဆရာဝန္ေတြ၊ သူနာျပဳေတြပါ ေပ်ာ္ရႊင္ခဲ့ၾကျပီး လူမႈကြန္ရက္မွာ သူနဲ႔ ရိုက္ထားတဲ့ ဓာတ္ပုံေတြ အလုအယက္တင္ခဲ့ၾကပါတယ္။

Gal Gadot ပါဝင္တဲ့ ‘Wonder Woman 1984’ ဇာတ္ကားကိုေတာ့ ၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာလ ၁ ရက္ေန႔မွာ ျပသဖို႔ လ်ာထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : foxnews.com
[Unicode]

Wonder Woman ဝတ်စုံဝတ်ပြီး ကလေးတွေကို Surprise လုပ်ခဲ့တဲ့ Gal Gadot

Gal Gadot ဟာ သူ့ရဲ့ စူပါဟီးရိုးဝတ်စုံကို ဆင်မြန်းပြီး ကလေးတွေကို အံအားသင့်ပျော်ရွှင်အောင် လုပ်ပေးရင်း ပြင်ပကမ္ဘာထဲမှာပါ သူရဲကောင်းတစ်ယောက်လို ပြုမူခဲ့ပါတယ်။ သူဟာ Wonder Woman ဝတ်စုံဝတ်ဆင်ပြီး ကလေးတွေရှိတဲ့ ဆေးရုံကို ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ မမ Gal ဟာ Inova ကလေးဆေးရုံကို သွားပြီး ကလေးတွေကို သွားရောက်အားပေးခဲ့ပါတယ်။ Gal Gadot ဟာ ၂၀၁၆ ခုနှစ်က DC ရဲ့ ‘Wonder Woman (2017)’ ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး ‘Wonder Woman 1984’ ဇာတ်ကားမှာလည်း ဆက်လက်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Gal Gadot တစ်ယောက် ဒီလို လာလည်တဲ့အတွက် ကလေးတွေတင်မဟုတ်ဘဲ ဆရာဝန်တွေ၊ သူနာပြုတွေပါ ပျော်ရွှင်ခဲ့ကြပြီး လူမှုကွန်ရက်မှာ သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ အလုအယက်တင်ခဲ့ကြပါတယ်။

Gal Gadot ပါဝင်တဲ့ ‘Wonder Woman 1984’ ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြသဖို့ လျာထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : foxnews.com