[Zawgyi]

Wonder Woman 1984 ရဲ႕ ရိုက္ကြင္းေပၚက ဓာတ္ပံုေတြကို ေဖာ္ျပလိုက္တဲ့ Gal Gadot

ကၽြန္ေတာ္တို႔ရဲ႕ အခ်စ္ေတာ္ၾကီး မမ Gal Galdot ကေတာ့ သူပါဝင္သရုပ္ေဆာင္ေနတဲ့ Wonder Woman 1984 ရဲ႕ ရုိက္ကြင္းေပၚက ပံုေတြကို အခုလို ေဖာ္ျပေပးလုိက္ပါတယ္။ ပံုထဲမွာ Gal Gadot ဟာ Wonder Woman ဝတ္စံုနဲ႔ လွပေနျပီး ဒီဝတ္စံုဟာ ပထမဇာတ္ကားထဲက ဝတ္စံုပဲလား၊ အသစ္ျပန္ဖန္တီးထားတဲဲ့ ဝတ္စံုလားဆုိတာေတာ့ ခြဲမရေသးပါဘူး။

Gal တင္မဟုတ္ဘဲ Wonder Woman ရဲ႕ ဒါရိ္ုက္တာ Patty Jenkins ကလည္း ခုလက္ရွိ ရိုက္ကူးေနတဲ့ Wonder Woman 1984 ရဲ့ ရုိက္ကြင္းေပၚက ပံုရိပ္ေတြကို အျမည္းေဖာ္ျပေပးထားတာေတြ ရွိပါတယ္။ ပထမပံုကေတာ့ Steve Trevor ေနရာက သရုပ္ေဆာင္တဲ့ Chris Pine ရဲ႕ ပံုနဲ႔

Chris Pine

Chris Pine

ေနာက္တစ္ပုံကေတာ့ ၁၉၈၀ စတုိင္ Pop Culture ပံုစံ Monitor ေတြေရွ႕မွာ Diana Prince ေနရာက သရုပ္ေဆာင္တဲ့ Gal Gadot ရဲ႕ ပံုျဖစ္ပါတယ္။

ရိုက္ကြင္းေပၚက Gal Gadot

Wonder Woman 1984 ရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ Kristen Wiig က Cheetah ရဲ႕ ေနရာမွာ သရုပ္ေဆာင္မွာ ျဖစ္ျပီး Game of Thrones မွာပါတဲ့ Pedro Pascal ဟာလည္း ဒီဇာတ္ကားမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

Wonder Woman 1984 ဇာတ္ကားကိုေတာ့ ၂၀၁၉ ခုႏွစ္၊ ႏုိဝင္ဘာလ ၁ ရက္ေန႔မွာ ျပသဖို႔ လ်ာထားတာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : ew.com
[Unicode]

Wonder Woman 1984 ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို ဖော်ပြလိုက်တဲ့ Gal Gadot

ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး မမ Gal Galdot ကတော့ သူပါဝင်သရုပ်ဆောင်နေတဲ့ Wonder Woman 1984 ရဲ့ ရိုက်ကွင်းပေါ်က ပုံတွေကို အခုလို ဖော်ပြပေးလိုက်ပါတယ်။ ပုံထဲမှာ Gal Gadot ဟာ Wonder Woman ဝတ်စုံနဲ့ လှပနေပြီး ဒီဝတ်စုံဟာ ပထမဇာတ်ကားထဲက ဝတ်စုံပဲလား၊ အသစ်ပြန်ဖန်တီးထားတဲ့ ဝတ်စုံလားဆိုတာတော့ ခွဲမရသေးပါဘူး။

Gal တင်မဟုတ်ဘဲ Wonder Woman ရဲ့ ဒါရိုက်တာ Patty Jenkins ကလည်း ခုလက်ရှိ ရိုက်ကူးနေတဲ့ Wonder Woman 1984 ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို အမြည်းဖော်ပြပေးထားတာတွေ ရှိပါတယ်။ ပထမပုံကတော့ Steve Trevor နေရာက သရုပ်ဆောင်တဲ့ Chris Pine ရဲ့ ပုံနဲ့

Chris Pine

Chris Pine

နောက်တစ်ပုံကတော့ ၁၉၈၀ စတိုင် Pop Culture ပုံစံ Monitor တွေရှေ့မှာ Diana Prince နေရာက သရုပ်ဆောင်တဲ့ Gal Gadot ရဲ့ ပုံဖြစ်ပါတယ်။

ရိုက်ကွင်းပေါ်က Gal Gadot

Wonder Woman 1984 ရဲ့ ထူးခြားချက်တစ်ခုကတော့ Kristen Wiig က Cheetah ရဲ့ နေရာမှာ သရုပ်ဆောင်မှာ ဖြစ်ပြီး Game of Thrones မှာပါတဲ့ Pedro Pascal ဟာလည်း ဒီဇာတ်ကားမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Wonder Woman 1984 ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြသဖို့ လျာထားတာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : ew.com