[Zawgyi]

‘Red Notice’ ဇာတ္ကားသစ္ကို အတူတြဲရိုက္ကူးမယ့္ Gal Gadot နဲ႔ Dwayne Johnson

‘Wonder Woman’ ၾကီး Gal Gadot နဲ႔  ‘Jumanji’ ရဲ႕ Dwayne Johnson တို႔ ႏွစ္ေယာက္ကို ‘Red Notice’ ဆိုတဲ့ အက္ရွင္ဇာတ္ကားသစ္မွာ အတူတြဲျပီး သရုပ္ေဆာင္တာကို ေတြ႔ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၁ ခုႏွစ္မွာ ရုိက္ကူးခဲ့တဲ့ ‘Fast Five’ ၊ ၂၀၁၃ မွာ ရိုက္ကူးခဲ့တဲ့ ‘Fast & Furious 6’ နဲ႔ ၂၀၁၅ ခုႏွစ္မွာ ရိုက္ကူးတဲ့ ‘Furious 7’ ဇာတ္ကားတို႔ မွာ အတူတြဲျပီး သရုပ္ေဆာင္ဖူးၾကပါတယ္။

Fast and Furious သရုပ္ေဆာင္စဥ္က

Fast and Furious သရုပ္ေဆာင္စဥ္က

Gal Gadot နဲ႔ Dwayne Johnson

Gal Gadot နဲ႔ Dwayne Johnson

‘Red Notice’ ရဲ႕ ဇာတ္လမ္းကေတာ့ အခုထိျပင္ဆင္ဆဲပဲ ရွိေသးျပီး ေနာက္ထပ္ေခါင္းေဆာင္မင္းသားတစ္ေယာက္ ပါဝင္ဖြယ္ရွိေနပါတယ္။ အခုေနာက္ပို္င္းသရုပ္ေဆာင္ေၾကး ဝင္ေငြျမင့္ျမင့္မားမားရေနတဲ့ Dwayne Johnson အတြက္ေတာ့ ‘Red Notice’ ဇာတ္ကားမွာလည္း ေဒၚလာ ၂၁သန္းေလာက္ သရုပ္ေဆာင္ေၾကးရရွိမွာ ျဖစ္ပါတယ္။

‘Red Notice’ ဇာတ္ကားကို ၂၀၂၀ ခုႏွစ္မွာ ျပသဖို႔ စီစဥ္ထားျပီး ဒါရိုက္တာ Rawson Marshall Thurber ရုိက္ကူးမွာ ျဖစ္ပါတယ္။ Rawson Marshall နဲ႔ Johnson တို႔ဟာ အေရွ႕မွာ ‘Central Intelligence’ နဲ႔ ‘Skyscraper’ ဇာတ္ကားတို႔မွာ လက္တြဲရိုက္ကူးခဲ့ဖူးပါတယ္။ ဒါရိုက္တာ Thurber ဟာ Gal Gadot ရဲ႕ ‘Wonder Woman 2’ ရုိက္ကူးေနတဲ့ လန္ဒန္ကို အေရာက္သြားျပီး ‘Red Notice’ ဇာတ္ကားကို ရိုက္ကူးေပးဖို႔ ေဖ်ာင္းဖ်ခဲ့တယ္လို႔ ဆုိပါတယ္။

Skyscraper ရိုက္ကြင္းေပၚက Dwayne Johnson

Skyscraper ရိုက္ကြင္းေပၚက Dwayne Johnson

Wonder Woman 1984 ရိုက္ကြင္းေပၚက Gal Gadot

Wonder Woman 1984 ရိုက္ကြင္းေပၚက Gal Gadot

ဒါေၾကာင့္ ‘Fast and Furious’ ေတြဇာတ္ကားေနာက္ပိုင္း Gal Gadot နဲ႔ Dwayne Johnson တုိ႔ အတြဲကို ထူးထူးျခားျခား ျပန္လည္ ျမင္ေတြ႔ရဖြယ္ရွိေနပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref :nme.com
[Unicode]

‘Red Notice’ ဇာတ်ကားသစ်ကို အတူတွဲရိုက်ကူးမယ့် Gal Gadot နဲ့ Dwayne Johnson

‘Wonder Woman’ ကြီး Gal Gadot နဲ့  ‘Jumanji’ ရဲ့ Dwayne Johnson တို့ နှစ်ယောက်ကို ‘Red Notice’ ဆိုတဲ့ အက်ရှင်ဇာတ်ကားသစ်မှာ အတူတွဲပြီး သရုပ်ဆောင်တာကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ‘Fast Five’ ၊ ၂၀၁၃ မှာ ရိုက်ကူးခဲ့တဲ့ ‘Fast & Furious 6’ နဲ့ ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးတဲ့ ‘Furious 7’ ဇာတ်ကားတို့ မှာ အတူတွဲပြီး သရုပ်ဆောင်ဖူးကြပါတယ်။

Fast and Furious သရုပ်ဆောင်စဉ်က

Fast and Furious သရုပ်ဆောင်စဉ်က

Gal Gadot နဲ့ Dwayne Johnson

Gal Gadot နဲ့ Dwayne Johnson

‘Red Notice’ ရဲ့ ဇာတ်လမ်းကတော့ အခုထိပြင်ဆင်ဆဲပဲ ရှိသေးပြီး နောက်ထပ်ခေါင်းဆောင်မင်းသားတစ်ယောက် ပါဝင်ဖွယ်ရှိနေပါတယ်။ အခုနောက်ပိုင်းသရုပ်ဆောင်ကြေး ဝင်ငွေမြင့်မြင့်မားမားရနေတဲ့ Dwayne Johnson အတွက်တော့ ‘Red Notice’ ဇာတ်ကားမှာလည်း ဒေါ်လာ ၂၁သန်းလောက် သရုပ်ဆောင်ကြေးရရှိမှာ ဖြစ်ပါတယ်။

‘Red Notice’ ဇာတ်ကားကို ၂၀၂၀ ခုနှစ်မှာ ပြသဖို့ စီစဉ်ထားပြီး ဒါရိုက်တာ Rawson Marshall Thurber ရိုက်ကူးမှာ ဖြစ်ပါတယ်။ Rawson Marshall နဲ့ Johnson တို့ဟာ အရှေ့မှာ ‘Central Intelligence’ နဲ့ ‘Skyscraper’ ဇာတ်ကားတို့မှာ လက်တွဲရိုက်ကူးခဲ့ဖူးပါတယ်။ ဒါရိုက်တာ Thurber ဟာ Gal Gadot ရဲ့ ‘Wonder Woman 2’ ရိုက်ကူးနေတဲ့ လန်ဒန်ကို အရောက်သွားပြီး ‘Red Notice’ ဇာတ်ကားကို ရိုက်ကူးပေးဖို့ ဖျောင်းဖျခဲ့တယ်လို့ ဆိုပါတယ်။

Skyscraper ရိုက်ကွင်းပေါ်က Dwayne Johnson

Skyscraper ရိုက်ကွင်းပေါ်က Dwayne Johnson

Wonder Woman 1984 ရိုက်ကွင်းပေါ်က Gal Gadot

Wonder Woman 1984 ရိုက်ကွင်းပေါ်က Gal Gadot

ဒါကြောင့် ‘Fast and Furious’ တွေဇာတ်ကားနောက်ပိုင်း Gal Gadot နဲ့ Dwayne Johnson တို့ အတွဲကို ထူးထူးခြားခြား ပြန်လည် မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref :nme.com