[Zawgyi]

ကာတာကလပ္ အယ္လ္ဆက္ဒ္ကို ေျပာင္းေရႊ႕ခဲ့တဲ့ အက္သလက္တီကို အသင္းေခါင္းေဆာင္ ဂါဘီ Gabi

အက္သလက္တီကိုအသင္းကို စြန္႔ခြာၿပီး ကာတာကလပ္ အယ္လ္ဆက္ဒ္အသင္းကို ေျပာင္းေရႊ႕ေတာ့မွာျဖစ္ေၾကာင္း အသင္းေခါင္းေဆာင္ ဂါဘီ Gabi က တရားဝင္ေၾကညာခဲ့ပါတယ္။ နည္းျပ ဆီျမြန္နီ Simeone အပါအဝင္ အသင္းရဲ႕ ဘုတ္အဖဲြ႔ဝင္ေတြနဲ႔ ျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးမႈေတြအၿပီးမွာ အသင္းကို စြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အသက္ (၃၄)ႏွစ္ရွိ ဝါရင့္ကြင္းလယ္လူ ဂါဘီ Gabi ဟာ အယ္လ္ဆက္ဒ္အသင္းနဲ႔ (၃)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ေပါင္ (၁၉)သန္းအထိ ရရွိမွာျဖစ္ပါတယ္။ အယ္လ္ဆက္ဒ္အသင္းမွာ ဘာစီလိုနာကြင္းလယ္လူေဟာင္း ဇာဗီ Xavi က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတာျဖစ္ၿပီး စပိန္အသင္းရဲ႕ ဂႏၳဝင္ကြင္းလယ္လူေဟာင္းနဲ႔ ဂါဘီ Gabi တို႔  ပူးေပါင္းသြားရမွာျဖစ္ပါတယ္။ ဂါဘီ Gabi ဟာ ၂၀၁၁ ခုႏွစ္မွာ ဇာရာဂိုဇာအသင္းကေန အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစံု (၃၄၉)ပြဲ ကစားေပးခဲ့တဲ့ ဝါရင့္ကြင္းလယ္လူ တစ္ဦးျဖစ္ပါတယ္။

Gabi

Gabi

အက္သလက္တီကိုအသင္းဟာ ဂါဘီ Gabi အသင္းကထြက္ခြာသြားခဲ့လို႔ အသင္းေခါင္းေဆာင္အျဖစ္ ေနာက္ခံလူ ဂိုဒင္ Godin ကို တာဝန္ေပးအပ္ခဲ့ၿပီး ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ကိုကီ Koke က တာဝန္ယူသြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဂါဘီ Gabi အေနနဲ႔ အက္သလက္တီကိုအသင္းမွာ ကစားခဲ့တဲ့ (၇)ရာသီအတြင္း ယူရိုပါလိဂ္ခ်န္ပီယံဆု (၂)ႀကိမ္ အပါအဝင္ လာလီဂါဖလား၊ စပိန္ဘုရင့္ဖလား၊ ဥေရာပစူပါဖလားနဲ႔ စပိန္စူပါဖလားတို႔ကို ရရွိေအာင္ အဓိက ကစားသမားတစ္ဦးအျဖစ္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အက္သလက္တီကိုအသင္းဟာ ဂါဘီ Gabi ရဲ႕ ေနရာမွာ အစားထိုးဖို႔ ဗီလာရီးယဲလ္အသင္းရဲ႕ စပိန္လူငယ္ကြင္းလယ္လူ ရိုဒရီ Rodri ကို အေစာပိုင္းကတည္းက ေခၚယူထားခဲ့တာျဖစ္ပါတယ္။

REF:AS
Photo:Goal, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကာတာကလပ် အယ်လ်ဆက်ဒ်ကို ပြောင်းရွှေ့ခဲ့တဲ့ အက်သလက်တီကို အသင်းခေါင်းဆောင် ဂါဘီ Gabi

အက်သလက်တီကိုအသင်းကို စွန့်ခွာပြီး ကာတာကလပ် အယ်လ်ဆက်ဒ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း အသင်းခေါင်းဆောင် ဂါဘီ Gabi က တရားဝင်ကြေညာခဲ့ပါတယ်။ နည်းပြ ဆီမြွန်နီ Simeone အပါအဝင် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအပြီးမှာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် (၃၄)နှစ်ရှိ ဝါရင့်ကွင်းလယ်လူ ဂါဘီ Gabi ဟာ အယ်လ်ဆက်ဒ်အသင်းနဲ့ (၃)နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ပေါင် (၁၉)သန်းအထိ ရရှိမှာဖြစ်ပါတယ်။ အယ်လ်ဆက်ဒ်အသင်းမှာ ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီ Xavi က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတာဖြစ်ပြီး စပိန်အသင်းရဲ့ ဂန္ထဝင်ကွင်းလယ်လူဟောင်းနဲ့ ဂါဘီ Gabi တို့  ပူးပေါင်းသွားရမှာဖြစ်ပါတယ်။ ဂါဘီ Gabi ဟာ ၂၀၁၁ ခုနှစ်မှာ ဇာရာဂိုဇာအသင်းကနေ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၄၉)ပွဲ ကစားပေးခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ တစ်ဦးဖြစ်ပါတယ်။

Gabi

Gabi

အက်သလက်တီကိုအသင်းဟာ ဂါဘီ Gabi အသင်းကထွက်ခွာသွားခဲ့လို့ အသင်းခေါင်းဆောင်အဖြစ် နောက်ခံလူ ဂိုဒင် Godin ကို တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကိုကီ Koke က တာဝန်ယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂါဘီ Gabi အနေနဲ့ အက်သလက်တီကိုအသင်းမှာ ကစားခဲ့တဲ့ (၇)ရာသီအတွင်း ယူရိုပါလိဂ်ချန်ပီယံဆု (၂)ကြိမ် အပါအဝင် လာလီဂါဖလား၊ စပိန်ဘုရင့်ဖလား၊ ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရရှိအောင် အဓိက ကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဂါဘီ Gabi ရဲ့ နေရာမှာ အစားထိုးဖို့ ဗီလာရီးယဲလ်အသင်းရဲ့ စပိန်လူငယ်ကွင်းလယ်လူ ရိုဒရီ Rodri ကို အစောပိုင်းကတည်းက ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

REF:AS
Photo:Goal, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com