[Zawgyi]

CMHL ပြဲမွာ Gfatt နဲ႕ တြဲဖက္သီဆုိေဖ်ာ္ေျဖခဲ့တဲ့ အိမ့္ခ်စ္ရဲ႕ ပုံရိပ္မ်ား

ဂီတေလာကမွာ ဖခင္ျဖစ္သူ ခ်စ္ေကာင္းရဲ႕ အေမြကုိဆက္ခံတဲ့ အဆုိေတာ္အိမ့္ခ်စ္ကေတာ့ ဖခင္ရဲ႕ အရွိန္အ၀ါေၾကာင့္ပဲမဟုတ္ပဲ ပင္ကုိယ္အသံပါ၀ါေကာင္းသူမုိ႕လည္း ပရိသတ္အားေပးမႈတခဲနက္ရရွိထားပါတယ္။ လက္ရွိမွာ ကုိယ္ပုိင္သံစဥ္သီခ်င္းေတြနဲ႕အတူ ေအာင္ျမင္တဲ့ အဆုိေတာ္တစ္ဦးအျဖစ္ ရပ္တည္ေနတဲ့ အိမ့္ခ်စ္ဟာ ၾသဂုတ္လ(6)ရက္ေန႕က CMHL Staff Party မွာ သြားေရာက္ေဖ်ာ္ေျဖခဲ့တယ္လုိ႕သိရပါတယ္။

အိမ့္ခ်စ္ဟာ Gfatt နဲ႕အတူ “မင္းသမီးနဲ႕ကၽြန္ေတာ္” သီခ်င္းကုိ အတြဲညီညီသီဆုိခဲ့ၾကျပီး City Mart ၊ Market Place နဲ႕ Ocean ရဲ႕  ၀န္ထမ္းေပါင္း(၇)ေထာင္ေက်ာ္ေရွ႕မွာ ေဖ်ာ္ေျဖရတာမုိ႕ ေပ်ာ္စရာေကာင္းတဲ့အေၾကာင္းကိုလည္း သူမရဲ႕ လူမႈကြန္ရက္မွာ ေရးသားမွ်ေ၀ထားပါတယ္။

သြက္လက္တဲ့အေျပာအဆုိဟန္ပန္ေလးေတြနဲ႕အတူ ခ်စ္စရာေကာင္းေနတဲ့ အိမ့္ခ်စ္ကေတာ့ “ေနျပည္ေတာ္ CMHL Yangon ပြဲႀကီးႏွစ္ပြဲလံုးေတာ့ ေအာင္ျမင္စြာ
ေဖ်ာ္ေျဖေပးခဲ့ၿပီးၿပီဒါက မေန႔ကညေနပိုင္းဆိုခဲ့တဲ့ပံုေတြ
ဝန္ထမ္း ၇၀၀၀ ေက်ာ္ကို ေဖ်ာ္ေျဖေပးရတာ
တကယ္ေပ်ာ္စရာႀကီး
ေနျပည္ေတာ္ ေမာ္လၿမိဳင္ မႏၲေလး ေရ Ready ေနာ္.!”” လုိ႕ ဆုိပါတယ္။
အိမ့္ခ်စ္ ရဲ႕ ေဖ်ာ္ေျဖပြဲပုံရိပ္ေတြကုိ ပရိသတ္ေတြၾကည့္ရင္း အေပ်ာ္ေတြကူးစက္မယ္လုိ႕ေမွ်ာင္လင့္ပါတယ္။

Photos Credit – AyezawmoeSettmu,Eain Chit

ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

CMHL ပွဲမှာ Gfatt နဲ့ တွဲဖက်သီဆိုဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်ရဲ့ ပုံရိပ်များ

ဂီတလောကမှာ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ အမွေကိုဆက်ခံတဲ့ အဆိုတော်အိမ့်ချစ်ကတော့ ဖခင်ရဲ့ အရှိန်အဝါကြောင့်ပဲမဟုတ်ပဲ ပင်ကိုယ်အသံပါဝါကောင်းသူမို့လည်း ပရိသတ်အားပေးမှုတခဲနက်ရရှိထားပါတယ်။ လက်ရှိမှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ အိမ့်ချစ်ဟာ သြဂုတ်လ(၇)ရက်နေ့က CMHL Staff Party မှာ သွားရောက်ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။

Gfatt and Eain Chit

အိမ့်ချစ်ဟာ Gfatt နဲ့အတူ “မင်းသမီးနဲ့ကျွန်တော်” သီချင်းကို အတွဲညီညီသီဆိုခဲ့ကြပြီး City Mart ၊ Market Place နဲ့ Ocean ရဲ့  ဝန်ထမ်းပေါင်း(၇)ထောင်ကျော်ရှေ့မှာ ဖျော်ဖြေရတာမို့ ပျော်စရာကောင်းတဲ့အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ရက်မှာ ရေးသားမျှဝေထားပါတယ်။


သွက်လက်တဲ့အပြောအဆိုဟန်ပန်လေးတွေနဲ့အတူ ချစ်စရာကောင်းနေတဲ့ အိမ့်ချစ်ကတော့ “နေပြည်တော် CMHL Yangon ပွဲကြီးနှစ်ပွဲလုံးတော့ အောင်မြင်စွာ
ဖျော်ဖြေပေးခဲ့ပြီးပြီဒါက မနေ့ကညနေပိုင်းဆိုခဲ့တဲ့ပုံတွေ
ဝန်ထမ်း ၇၀၀၀ ကျော်ကို ဖျော်ဖြေပေးရတာ
တကယ်ပျော်စရာကြီး
နေပြည်တော် မော်လမြိုင် မန္တလေး ရေ Ready နော်.!”” လို့ ဆိုပါတယ်။
အိမ့်ချစ် ရဲ့ ဖျော်ဖြေပွဲပုံရိပ်တွေကို ပရိသတ်တွေကြည့်ရင်း အပျော်တွေကူးစက်မယ်လို့မျှောင်လင့်ပါတယ်။

Photos Credit – AyezawmoeSettmu,Eain Chit

ကြည်သာ (Akhayar)

www.akhayar.com