[Zawgyi]

ျပတ္စဲသြားျပန္ျပီျဖစ္တဲ့ G-Eazy နဲ႔ Halsey တို႔ စံုတြဲ

လမ္းခြဲျပတ္စဲအျပီးမွာ ၂လေလာက္ျပန္တြဲခဲ့ၾကတဲ့ G-Eazy နဲ႔ Halsey တို႔အတြဲဟာ အခုေတာ့ ျပန္ခြာျပဲသြားၾကျပန္ပါျပီ။ အတြင္းလူေတြကေတာ့ “ဇာတ္လမ္းက ထပ္ျပီးသြားျပန္ပါျပီ။ G-Eazy ဟာ ျပီးခဲ့တဲ့ စေန၊ တနဂၤေႏြတုန္းကေတာ့ ပါတီေတြပဲ ေပးေနျပီး ေကာင္မေလးေတြနဲ႔ ပလူပ်ံေနတာပါပဲ၊ သူ႔ကို ဘယ္သူၾကည့္ေနလဲဆိုတာ ဂရုစိုက္တဲ့ပံုလည္း မေပၚပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ႏွစ္ဘက္စလံုးက ဒီသတင္းကို ဘာမွ ထင္ျမင္ခ်က္မေပးေသးပါဘူး။ ျပီးခဲ့တဲ့ အပတ္တည္းက သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကို တစ္ေယာက္ Social Media မွာ Unfollow လုပ္ခဲ့ၾကတာပါ။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၇ ခုႏွစ္ေႏြရာသီက စတြဲခဲ့ၾကျပီး ၂၀၁၈ ခုႏွစ္ ဇူလိုင္မွာေတာ့ Halsey ဟာ သူတုိ႔ ႏွစ္ေယာက္ျပတ္သြားျပီဆုိတာ အတည္ျပဳခဲ့ၾကပါတယ္။

အဲဒီတုန္းက Halsey ဟာ “ဒီကိစၥကို ပုဂၢိဳလ္ေရးကိစၥအေနနဲ႔ ထားခ်င္ေပမယ့္ Cele ဆိုတဲ့ သေဘာသဘာဝအရ ပရိသတ္ေတြကို သတိေပးဖို႔ လိုပါတယ္။ G-Eazy နဲ႔ ကၽြန္မျပတ္စဲသြားပါျပီ” လို႔ Instagram မွာ ေၾကညာခဲ့တာပါ။

ဒီလို ျပတ္စဲမႈဟာ ၾကာရွည္မခံဘဲ ၾသဂုတ္လမွာ ျပဳလုပ္ခဲ့တဲ့ MTV Video Music Awards မွာ လက္ေတြခ်ိတ္ျပီး ပြဲတက္လာၾကလို႔ ျပန္တြဲေနျပီလို႔ သတင္းထြက္ခဲ့ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း Instagram မွာ ရိုၾကျပီးမွ အခုေတာ့ ျပန္လည္ခြာျပဲသြားၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပရိသတ္ၾကီးလည္း ရည္းစားေဟာင္းကို ျပန္တြဲတာ ေကာင္းလား၊ မေကာငး္လား ေျဖၾကည့္ေပးပါဦး။

Yoe Lu (Akhayar)

www.akhayar.com

Source : Eonline.com
[Unicode]

ပြတ်စဲသွားပြန်ပြီဖြစ်တဲ့ G-Eazy နဲ့ Halsey တို့ စုံတွဲ

လမ်းခွဲပြတ်စဲအပြီးမှာ ၂လလောက်ပြန်တွဲခဲ့ကြတဲ့ G-Eazy နဲ့ Halsey တို့အတွဲဟာ အခုတော့ ပြန်ခွာပြဲသွားကြပြန်ပါပြီ။ အတွင်းလူတွေကတော့ “ဇာတ်လမ်းက ထပ်ပြီးသွားပြန်ပါပြီ။ G-Eazy ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းကတော့ ပါတီတွေပဲ ပေးနေပြီး ကောင်မလေးတွေနဲ့ ပလူပျံနေတာပါပဲ၊ သူ့ကို ဘယ်သူကြည့်နေလဲဆိုတာ ဂရုစိုက်တဲ့ပုံလည်း မပေါ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

နှစ်ဘက်စလုံးက ဒီသတင်းကို ဘာမှ ထင်မြင်ချက်မပေးသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်တည်းက သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် Social Media မှာ Unfollow လုပ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်နွေရာသီက စတွဲခဲ့ကြပြီး ၂၀၁၈ ခုနှစ် ဇူလိုင်မှာတော့ Halsey ဟာ သူတို့ နှစ်ယောက်ပြတ်သွားပြီဆိုတာ အတည်ပြုခဲ့ကြပါတယ်။

အဲဒီတုန်းက Halsey ဟာ “ဒီကိစ္စကို ပုဂ္ဂိုလ်ရေးကိစ္စအနေနဲ့ ထားချင်ပေမယ့် Cele ဆိုတဲ့ သဘောသဘာဝအရ ပရိသတ်တွေကို သတိပေးဖို့ လိုပါတယ်။ G-Eazy နဲ့ ကျွန်မပြတ်စဲသွားပါပြီ” လို့ Instagram မှာ ကြေညာခဲ့တာပါ။

ဒီလို ပြတ်စဲမှုဟာ ကြာရှည်မခံဘဲ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ MTV Video Music Awards မှာ လက်တွေချိတ်ပြီး ပွဲတက်လာကြလို့ ပြန်တွဲနေပြီလို့ သတင်းထွက်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း Instagram မှာ ရိုကြပြီးမှ အခုတော့ ပြန်လည်ခွာပြဲသွားကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်ကြီးလည်း ရည်းစားဟောင်းကို ပြန်တွဲတာ ကောင်းလား၊ မကောင်းလား ဖြေကြည့်ပေးပါဦး။

Yoe Lu (Akhayar)

www.akhayar.com

Source : Eonline.com