Ja Rule ရဲ့ Luxury music faestival ပွဲတစ်ခုဖြစ်တဲ့ “Fyre Fest” ပွဲကတော့ အစကောင်းပေမယ့် အနှောင်းမသေချာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီပွဲဟာ Festival Ground အတွင်းမှာ Toilet နဲ့ Tent တွေမလုံလောက်ခဲ့တာလို ပြသနာအကြောင်းတွေကြောင့် မစခင်မှာပဲ ဖျက်သိမ်းသွားခဲ့လို့ပါ။ ဒီအထဲမှာ ဒီပွဲနဲ့ ပတ်သက်ပြီး Instagram မှာ နာမည်ကြီးတဲ့ မော်ဒယ်တွေ၊ Celebrities တွေနဲ့လည်း ကြော်ငြာခဲ့ပါတယ်။ ဒါကြောင့် Social Media မှာ ကြော်ငြာတဲ့ အလုပ်ဟာ လူမှုကွန်ယက်မှာပဲ ရှိနေတဲ့ လူငယ်တွေထံ ထိထိရောက်ရောက်လည်း ရှိတာကြောင့် ပိုက်ဆံတွေ အများအပြားသုံးစွဲလာကြပါတယ်။ လတ်တလောမှာလည်း Vice က သတင်းတစ်ရပ်အရ Fyre Fest ပွဲရဲ့ Organizer တွေဟာ ပွဲနဲ့ ပါတ်သက်တဲ့ Instagram Post တစ်ခု တင်ပေးဖို့အတွက် နာမည်ကျော် စူပါမော်ဒယ် Kendall Jenner ကို ဒေါ်လာ ၂၅၀,၀၀၀ ပေးခဲ့ရတယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။ Instagram ကနေ တစ်ဆင့် Sponsor ယူပြီး ပိုက်ဆံတွေ အလုံးအရင်း ရှာဖွေလာတာဟာ အသစ်အဆန်းတစ်ရပ်တော့ မဟုတ်ပါဘူး။ ၂၀၁၆ခုနှစ်တုန်းက Kendall ရဲ့ အစ်မဖြစ်သူ Kim Kardashian ဟာ Post တစ်ခု အတွက် ဒေါ်လာ သုံးသိန်းလောက် ဖန်တီးနိုင်ခဲ့ပြီး တခြားသူ့ညီမတွေကလည်း သိန်းပေါင်းများစွာ ရရှိခဲ့ကြကြောင်း Forbes ရဲ့ သတင်းအရ သိရပါတယ်။ ဒါကြောင့် Fyre Fest ဟာ ဒီလို Social Influencer တွေနဲ့ ကြော်ငြာလုပ်ဖို့ ဦးစားပေးစာရင်းထဲမှာ ထည့်သွင်းထားခဲ့တာပါ။ Organizer တွေဟာ Instagram Advertising ကနေ ငွေအများအပြားသုံးစွဲဖို့ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် Kendall ကတော့ ဒီကြော်ငြာ Post ကို နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ကြောင်းလည်း သိရပါတယ်။ Joker (Akhayar) Ref: The Verge =============

Instagram မှာ Post တစ်ခုတင်ပေးဖို့အတွက် Kendall Jenner ကို ဒေါ်လာ ၂သိန်းခွဲပေးခဲ့ရ