ရီးယဲလ်နည်းပြ ဇီဒန်း Zinedine Zidane ဟာ ရာသီသစ်မစခင်မှာဘဲ အသင်းနဲ့ နောက်တစ်ကြိမ်လမ်းခွဲဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ အံ့အားသင့်စရာကောင်းအောင် ထွက်ပေါ်နေပါတယ်။ ဇီဒန်းဟာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ရီးယဲလ်အသင်းကို ပထမဆုံးအကြိမ်ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်(၃)ကြိမ်ဆက် အပါအ၀င် ဆုဖလား(၉)ခုအထိ ရခဲ့ပြီးခဲ့တဲ့နောက် ရာထူးကနေ ရုတ်တရက်နုတ်ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရီးယဲလ်အသင်းဟာ နည်းပြအပြောင်းအလဲတွေကြားမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပြီး အခုနှစ်၊ မတ်လ(၁၁)ရက်မှာ ရီးယဲလ်အသင်းက ဇီဒန်းကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် ဟာဇက် Hazard အပါအ၀င် ကစားသမားသစ်တွေကို ငွေကြေးအကုန်အကျခံ ခေါ်ယူခဲ့ပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းခဲ့တာကြောင့် ဇီဒန်းဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါပြီ။

လာလီဂါရာသီသစ်က အခုတစ်ပတ်မှာ စတင်မှာဖြစ်ပြီး ရာသီသစ်စဖို့ ရက်ပိုင်းအလိုမှာ ရီးယဲလ်အသင်းနည်းပြရာထူးကနေ ဇီဒန်း နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အကြောင်းကတော့ သူလိုချင်တဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ကို ရီးယဲလ်အသင်းက ရအောင် မခေါ်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြတာပါ။ စပိန်လူမျိုး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Diego Torres က “ပေါ့ဘာကို ရီးယဲလ် မခေါ်နိုင်ခဲ့တာကြောင့် နည်းပြရာထူးကနေ ဇီဒန်း နုတ်ထွက်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ဇီဒန်းဟာ ပေါ့ဘာကို ခေါ်မယ်လို့ အချင်းချင်းကတိပေးခဲ့ပေမယ့် ဖြစ်မလာလို့ စိတ်ပျက်နေပါပြီ။ ဒီအချက်ကြောင့်ပဲ ဇီဒန်းနဲ့ ပီရက်ဇ် Florentino Perez ကြားက ယုံကြည်မှုတွေက ပိုပြီး ပျောက်ဆုံးလာတာဖြစ်ပါတယ်”လို့ ဗြိတိန်နာမည်ကျော် သတင်းစာ The Independent ကို ပြောကြားခဲ့ပါတယ်။ ရီးယဲလ်အသင်းနည်းပြ ရာထူးက ပထမအကြိမ်နုတ်ထွက်ခဲ့တုန်းကလည်း ဇီဒန်းနဲ့ ပီရက်ဇ်တို့ကြားမှာ မပြေလည်မှုတွေရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒ့ါအပြင် ဒီနွေရာသီမှာ ဇီဒန်းက ဂါရတ်ဘေးလ် Gareth Bale ကို ရောင်းချင်ပေမယ့် ပီရက်ဇ်က ကန့်ကွက်ခဲ့တာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက အဖုအထစ်တွေ ရှိနေတာကြောင့် သတင်းထွက်နေတဲ့အတိုင်း တကယ်ပဲ ရီးယဲလ်နည်းပြရာထူးက ဇီဒန်း နုတ်ထွက်သွားမလားဆိုတာကတော့ . .

REF:The Sun
Photo:depo,footballnations
Naing Linn(Akhayar)
www.akhayar.com