[Zawgyi]

တစ္ေခတ္တစ္ခါ ျပန္ေခတ္စားလာတဲ့ Funky Fashion

Funky Fashion ဆိုတာ အမ်ားနဲ႔ လံုးဝကြဲျပားေနျပီး ေခတ္ဆန္တယ္။ ေမာ္ဒန္ဆန္တယ္။ အမိုက္စား ဒီဇိုင္းေတြ၊ ကာလာေတြနဲ႔ လူအမ်ားၾကားမွာ ထင္းလုိ႔ေနေစတဲ့ Fashion Style မ်ိဳးျဖစ္ပါတယ္။ Funky Fashion ကို ၾကိဳက္ႏွစ္သက္ၾကတဲ့သူေတြဟာ ေခတ္ဆန္ျပီး ေခတ္မီတဲ့အက်ၤီပံုစံေတြကို သေဘာက်ေလ့မရွိသလို၊ လိုက္ေလ်ာညီေထြေအာင္ ဝတ္ဆင္ၾကတာမ်ိဳးလည္း မရွိၾကပါဘူး။ ဒါ့အျပင္ ကိုယ့္စိတ္ၾကိဳက္ အက်ၤီေတြကို စတိုင္လ္က်ေနေအာင္ ဆင္ယင္ျပီးဝတ္ဆင္တတ္ၾကပါတယ္။ Funky Fashion ဆိုတာ အကန္႔အသတ္လံုးဝမရွိခဲ့ပါဘူး။ Funky Fashion ဟာ အဝတ္ေဟာင္းအေရာင္းဆိုင္က အဝတ္အစားေတြလည္း ပါႏုိင္သလို၊ Brand အက်ၤီေတြ၊ Lace ေတြ၊ Leather ေတြလည္းနဲ႔ စတိုင္ထြင္လို႔ရပါေသးတယ္။ ဒါ့အျပင္ ေသးေသးဖြဲဖြဲလက္ေကာက္ေလးေတြနဲ႔ပဲျဖစ္ျဖစ္၊ ဧရာမလက္ေကာက္ၾကီးေတြကို ဝတ္ဆင္ျပီးေတာ့ပဲျဖစ္ျဖစ္၊ ကိုယ္ၾကိဳက္သလို ႏွစ္သက္သလို ဆင္ယင္ဝတ္ဆင္ျပီးေတာ့ လြတ္လပ္စြာ အမိုက္ဆံုး Fashionista တစ္ေယာက္ အျဖစ္ရပ္တည္ေနႏိုင္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Funky Fashionista တစ္ေယာက္အျဖစ္ရပ္တည္ဖို႔က ထင္သေလာက္မလြယ္ကူလွပါဘူး။ Funky Fashion ကို ခ်စ္ျမတ္ႏိုးတဲ့သူတစ္ေယာက္အျဖစ္ရွင္သန္ေနထိုင္ရတာလည္း ခက္ခဲခဲ့ပါတယ္။ အားလံုးရဲ႕ေျပာဆိုျခငး္၊ ကဲ့ရဲ႕ျခင္းေတြကုိ ေခါင္းငံုခံရတယ္။ ေလွာင္ရယ္ျခင္းေတြလည္းခံနိုင္တယ္။ ရယ္စရာျပယုဂ္တစ္ခုအျပင္ Funky Fashion Style ကို တန္ဖိုးမထားခဲ့ပါဘူး။ ဒါေပမယ့္လညး္ သူတို႔ေတြဟာ အႏိုင္မခံအရံႈးမေပးတဲ့စိတ္ဓာတ္နဲ႔ အားလံုးေတြရဲ႕ ရႈတ္ခ်မႈကို ဂရုျပဳမေနဘဲ ေခါင္းေမာ့ျပီး လူလယ္ေခါင္ ရဲရဲဝံ့ဝံ့နဲ႔ မားမားမတ္မတ္ရပ္တည္ေနႏိုင္ခဲ့တဲ့အတြက္ အမ်ားရဲ႕ လက္ခံမႈကို ရယူႏုိင္ခဲ့ပါတယ္။

Funky-Fashion

Funky Fashion

Funky Fashion Style ရဲ႕ ဝတ္ပံုစားပံုေလးေတြကို ၾကည့္ရႈလိုက္ရေအာင္။ ျပသထားတဲ့ ပံုေတြကိုၾကည့္ျခင္းအားျဖင့္ Floral Design ၊ Abstract (စိတၱဇ) Design ၊ Sparkle ေတြနဲ႔ ဒီဇုိင္းထြင္ထားတာကို ေတြ႔ရွိရမွာပဲျဖစ္ပါတယ္။ ကာလာစံုတယ္ ၊ ဒီဇိုင္းဆန္းတယ္၊ ေခါင္းစေျခဆံုးအားလံုးက ထူးဆန္းတယ္ထင္ရေပမယ့္ အားလံုးက လိုက္ဖက္ညီလို႔ေနေနတာကို ေတြ႔ရွိရမွာျဖစ္ပါတယ္။

Funky Fashion ဟာ အက်ၤီအဝတ္အစားေတြမွာတင္ Funky ျဖစ္ေအာင္ ဒီဇိုင္းထြင္လို႔ရတာမဟုတ္ခဲ့ပါဘူး။ အျခား Accessories ေတြနဲ႔ Hair Style ေတြမွာပါ ဒီဇိုင္းထြင္လို႔ရပါတယ္။ ဥပမာ- Earring Phone ၊ Shoes ႏွင့္ Handbags ေတြမွာ Funky ဒီဇိုင္းေတြကို ဆင္ယင္လို႔ရနိုင္ပါတယ္။

Funky-Fashion

Funky Fashion

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Fashion Style တိုင္းမွာ Old School Type နဲ႔ New School Type ဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။ Funky Fashion မွာလည္း ထိုနည္းလည္းေကာင္းပါ။ Old School Funky Fashion Type ႏွင့္ New School Funky Fashion Type ကြာျခားမႈနဲ႔ ဘယ္လိုေတြဆန္းသစ္စြာနဲ႔လွပေနလဲဆိုတာကို အားလံုးကိုမွ်ေဝေပးလုိက္ပါတယ္။

Old School Funky Fashion Style

Old School Funky Fashion Style

New School Funky Fashion

New School Funky Fashion

Funky Fashion Style နဲ႔ ပတ္သက္ျပီး စံုစံုလင္လင္သိရျပီလို႔ေမွ်ာ္လင့္ပါတယ္။ အခုဖတ္ရွိေနတဲ့သူဟာ Fashionista တစ္ေယာက္ျဖစ္ခဲ့မယ္ဆုိရင္ Funky Fashion ကို တစ္ေခါက္တစ္ခါေလာက္ေတာ့ စမ္းဝတ္ၾကည့္ေစခ်င္မိပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode}

တစ်ခေတ်တစ်ခါ ပြန်ခေတ်စားလာတဲ့ Funky Fashion

Funky Fashion ဆိုတာ အများနဲ့ လုံးဝကွဲပြားနေပြီး ခေတ်ဆန်တယ်။ မော်ဒန်ဆန်တယ်။ အမိုက်စား ဒီဇိုင်းတွေ၊ ကာလာတွေနဲ့ လူအများကြားမှာ ထင်းလို့နေစေတဲ့ Fashion Style မျိုးဖြစ်ပါတယ်။ Funky Fashion ကို ကြိုက်နှစ်သက်ကြတဲ့သူတွေဟာ ခေတ်ဆန်ပြီး ခေတ်မီတဲ့အင်္ကျီပုံစံတွေကို သဘောကျလေ့မရှိသလို၊ လိုက်လျောညီထွေအောင် ဝတ်ဆင်ကြတာမျိုးလည်း မရှိကြပါဘူး။ ဒါ့အပြင် ကိုယ့်စိတ်ကြိုက် အင်္ကျီတွေကို စတိုင်လ်ကျနေအောင် ဆင်ယင်ပြီးဝတ်ဆင်တတ်ကြပါတယ်။ Funky Fashion ဆိုတာ အကန့်အသတ်လုံးဝမရှိခဲ့ပါဘူး။ Funky Fashion ဟာ အဝတ်ဟောင်းအရောင်းဆိုင်က အဝတ်အစားတွေလည်း ပါနိုင်သလို၊ Brand အင်္ကျီတွေ၊ Lace တွေ၊ Leather တွေလည်းနဲ့ စတိုင်ထွင်လို့ရပါသေးတယ်။ ဒါ့အပြင် သေးသေးဖွဲဖွဲလက်ကောက်လေးတွေနဲ့ပဲဖြစ်ဖြစ်၊ ဧရာမလက်ကောက်ကြီးတွေကို ဝတ်ဆင်ပြီးတော့ပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်သလို နှစ်သက်သလို ဆင်ယင်ဝတ်ဆင်ပြီးတော့ လွတ်လပ်စွာ အမိုက်ဆုံး Fashionista တစ်ယောက် အဖြစ်ရပ်တည်နေနိုင်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Funky Fashionista တစ်ယောက်အဖြစ်ရပ်တည်ဖို့က ထင်သလောက်မလွယ်ကူလှပါဘူး။ Funky Fashion ကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်အဖြစ်ရှင်သန်နေထိုင်ရတာလည်း ခက်ခဲခဲ့ပါတယ်။ အားလုံးရဲ့ပြောဆိုခြင်း၊ ကဲ့ရဲ့ခြင်းတွေကို ခေါင်းငုံခံရတယ်။ လှောင်ရယ်ခြင်းတွေလည်းခံနိုင်တယ်။ ရယ်စရာပြယုဂ်တစ်ခုအပြင် Funky Fashion Style ကို တန်ဖိုးမထားခဲ့ပါဘူး။ ဒါပေမယ့်လည်း သူတို့တွေဟာ အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ အားလုံးတွေရဲ့ ရှုတ်ချမှုကို ဂရုပြုမနေဘဲ ခေါင်းမော့ပြီး လူလယ်ခေါင် ရဲရဲဝံ့ဝံ့နဲ့ မားမားမတ်မတ်ရပ်တည်နေနိုင်ခဲ့တဲ့အတွက် အများရဲ့ လက်ခံမှုကို ရယူနိုင်ခဲ့ပါတယ်။

Funky-Fashion

Funky Fashion

Funky Fashion Style ရဲ့ ဝတ်ပုံစားပုံလေးတွေကို ကြည့်ရှုလိုက်ရအောင်။ ပြသထားတဲ့ ပုံတွေကိုကြည့်ခြင်းအားဖြင့် Floral Design ၊ Abstract (စိတ္တဇ) Design ၊ Sparkle တွေနဲ့ ဒီဇိုင်းထွင်ထားတာကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ ကာလာစုံတယ် ၊ ဒီဇိုင်းဆန်းတယ်၊ ခေါင်းစခြေဆုံးအားလုံးက ထူးဆန်းတယ်ထင်ရပေမယ့် အားလုံးက လိုက်ဖက်ညီလို့နေနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

Funky Fashion ဟာ အင်္ကျီအဝတ်အစားတွေမှာတင် Funky ဖြစ်အောင် ဒီဇိုင်းထွင်လို့ရတာမဟုတ်ခဲ့ပါဘူး။ အခြား Accessories တွေနဲ့ Hair Style တွေမှာပါ ဒီဇိုင်းထွင်လို့ရပါတယ်။ ဥပမာ- Earring Phone ၊ Shoes နှင့် Handbags တွေမှာ Funky ဒီဇိုင်းတွေကို ဆင်ယင်လို့ရနိုင်ပါတယ်။

Funky-Fashion

Funky Fashion

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Fashion Style တိုင်းမှာ Old School Type နဲ့ New School Type ဆိုပြီး နှစ်မျိုးရှိပါတယ်။ Funky Fashion မှာလည်း ထိုနည်းလည်းကောင်းပါ။ Old School Funky Fashion Type နှင့် New School Funky Fashion Type ကွာခြားမှုနဲ့ ဘယ်လိုတွေဆန်းသစ်စွာနဲ့လှပနေလဲဆိုတာကို အားလုံးကိုမျှဝေပေးလိုက်ပါတယ်။

Old School Funky Fashion Style

Old School Funky Fashion Style

New School Funky Fashion

New School Funky Fashion

Funky Fashion Style နဲ့ ပတ်သက်ပြီး စုံစုံလင်လင်သိရပြီလို့မျှော်လင့်ပါတယ်။ အခုဖတ်ရှိနေတဲ့သူဟာ Fashionista တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် Funky Fashion ကို တစ်ခေါက်တစ်ခါလောက်တော့ စမ်းဝတ်ကြည့်စေချင်မိပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။