ကဆုန္လျပည္႔ေန႔သည္ ဗုဒၶဘာသာဝင္တို႔အတြက္ေန႔ထူးေန႔ျမတ္ျဖစ္ပါသည္။ ကဆုန္လျပည္႔ေန႔သည္ သံုးေလာက ထြတ္ထားသဗၺညဳျမတ္စြာဘုရား၏

ဗ်ာဒိတ္ခံယူေသာေန႔

ဖြားျမင္ေတာ္မူေသာေန႔

ဘုရားျဖစ္ေတာ္မူေသာေန႔

ပရိနိဗၺာန္စံေတာ္မူေသာေန႔

စသည္႔ထူးျခားမႈမ်ားရွိေနသည္႔ေန႔ျဖစ္ပါသည္။ ထို႔ေၾကာင္႔လည္း ဗုဒၶဘာသာဝင္မ်ားသည္ ကဆုန္လျပည္႔ဗုဒၶေန႔(ဆု ၊ ဖြား ၊ ပြင္႔ ၊ စံ) ဟူ၍ဆိုစမွတ္ျပဳၾကျခင္းျဖစ္ပါသည္။ တခ်ိဳ႕လည္း “ဖြား ပြင္႔ ေဟာ စံ ဗ်ာဒိတ္ခံ မွတ္ရန္ လကဆုန္” ဟုအလြယ္မွတ္သားတတ္ၾကသည္။ ဆု ၊ ဖြား ၊ ပြင္႔ ၊ စံ ဆုိသည္မွာ

(၁) ဆု – ေဂါတမဗုဒၶအေလာင္းေတာ္သည္ဤဘဒၵကမၻာႏွင္႔ကမၻာတစ္သိန္းထက္တြင္ သုေမဓာရေသ႔ျဖစ္ခဲ႔သည္။ သုေမဓာရွင္ရေသ႔သည္ ဘဒၵကမၻာမွေလးဆူူေျမာက္ ဘုရားစင္စစ္ျဖစ္လိမ္႔မည္ဟု  ဒီပကၤရာျမတ္စြာဘုရားထံ နိယတ်ဗ်ာဒိတ္ခံယူသည္႔ေန႔သည္ ကဆုန္လျပည္႔ေန႔ျဖစ္သည္။

(၂) ဖြား – ေဂါတမဘုရားအေလာင္းေတာ္ သိဒၶတၳမင္းသားေလးအား ဖြားျမင္ေတာ္မူေသာေန႔သည္ မဟာသကၠရာဇ္ ၆၈ ခု ကဆုန္လျပည္႔ေန႔ျဖစ္ပါသည္။

(၃) ပြင္႔ – ေဂါတမဘုရားအေလာင္းေဗာတိပင္ေအာက္တြင္ ဘုရားျဖစ္ေတာ္မူေသာေန႔သည္ မဟာသကၠရာဇ္ ၁၀၃ ခု ကဆုန္လျပည္႔ေန႔ျဖစ္ပါသည္။

(၄) စံ – ေဂါတမဘုရား ပရိနိဗၺာန္စံေတာ္မူေသာေန႔သည္ မဟာသကၠရာဇ္ ၁၄၈ ခု ကဆုန္လျပည္႔ေန႔ ျဖစ္ပါသည္။

ကဆုန္လျပည္႔ေန႔သည္ ဗုဒၶဘာသာဝင္မ်ား၏ေန႔ထူးေန႔ျမတ္ျဖစ္ေသာေၾကာင္႔ အစိုးရရံုးပိတ္ရက္ေန႔လည္းျဖစ္ပါသည္။ ကဆုန္လရာသီသည္ ေနအပူရွိန္အျပင္းထန္ဆံုးလျဖစ္ျပီး ေရခန္းေျခာက္ေလ႔ရွိပါသည္။ ဘုရားပြင္႔ေတာ္မူေသာေဗာတိပင္ကို ရည္မွန္းကာ ေဗာတိပင္အပြားေတာ္မ်ားအား ေရသြန္းေလာင္းေတာ္မူၾကေသာေၾကာင္႔ “ကဆုန္လေညာင္ေရသြန္းပြဲ”ဟု ဆိုစမွတ္ရွိလာခဲ႔ၾကပါသည္။

ကဆုန္လသည္ ျမန္မာလ ၁၂ ရာသီတြင္ ဒုတိယလျဖစ္ၿပီး ၿဗိႆရာသီႏွင့္တူသည္။ ပုဂံေခတ္ေက်ာက္စာတြင္ ကဆုန္လကုိ “ကုဆုန္” ဟုေရးေလ႔ရွိၾကျပီး ေနာက္ပုိင္းတြင္ “ကု” မွ “က”သုိ႔ ေျပာင္းလဲလာခဲ႔သည္။ (ကုက)၏ အဓိပၸါယ္သည္ “ေရ” ျဖစ္ကာ “ဆုန္” မွာမူသြန္းေလာင္းသည္ဟု  အဓိပၸါယ္ရွိေသာေၾကာင္႔ကဆုန္လကုိ “ေရသြန္းလ” (သုိ႔မဟုတ္) “ေရေလာင္းလ” လဟုလည္းဆုိႏုိင္သည္ဟု ဖတ္မွတ္ရပါသည္။

ထို႔ေၾကာင္႔ ကဆုန္လျပည္႔ေန႔ ေန႔ထူးေန႔ျမတ္အခါသမယတြင္ အခရာပရိသတ္ၾကီးအေနျဖင္႔လည္း ေကာင္းမႈကုသိုလ္မ်ား တတ္ႏိုင္သမွ်ျပဳလုပ္ႏိုင္ျပီး စိတ္ျငိမ္းခ်မ္းျခင္းခံစားရပါေစ။ ေသာကဟူသမွ်ကင္းေဝးျပီး တရားစစ္တရားမွန္မ်ားကို က်င္႔ၾကံၾကိဳးကုတ္အားထုတ္ႏိုင္ပါေစေၾကာင္း ဆုမြန္ေတာင္းလိုက္ရပါသည္။

ကိုးကား – ျမန္မာ႔စြယ္စံုက်မ္း

ဓာတ္ပံု – ႏိုင္လင္း

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့သည် သုံးလောက ထွတ်ထားသဗ္ဗညုမြတ်စွာဘုရား၏
ဗျာဒိတ်ခံယူသောနေ့
ဖွားမြင်တော်မူသောနေ့
ဘုရားဖြစ်တော်မူသောနေ့
ပရိနိဗ္ဗာန်စံတော်မူသောနေ့
စသည့်ထူးခြားမှုများရှိနေသည့်နေ့ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်ဗုဒ္ဓနေ့(ဆု ၊ ဖွား ၊ ပွင့် ၊ စံ) ဟူ၍ဆိုစမှတ်ပြုကြခြင်းဖြစ်ပါသည်။ တချို့လည်း “ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်” ဟုအလွယ်မှတ်သားတတ်ကြသည်။ ဆု ၊ ဖွား ၊ ပွင့် ၊ စံ ဆိုသည်မှာ
(၁) ဆု – ဂေါတမဗုဒ္ဓအလောင်းတော်သည်ဤဘဒ္ဒကမ္ဘာနှင့်ကမ္ဘာတစ်သိန်းထက်တွင် သုမေဓာရသေ့ဖြစ်ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဘဒ္ဒကမ္ဘာမှလေးဆူူမြောက် ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု  ဒီပင်္ကရာမြတ်စွာဘုရားထံနိယတျဗျာဒိတ်ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
(၂) ဖွား – ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးအား ဖွားမြင်တော်မူသောနေ့သည် မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပါသည်။
(၃) ပွင့် – ဂေါတမဘုရားအလောင်းဗောတိပင်အောက်တွင် ဘုရားဖြစ်တော်မူသောနေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ဖြစ်ပါသည်။
(၄) စံ – ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့သည် မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် အစိုးရရုံးပိတ်ရက်နေ့လည်းဖြစ်ပါသည်။ ကဆုန်လရာသီသည် နေအပူရှိန်အပြင်းထန်ဆုံးလဖြစ်ပြီး ရေခန်းခြောက်လေ့ရှိပါသည်။ ဘုရားပွင့်တော်မူသောဗောတိပင်ကို ရည်မှန်းကာ ဗောတိပင်အပွားတော်များအား ရေသွန်းလောင်းတော်မူကြတာကြောင့် ကဆုန်လညောင်ရေသွန်းပွဲဟု ဆိုစမှတ်ရှိလာခဲ့ကြပါသည်။
ကဆုန်လသည် မြန်မာလ ၁၂ ရာသီတွင် ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာတွင် ကဆုန်လကို “ကုဆုန်” ဟုရေးလေ့ရှိကြပြီး နောက်ပိုင်းတွင် “ကု” မှ “က”သို့ ပြောင်းလဲလာခဲ့သည်။ (ကုက)၏ အဓိပ္ပါယ်သည် “ရေ” ဖြစ်ကာ “ဆုန်” မှာမူသွန်းလောင်းသည်ဟု  အဓိပ္ပါယ်ရှိတာကြောင့်ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လဟုလည်းဆိုနိုင်သည်ဟု ဖတ်မှတ်ရပါသည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် အခရာပရိသတ်ကြီးအနေဖြင့်လည်း ကောင်းမှုကုသိုလ်များ တတ်နိုင်သမျှပြုလုပ်နိုင်ပြီး စိတ်ငြိမ်းချမ်းခြင်းကိုခံစားရပါစေ ၊ သောကဟူသမျှကင်းဝေးပြီး တရားစစ်တရားမှန်များကို ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။
ကိုးကား – မြန်မာ့စွယ်စုံကျမ်း
ဂျူဂျူး(အခရာ)