[Zawgyi]

ဖူလ္ဟမ္နဲ႔ အေျပာင္းအေရႊ႕သတင္းေတြ ထြက္ေပၚလာတဲ့ ေဒါ့မြန္တိုက္စစ္ကစားသမား ရႈိရာ Schurrle

ပရီးမီးယားလိဂ္ကို တစ္ေက်ာ႔ျပန္တန္းတက္လာတဲ့ ဖူလ္ဟမ္အသင္းနဲ႔ ေဒါ့မြန္တိုက္စစ္ကစားသမား ရႈိရာ Schurrle တို႔ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြ ဆက္တိုက္ဆိုသလို ထြက္ေပၚလာခဲ့ပါတယ္။ ေဒါ့မြန္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္မရခဲ့တဲ့အေပၚ စိတ္ပ်က္ေနၿပီး ရႈိရာ Schurrle ကိုယ္တိုင္က အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ရာသီသစ္အတြက္ ေလ့က်င့္မႈေတြ ျပဳလုပ္ေနတဲ့ ေဒါ့မြန္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကေန ရႈိရာ Schurrle ထြက္ခြာခဲ့ၿပီး ကလပ္အသင္းတစ္သင္းနဲ႔ အေျပာင္းအေရႊ႕ကိစၥ စီစဥ္မႈေတြ ျပဳလုပ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ရႈိရာ Schurrle နဲ႔ အေျပာင္းအေရႊ႕ကိစၥ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတဲ့ အသင္းက ပရီးမီးယားလိဂ္ တန္းတက္ ဖူလ္ဟမ္အသင္းျဖစ္ေၾကာင္း သိရပါတယ္။

Fulham-close-in-on-Andre-Schurrle

Fulham-close-in-on-Andre-Schurrle

ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္၊ ခရစၥတယ္ပဲေလ့စ္နဲ႔ စီးရီးေအကလပ္ လာဇီယိုအသင္းတို႔ကလည္း ရိႈရာ Schurrle ကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြျပဳလုပ္ခဲ့ေပမယ့္ နည္းျပ ဂ်ိဳကန္ႏိုဗစ္ Jocanovic ရဲ႕ ဖူလ္ဟမ္အသင္းက ရိႈရာ Schurrle ကို ေခၚယူဖို႔ ေရပန္းစားေနခဲ့ပါတယ္။ ေဒါ့မြန္အသင္းကလည္း အမည္မေဖာ္လိုတဲ့ အသင္းတစ္သင္းနဲ႔ ရိႈရာ Schurrle ရဲ႕ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က ေဒါ့မြန္အသင္းကေန လန္ဒန္ၿမိဳ႕ကို ရႈိရာ Schurrle ထြက္ခြာလာခဲ့ၿပီး ဒီေန႔ (ဗုဒၶဟူးေန႔)မွာ ဖူလ္ဟမ္အသင္းနဲ႔ ေဆးစစ္မႈေတြ ခံယူသြားဖို႔ ရွိေနခဲ့ပါတယ္။

REF:The Sun
Photo:RTL.de, Pinterest
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဖူလ်ဟမ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာတဲ့ ဒေါ့မွန်တိုက်စစ်ကစားသမား ရှိုရာ Schurrle

ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်တန်းတက်လာတဲ့ ဖူလ်ဟမ်အသင်းနဲ့ ဒေါ့မွန်တိုက်စစ်ကစားသမား ရှိုရာ Schurrle တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။ ဒေါ့မွန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့အပေါ် စိတ်ပျက်နေပြီး ရှိုရာ Schurrle ကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကနေ ရှိုရာ Schurrle ထွက်ခွာခဲ့ပြီး ကလပ်အသင်းတစ်သင်းနဲ့ အပြောင်းအရွှေ့ကိစ္စ စီစဉ်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရှိုရာ Schurrle နဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အသင်းက ပရီးမီးယားလိဂ် တန်းတက် ဖူလ်ဟမ်အသင်းဖြစ်ကြောင်း သိရပါတယ်။

Fulham-close-in-on-Andre-Schurrle

Fulham-close-in-on-Andre-Schurrle

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ စီးရီးအေကလပ် လာဇီယိုအသင်းတို့ကလည်း ရှိုရာ Schurrle ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ပေမယ့် နည်းပြ ဂျိုကန်နိုဗစ် Jocanovic ရဲ့ ဖူလ်ဟမ်အသင်းက ရှိုရာ Schurrle ကို ခေါ်ယူဖို့ ရေပန်းစားနေခဲ့ပါတယ်။ ဒေါ့မွန်အသင်းကလည်း အမည်မဖော်လိုတဲ့ အသင်းတစ်သင်းနဲ့ ရှိုရာ Schurrle ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒေါ့မွန်အသင်းကနေ လန်ဒန်မြို့ကို ရှိုရာ Schurrle ထွက်ခွာလာခဲ့ပြီး ဒီနေ့ (ဗုဒ္ဓဟူးနေ့)မှာ ဖူလ်ဟမ်အသင်းနဲ့ ဆေးစစ်မှုတွေ ခံယူသွားဖို့ ရှိနေခဲ့ပါတယ်။

REF:The Sun
Photo:RTL.de, Pinterest
Aung Kyaw Wai (Akhayar)
www.akhayar.com