[ZawGyi]

အသားအေရကို ခ်က္ခ်င္းလွေစမယ္႔အသီးအႏွံမ်ား

ကိုယ္ကေနပူဒဏ္ခံရ ေနေလာင္ဒဏ္ခံရ အဲကြန္းဒဏ္ခံရ ခရီးေတြသြားရလို႔ အသားအေရကသိသိသာသာထိခိုက္လာခဲ႔ရင္ အခ်ိန္သိပ္မယူရဘဲ ကိုယ္႔အသားအေရေလးျပန္ေကာင္းေစဖုိ႔ ဘယ္လုိလုပ္ၾကမလဲ။ တကယ္ေတာ႔ အသားအေရလွေစတဲ႔ေဆးေတြ ေသာက္တာထက္ပိုေကာင္းတဲ႔ နည္းလမ္းတစ္ခုရွိပါတယ္။ အဲဒါကေတာ႔ အသီးအႏွံေတြစားဖုိ႔ပါပဲ။ အသီးအႏွံေတြထဲမွာမွ အသားအေရကို အခ်ိန္တုိအတြင္းသိသိသာသာေကာင္းမြန္လာေစတဲ႔ အသီးအႏွံတခ်ိဳ႕ကေတာ႔ ဒါေတြပါ။

စေတာ္ဘယ္ရီ

strawberry

strawberry

စေတာ္ဘယ္ရီမွာကိုေလဂ်င္ထုတ္လုပ္မႈကိုျမွင္႔တင္ေပးတဲ႔ Ellagic Acid ပါဝင္ပါတယ္။ သူက အသားအေရကို ေနဒဏ္ ေလဒဏ္ကေနကာကြယ္ေပးျပီး ၾကည္စင္လွပေစပါတယ္။ ဒါေၾကာင္႔အသားအေရပ်က္စီးတယ္လုိ႔ ထင္ခ်ိန္တုိင္းမွာစေတာ္ဘယ္ရီမ်ားမ်ားစားေပးပါ။

နာနတ္

Pineapple-

Pineapple-

နာနတ္သီးမွာ အသားအေရျပႆနာမ်ိဳးစံုကိုေျဖရွင္းေပးႏိုင္တဲ႔ အင္ဇိုင္းတစ္မ်ိဳးပါဝင္ပါတယ္။ ဒါအျပင္ နာနတ္သီးမွာ ေရ၊ အာဟာရဓာတ္နဲ႔ သတၱဳဓာတ္ေတြပါဝင္တာမုိ႔ အသားအေရကိုထိထိေရာက္ေရာက္အာဟာရျဖည္႔ျပီး လွပေစႏိုင္တာျဖစ္ပါတယ္။

သေဘာၤသီး

Papaya

Papaya

အင္ဓာတ္ၾကြယ္ဝတဲ႔ အသီးအႏွံမုိ႔ ခႏၶာကိုယ္ထဲကအဆိပ္အေတာက္ေတြကိုဖယ္ရွားေပးကာ ၾကည္လင္လွပေစတာျဖစ္ပါတယ္။ ဘီတာကာရိုတင္းနဲ႔ ပါပိန္းအင္ဇိုင္းေတြက ဆဲလ္သစ္ျဖစ္ေပၚမႈကို အားေပးကာ အသားအေရကိုအသစ္တစ္ဖန္လွပလာေစတာပဲျဖစ္ပါတယ္။

ကီဝီ

kiwi

kiwi

ဗီတာမင္နဲ႔သတၱဳဓာတ္ေတြ ပါဝင္တဲ႔ကီဝီက ခႏၶာကိုယ္ခုခံအားကိုျမွင္႔တင္ေပးရံုသာမကဘဲ အေရျပားကိုပါက်န္းမာေစတာျဖစ္ပါတယ္။

ေထာပတ္

Avocados

Avocados

ဗီတာမင္ E ၾကြယ္ဝတဲ႔ေထာပတ္သီးက ဆဲလ္သစ္ျဖစ္ေပၚမႈကိုအားေပးျပီး အသားအေရကိုအစိုဓာတ္ျဖည္႔ေပးကာ လင္းလက္ေတာက္ပလာေစပါတယ္။

နဂါးေမာက္သီး

dragon-fruit

dragon-fruit

နဂါးေမာက္သီးမွာ အင္တီေအာက္ဆီဒင္႔ၾကြယ္ဝတာမုိ႔ အသားအေရညိဳညစ္၊ညစ္ႏြမ္းသမွ်ေတြကိုဖယ္ရွားေပးျပီး ၾကည္လင္စိုျပည္လာေစတာျဖစ္ပါတယ္။ နဂါးေမာက္သီးကဝမ္းလည္းမွန္ေစတဲ႔အတြက္ ကိုယ္တြင္းကအဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္ပါတယ္။

လိေမၼာ္သီး

Orange

Orange

ဗီတာမင္စီၾကြယ္ဝတဲ႔ လိေမၼာ္သီးကို ခႏၶာကိုယ္ေရာ အေရျပားအတြက္ပါ အေကာင္းဆံုးေသာ စူပါအသီးပါပဲ။ ေနေလာင္ဒဏ္၊ အမည္းစက္နဲ႔ ပ်က္စီးညိဳညစ္ေနမႈေတြကို ျပန္လည္ကုသဖယ္ရွားေပးတာမုိ႔ အေရျပားကိုျပန္လည္ၾကည္လင္လွပေစတာပါ။

ဒါေၾကာင္႔ အခ်ိန္တုိအတြင္း အသားအေရျပန္ေကာင္းခ်င္တယ္ဆိုရင္ ဒီသီးအႏွံေတြကို မ်ားမ်ားစားေပးပါ။ Facial Treatment ေတြလုပ္သလုိပဲ သိသာတဲ႔ရလဒ္ေတြကို ရရွိမွာပါလုိ႔။

www.akhayar.com

[Unicode]

အသားအရေကို ချက်ချင်းလှစေမယ့်အသီးအနှံများ

ကိုယ်ကနေပူဒဏ်ခံရ နေလောင်ဒဏ်ခံရ အဲကွန်းဒဏ်ခံရ ခရီးတွေသွားရလို့ အသားအရေကသိသိသာသာထိခိုက်လာခဲ့ရင် အချိန်သိပ်မယူရဘဲ ကိုယ့်အသားအရေလေးပြန်ကောင်းစေဖို့ ဘယ်လိုလုပ်ကြမလဲ။ တကယ်တော့ အသားအရေလှစေတဲ့ဆေးတွေ သောက်တာထက်ပိုကောင်းတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ အသီးအနှံတွေစားဖို့ပါပဲ။ အသီးအနှံတွေထဲမှာမှ အသားအရေကို အချိန်တိုအတွင်းသိသိသာသာကောင်းမွန်လာစေတဲ့ အသီးအနှံတချို့ကတော့ ဒါတွေပါ။

စတော်ဘယ်ရီ

စတော်ဘယ်ရီမှာကိုလေဂျင်ထုတ်လုပ်မှုကိုမြှင့်တင်ပေးတဲ့ Ellagic Acid ပါဝင်ပါတယ်။ သူက အသားအရေကို နေဒဏ် လေဒဏ်ကနေကာကွယ်ပေးပြီး ကြည်စင်လှပစေပါတယ်။ ဒါကြောင့်အသားအရေပျက်စီးတယ်လို့ ထင်ချိန်တိုင်းမှာစတော်ဘယ်ရီများများစားပေးပါ။

နာနတ်

နာနတ်သီးမှာ အသားအရေပြဿနာမျိုးစုံကိုဖြေရှင်းပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပါတယ်။ ဒါအပြင် နာနတ်သီးမှာ ရေ၊ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေပါဝင်တာမို့ အသားအရေကိုထိထိရောက်ရောက်အာဟာရဖြည့်ပြီး လှပစေနိုင်တာဖြစ်ပါတယ်။

သဘောၤသီး

အင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံမို့ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးကာ ကြည်လင်လှပစေတာဖြစ်ပါတယ်။ ဘီတာကာရိုတင်းနဲ့ ပါပိန်းအင်ဇိုင်းတွေက ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးကာ အသားအရေကိုအသစ်တစ်ဖန်လှပလာစေတာပဲဖြစ်ပါတယ်။

ကီဝီ

ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်တဲ့ကီဝီက ခန္ဓာကိုယ်ခုခံအားကိုမြှင့်တင်ပေးရုံသာမကဘဲ အရေပြားကိုပါကျန်းမာစေတာဖြစ်ပါတယ်။

ထောပတ်

ဗီတာမင် E ကြွယ်ဝတဲ့ထောပတ်သီးက ဆဲလ်သစ်ဖြစ်ပေါ်မှုကိုအားပေးပြီး အသားအရေကိုအစိုဓာတ်ဖြည့်ပေးကာ လင်းလက်တောက်ပလာစေပါတယ်။

နဂါးမောက်သီး

နဂါးမောက်သီးမှာ အင်တီအောက်ဆီဒင့်ကြွယ်ဝတာမို့ အသားအရေညိုညစ်၊ညစ်နွမ်းသမျှတွေကိုဖယ်ရှားပေးပြီး ကြည်လင်စိုပြည်လာစေတာဖြစ်ပါတယ်။ နဂါးမောက်သီးကဝမ်းလည်းမှန်စေတဲ့အတွက် ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

လိမ္မော်သီး

ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီးကို ခန္ဓာကိုယ်ရော အရေပြားအတွက်ပါ အကောင်းဆုံးသော စူပါအသီးပါပဲ။ နေလောင်ဒဏ်၊ အမည်းစက်နဲ့ ပျက်စီးညိုညစ်နေမှုတွေကို ပြန်လည်ကုသဖယ်ရှားပေးတာမို့ အရေပြားကိုပြန်လည်ကြည်လင်လှပစေတာပါ။

ဒါကြောင့် အချိန်တိုအတွင်း အသားအရေပြန်ကောင်းချင်တယ်ဆိုရင် ဒီသီးအနှံတွေကို များများစားပေးပါ။ Facial Treatment တွေလုပ်သလိုပဲ သိသာတဲ့ရလဒ်တွေကို ရရှိမှာပါလို့။

www.akhayar.com