Americam Acadamy Of Pediatrics ရဲ႕ထုတ္ျပန္ခ်က္အရ အသက္တစ္ႏွစ္မျပည္႔ေသးတဲ႔ ကေလးငယ္ေတြကို သစ္သီးေဖ်ာ္ရည္ေတြမတို္က္ေကၽြးသင္႔ဘူးလို႔ဆိုပါတယ္။ သစ္သီးေဖ်ာ္ရည္ဆိုတဲ႔ေနရာမွာ အသီးစစ္စစ္ေဖ်ာ္ရည္ပါသလို ဘူးေတြနဲ႔လာတဲ႔ အသင္႔သံုးေဖ်ာ္ရည္ေတြလည္းပါပါတယ္။

အရင္ကေတာ႔ ကေလးေတြအဝလြန္မႈနဲ႔ သြား ၊ ခံတြင္းနဲ႔ပတ္သက္တဲ႔ ေဝဒနာေတြကိုေရွာင္ရွားႏိုင္ဖို႔အတြက္ ကေလးအသက္ ၆ လအထိ သစ္သီးေဖ်ာ္ရည္ေတြ မတိုက္ေကၽြးရဘူးလို႔ဆိုထားေပမယ္႔ အခုေတာ႔ အသက္ကန္႔သတ္ခ်က္ကို ထပ္တိုးထုတ္ျပန္လိုက္တာပဲျဖစ္ပါတယ္။ ကေလးအသက္ ၆ လ ၊ ၁ႏွစ္အရြယ္ေလးေတြကို မိခင္ႏို႔နဲ႔ ျဖည္႔စြက္အာဟာရမႈန္႔ေတြ တိုက္ေကၽြးဖို႔ခြင္႔ျပဳထားေပမယ္႔ သစ္သီးေဖ်ာ္ရည္ေတြေတာ႔ တိုက္ေကၽြးဖို႔မလိုဘူးလို႔သတ္မွတ္ပါတယ္။ “မိဘေတြအေနနဲ႔ ကေလးစို႔ဘူးထဲ ေဖ်ာ္ရည္ေတြထည္႔ျပီး အလြယ္တကူေပးထားတတ္ၾကပါတယ္။ ဒီလိုတိုက္ေကၽြးတဲ႔အတြက္ ကယ္လိုရီနဲ႔သၾကားပမာဏအမ်ားၾကီး ကေလးခႏၶာကိုယ္ထဲေရာက္သြားတယ္ဆိုတာ သတိမမူတတ္ၾကပါဘူး။ ျပီးေတာ႔ ေဖ်ာ္ရည္ေသာက္ေနရင္ ကေလးေတြက ေရမေသာက္ၾကေတာ႔ဘူး။ သစ္သီးေဖ်ာ္ရည္ေတြဟာ ဒီအရြယ္မွာ မလိုအပ္ေသးသလို သူတို႔ခႏၶာကိုယ္အတြက္ သိသာတဲ႔အက်ိဳးရလဒ္ေကာင္းေတြလည္း ေပးစြမ္းႏို္င္တာကို မေတြ႔ရပါဘူး။ ဒါေၾကာင္႔လည္း အသက္ ၁ ႏွစ္အရြယ္အထိ သစ္သီးေဖ်ာ္ရည္ေတြမတိုက္ေကၽြးဖို႔ သတ္မွတ္တာျဖစ္ပါတယ္” လို႔ Department of Pediatrics,University of Texas မွေဒါက္တာ စတီဗင္ ေအ အမ္ဘရမ္ကေျပာပါတယ္။

၂၀၀၁ ခုနစ္အထိ သစ္သီးေဖ်ာ္ရည္တိုက္ေကၽြးမႈနဲ႔ပတ္သက္တဲ႔ အသက္ကန္႔သတ္ခ်က္ကို ၆ လအထိပဲ ထားရွိခဲ႔ျပီး အခုလို အသက္ကန္႔သတ္ခ်က္ကိုတိုးျမွင္႔လိုက္တာဟာ ၁၆ ႏွစ္ၾကာျမင္႔ခ်ိန္မွာ မွေျပာင္းလဲသတ္မွတ္လိုက္တာပဲျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ႔ အသင္႔ေသာက္သံုးႏိုင္တဲ႔ အသီးေဖ်ာ္ရည္ဘူးေတြ အမ်ားဆံုးေသာက္သံုးၾကသူေတြဟာ ကေလးေတြနဲ႔ဆယ္ေက်ာ္သက္ေတြျဖစ္ၾကပါတယ္။

မိဘေတြအေနနဲ႔ ကေလးအသက္ ၁ နွစ္ကေန ၃ ႏွစ္အတြင္းအရြယ္ေတြကို တစ္ေန႔တာလံုးအတြက္ သစ္သီးေဖ်ာ္ရည္ ၄ ေအာင္စသာ တိုက္ေကၽြးသင္႔တယ္လို႔ဆိုပါတယ္။ ဒီလိုတိုက္ေကၽြးတဲ႔အခ်ိန္မွာလည္း သူတို႔ေသာက္ေနက်ခြက္နဲ႔သာတိုက္ေကၽြးရပါမယ္။ ပုလင္း ၊ ပလတ္စတစ္ဘူး ၊ စကၠဴဘူးေတြနဲ႔ ေပးတာမ်ိဳးမလုပ္ရပါဘူး။

ကေလး အသက္ ၄ ႏွစ္ကေန ၆ ႏွစ္အထိေတာ႔ တစ္ေန႔တာလံုးအတြက္ အသီးေဖ်ာ္ရည္ပမာဏ  ၄ ေအာင္စကေန ၆ ေအာင္စအထိသာ ေသာက္သံုးခြင္႔ျပဳရမွာျဖစ္ပါတယ္။ အသက္ ၇ ႏွစ္ကေန ၁၈ ႏွစ္အရြယ္အထိကိုေတာ႔ တစ္ေန႔ကို ၈ ေအာင္စထက္ပိုမေသာက္သံုးသင္႔ဘူးလို႔ အၾကံျပဳထားပါတယ္။

ကေလးငယ္ေလးေတြအတြက္ အသီးေဖ်ာ္ရည္ေရြးခ်ယ္တဲ႔ေနရာမွာ Grapefruit သီးဟာ တခ်ိဳ႕ေသာေဆးဝါးကုသမႈေတြကို အေႏွာက္အယွက္ေပးတဲ႔အတြက္ သတိထားတုိက္ေကၽြးသင္႔တယ္လို႔ဆိုထားပါတယ္။ အထူးသျဖင္႔ ခႏၶာကိုုယ္မွာအရည္ဆံုးရွံူးေနခ်ိန္ ၊ ဝမ္းေလွွ်ာေနခ်ိန္မ်ိဳးမွာ သတိထားရမွာျဖစ္ပါတယ္။

ကေလးေတြကို သစ္သီးေဖ်ာ္ရည္ ေသာက္တတ္ဖို႔ေလ႔က်င္႔ေပးတာထက္ သစ္သီးကိုဒီအတိုင္းစားတတ္ဖို႔ေလ႔က်င္႔ေပးတာက ပိုျပီးအက်ိဳးမ်ားမယ္လို႔ သိရွိရပါတယ္။

Ref#CNN

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

Americam Acadamy Of Pediatrics ရဲ့ထုတ်ပြန်ချက်အရ အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို သစ်သီးဖျော်ရည်တွေမတိုက်ကျွေးသင့်ဘူးလို့ဆိုပါတယ်။ သစ်သီးဖျော်ရည်ဆိုတဲ့နေရာမှာ အသီးစစ်စစ်ဖျော်ရည်ပါသလို ဘူးတွေနဲ့လာတဲ့ အသင့်သုံးဖျော်ရည်တွေလည်းပါပါတယ်။
အရင်ကတော့ ကလေးတွေအဝလွန်မှုနဲ့ သွား ၊ ခံတွင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေကိုရှောင်ရှားနိုင်ဖို့အတွက် ကလေးအသက် ၆ လအထိ သစ်သီးဖျော်ရည်တွေ မတိုက်ကျွေးရဘူးလို့ဆိုထားပေမယ့် အခုတော့ အသက်ကန့်သတ်ချက်ကို ထပ်တိုးထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ကလေးအသက် ၆ လ ၊ ၁နှစ်အရွယ်လေးတွေကို မိခင်နို့နဲ့ ဖြည့်စွက်အာဟာရမှုန့်တွေ တိုက်ကျွေးဖို့ခွင့်ပြုထားပေမယ့် သစ်သီးဖျော်ရည်တွေတော့ တိုက်ကျွေးဖို့မလိုဘူးလို့သတ်မှတ်ပါတယ်။ “မိဘတွေအနေနဲ့ ကလေးစို့ဘူးထဲ ဖျော်ရည်တွေထည့်ပြီး အလွယ်တကူပေးထားတတ်ကြပါတယ်။ ဒီလိုတိုက်ကျွေးတဲ့အတွက် ကယ်လိုရီနဲ့သကြားပမာဏအများကြီး ကလေးခန္ဓာကိုယ်ထဲရောက်သွားတယ်ဆိုတာ သတိမမူတတ်ကြပါဘူး။ ပြီးတော့ ဖျော်ရည်သောက်နေရင် ကလေးတွေက ရေမသောက်ကြတော့ဘူး။ သစ်သီးဖျော်ရည်တွေဟာ ဒီအရွယ်မှာ မလိုအပ်သေးသလို သူတို့ခန္ဓာကိုယ်အတွက် သိသာတဲ့အကျိုးရလဒ်ကောင်းတွေလည်း ပေးစွမ်းနိုင်တာကို မတွေ့ရပါဘူး။ ဒါကြောင့်လည်း အသက် ၁ နှစ်အရွယ်အထိ သစ်သီးဖျော်ရည်တွေမတိုက်ကျွေးဖို့ သတ်မှတ်တာဖြစ်ပါတယ်” လို့ Department of Pediatric, University of Texas မှဒေါက်တာ စတီဗင် အေ အမ်ဘရမ်ကပြောပါတယ်။
၂၀၀၁ ခုနစ်အထိ သစ်သီးဖျော်ရည်တိုက်ကျွေးမှုနဲ့ပတ်သက်တဲ့ အသက်ကန့်သတ်ချက်ကို ၆ လအထိပဲ ထားရှိခဲ့ပြီး အခုလို အသက်ကန့်သတ်ချက်ကိုတိုးမြှင့်လိုက်တာဟာ ၁၆ နှစ်ကြာမြင့်ချိန်မှာ မှပြောင်းလဲသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်ဘူးတွေ အများဆုံးသောက်သုံးကြသူတွေဟာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေဖြစ်ကြပါတယ်။
မိဘတွေအနေနဲ့ ကလေးအသက် ၁ နှစ်ကနေ ၃ နှစ်အတွင်းအရွယ်တွေကို တစ်နေ့တာလုံးအတွက် သစ်သီးဖျော်ရည် ၄ အောင်စသာ တိုက်ကျွေးသင့်တယ်လို့ဆိုပါတယ်။ ဒီလိုတိုက်ကျွေးတဲ့အချိန်မှာလည်း သူတို့သောက်နေကျခွက်နဲ့သာတိုက်ကျွေးရပါမယ်။ ပုလင်း ၊ ပလတ်စတစ်ဘူး ၊ စက္ကူဘူးတွေနဲ့ ပေးတာမျိုးမလုပ်ရပါဘူး။
ကလေး အသက် ၄ နှစ်ကနေ ၆ နှစ်အထိတော့ တစ်နေ့တာလုံးအတွက် အသီးဖျော်ရည်ပမာဏ  ၄ အောင်စကနေ ၆ အောင်စအထိသာ သောက်သုံးခွင့်ပြုရမှာဖြစ်ပါတယ်။ အသက် ၇ နှစ်ကနေ ၁၈ နှစ်အရွယ်အထိကိုတော့ တစ်နေ့ကို ၈ အောင်စထက်ပိုမသောက်သုံးသင့်ဘူးလို့ အကြံပြုထားပါတယ်။
ကလေးငယ်လေးတွေအတွက် အသီးဖျော်ရည်ရွေးချယ်တဲ့နေရာမှာ Grapefruit သီးဟာ တချို့သောဆေးဝါးကုသမှုတွေကို အနှောက်အယှက်ပေးတဲ့အတွက် သတိထားတိုက်ကျွေးသင့်တယ်လို့ဆိုထားပါတယ်။ အထူးသဖြင့် ခန္ဓာကိုု်ယ်မှာအရည်ဆုံးရှူံးနေချိန် ၊ ဝမ်းလှျှောနေချိန်မျိုးမှာ သတိထားရမှာဖြစ်ပါတယ်။
ကလေးတွေကို သစ်သီးဖျော်ရည် သောက်တတ်ဖို့လေ့ကျင့်ပေးတာထက် သစ်သီးကိုဒီအတိုင်းစားတတ်ဖို့လေ့ကျင့်ပေးတာက ပိုပြီးအကျိုးများမယ်လို့ သိရှိရပါတယ်။

Ref#CNN

ဂျူဂျူး(အခရာ)

www.akhayar.com