[Zawgyi]

ကမၻာေက်ာ္ပုဂၢိဳလ္ေတြဟာ မေအာင္ျမင္ခင္တုန္းက ဘယ္လုိေတြ ဘဝနာခဲ့ရလဲ၊ ဘယ္လုိေတြ ရုန္းကန္ခဲ့ရလဲဆုိတာ စိတ္ဝင္စားဖုိ႔ ေကာင္းလွပါတယ္။ ေရႊထီးေဆာင္းတဲ့ လူေတြတခ်ိဳ႕ ဘယ္လုိေတြနင္းျပားျဖစ္ခဲ့ၾကလဲ။ ဒီတစ္ပတ္မွာေတာ့ ဆင္းရဲသားဘုံကေန ကမၻာေက်ာ္ျဖစ္လာခဲ့တဲ့ အလက္ဆစ္ဆန္းခ်က္ (Alexis Sanches) အေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။

ဆန္းခ်က္ကုိ ခ်ီလီႏုိင္ငံေျမာက္ပုိင္းမွာရွိတဲ့ တုိကုိပီလာၿမိဳ႕ (Tocopilla) ၁၉၈၈ခုႏွစ္ ဒီဇင္ဘာ ၁၉ရက္မွာ ေမြးဖြားခဲ့ပါတယ္။ တုိကုိပီလာၿမိဳ႕ဆုိတာက သတၳဳတူးေဖာ္တဲ့ေနရာျဖစ္ၿပီး ဆင္းရဲသားေတြ ျပည့္ေနပါတယ္။ ဖခင္စြန္႔ခြာသြားတဲ့အတြက္ ဆန္းခ်က္တုိ႔ေမာင္ႏွမေတြဟာ ဒုကၡမ်ိဳးစုံ ေရာက္ခဲ့ရပါတယ္။ ပညာမတတ္တဲ့ မိခင္ဟာ ဆန္းခ်က္တက္ေနတဲ့ ေက်ာင္းမွာပဲ သန္႔ရွင္းေရးလုပ္ခဲ့ရပါတယ္။ ဆန္းခ်က္ဟာ သူေဘာလုံးသမားမျဖစ္ခဲ့ရင္ သတၳဳတြင္းမွာပဲ အလုပ္ၾကမ္းသမားျဖစ္ေနပါၿပီလုိ႔ ရင္ဖြင့္ဖူးပါတယ္။

တုိကုိပီလာၿမိဳ႕ (Tocopilla)

တုိကုိပီလာၿမိဳ႕ (Tocopilla)

သူ႕ရဲ႕မိခင္ပင္ပင္ပန္းပန္းလုပ္ေနတာကုိ မၾကည့္ရက္တဲ့ ဆန္းခ်က္ဟာ ေက်ာင္းအားတဲ့အခ်ိန္ေတြမွာ ကားေရေဆးတာေတြ၊ ကြ်မ္းဘားခုန္တာေတြ ျပဳလုပ္ၿပီး မိသားစုကုိ ေထာက္ပံ့ေပးခဲ့ပါတယ္။ ၿမိဳ႕ေတာ္ဝန္ဟာ ဆင္းရဲတဲ့မိသားစုဝင္ေတြကုိ  အားကစားဖိနပ္ေဝငွတဲ့အခါ ေဘာလုံးပညာပါရမီရွိတဲ့ ဆန္းခ်က္အတြက္ ေျမေတာင္ေျမွာက္လုိက္သလုုိပါပဲ။ ေက်ာင္းေပါင္းစုံၿပိဳင္ပြဲမွာ နာမည္ထြက္လာေတာ့ C.D. Cobreloa လူငယ္အသင္းက ဖိတ္ေခၚခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ဆန္းခ်က္ဟာ အသင္းဝင္ေၾကးကုိေတာင္ မေပးႏုိင္ခဲ့ပါဘူး။

C.D. Cobreloa မွာ ဆန္းခ်က္

C.D. Cobreloa မွာ ဆန္းခ်က္

၁ဂုိး-ဂုိးမရွိ ရႈံးနိမ့္ေနတဲ့အခ်ိန္မွာ ဆန္းခ်က္ဝင္လာၿပီး ၈ဂုိးတိတိသြင္းကာ အႏုိင္ရရွိတဲ့ စြမ္းေဆာင္ရည္ကုိ သေဘာက်လုိ႔ နည္းျပ နယ္ဆင္အက္ကုိစတာ (Nelson Acosta) ဟာ ၂ဝဝ၅ခုႏွစ္ ေဖေဖာ္ဝါရီလမွာ C.D. Cobreloa အသင္းႀကီးမွာ ပါဝင္ခြင့္ေပးလုိက္ပါတယ္။ အသင္းမွာ ေျခစြမ္းျပေနတဲ့ ဆန္းခ်က္ကုိ အီတလီစီးရီးေအကလပ္ အူးဒီနီးစ္ (Udinese) က ၂ဝဝ၆ခုႏွစ္ ဧၿပီ ၂၁ရက္ေန႔မွာ ေပါင္၁.၇သန္းနဲ႔ ဝယ္ယူခဲ့ပါတယ္။ အူးဒီနီးစ္အသင္းဟာ ဆန္းခ်က္ကုိ ကုိလုိကုိလုိ (Colo-Colo) နဲ႔ ေရးဗားပလိတ္ (River Plate) အသင္းေတြဆီမွာ အငွားခ်လုိက္ပါတယ္။ အငွားခ်ရာကေန အူးဒီနီးစ္အသင္းကုိ ၂ဝဝ၈ခုႏွစ္ ဇူလုိင္လမွာ ျပန္ေရာက္လာၿပီး အေကာင္းဆုံးေျခစြမ္းျပခဲ့ပါတယ္။ ၉၅ပြဲပါဝင္ကစားခဲ့ကာ ဂုိး ၂ဝသြင္းယူခဲ့ၿပီး ကမၻာ့အဆင့္မီတုိက္စစ္မွဴးျဖစ္ေၾကာင္း ျပသခဲ့ပါတယ္။

ဘာစီလုိနာတုိက္စစ္မွဴး ဆန္းခ်က္

ဘာစီလုိနာတုိက္စစ္မွဴး ဆန္းခ်က္

ဆန္းခ်က္ရဲ႕ဘဝကုိ အေျပာင္းအလဲျဖစ္ေစခဲ့တာက ကမၻာ့အေကာင္းဆုံးကလပ္လုိ႔ တင္စားခဲ့ၾကတဲ့ ဘာစီလုိနာ (Barcelona) အသင္းက ၂ဝ၁၁ခုႏွစ္ ဇူလုိင္ ၂ဝမွာ ယူရုိ ၂၆သန္းနဲ႔ ေခၚယူခဲ့တာပါ။ လီယြန္နယ္မက္ဆီ၊ ဇာဘီ ၊ အင္နီေယစတာတုိ႔လုိ ကမၻာေက်ာ္ေတြနဲ႔ တြဲဖက္ကစားၿပီး အေကာင္းဆုံးေျခစြမ္းကုိ ျပသႏုိင္ခဲ့ပါတယ္။ ဘာစီလုိနာအသင္းမွာ ၈၈ပြဲကစားခဲ့ၿပီး ၃၉ဂုိး သြင္းယူခဲ့ကာ ခ်န္ပီယံလိဂ္ဖလား (၂ဝ၁၁) ၊ လာလီဂါဖလား (၂ဝ၁၂) နဲ႔ ကုိပါဒယ္ေရးဖလား (၂ဝ၁၁) ေတြကုိ ရရွိခဲ့ပါတယ္။

အာဆင္နယ္မွာ ဆန္းခ်က္

အာဆင္နယ္မွာ ဆန္းခ်က္

၂ဝ၁၄ခုႏွစ္ ဇူလုိင္ ၁ဝရက္ေန႔မွာ အာဆင္နယ္အသင္းကုိ ေပါင္ ၃၁.၇သန္းနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။ နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕ အားထားရတဲ့ တုိက္စစ္မွဴးႀကီးျဖစ္ခဲ့ၿပီး ၁ဝ၃ပြဲမွာ ၅၃ဂုိးအထိ သြင္းယူခဲ့ပါတယ္။ တစ္ပတ္လုပ္ခ ေပါင္၁သိန္း၄ေသာင္း (ေဒၚလာ ၁သိန္း၈ေသာင္း) နဲ႔ ေဒၚလာ ၁၄၆သန္းအထိ ၾကြယ္ဝေနၿပီျဖစ္ပါတယ္။ ဆန္းခ်က္ဟာ ဇာတိေျမကုိေတာ့ မေမ့တဲ့ အားကစားသမားပါ။ တုိကုိပီလာၿမိဳ႕မွာရွိတဲ့ လူငယ္ေဘာလုံးေက်ာင္းေတြကုိ အားကစားဝတ္စုံေတြနဲ႔ ေဒၚလာ၁သိန္း၆ေသာင္း ေပးလွဴခဲ့ပါတယ္။ ဆန္းခ်က္ဟာ ကေလးဘဝကုိ ဆင္းဆင္းရဲရဲျဖတ္သန္းခဲ့ရေပမယ့္ သူ႕ရဲ႕ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ အခုခ်ိန္မွာေတာ့ ဘာစီလုိနာၿမိဳ႕မွာ အိမ္တစ္လုံး၊ လန္ဒန္ၿမိဳ႕မွာ အိမ္တစ္လုံးနဲ႕ သန္းၾကြယ္သူေဌးတစ္ေယာက္ ျဖစ္ေနပါၿပီ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဟာ မအောင်မြင်ခင်တုန်းက ဘယ်လိုတွေ ဘဝနာခဲ့ရလဲ၊ ဘယ်လိုတွေ ရုန်းကန်ခဲ့ရလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ရွှေထီးဆောင်းတဲ့ လူတွေတချို့ ဘယ်လိုတွေနင်းပြားဖြစ်ခဲ့ကြလဲ။ ဒီတစ်ပတ်မှာတော့ ဆင်းရဲသားဘုံကနေ ကမ္ဘာကျော်ဖြစ်လာခဲ့တဲ့ အလက်ဆစ်ဆန်းချက် (Alexis Sanches) အကြောင်းကို ပြောပြချင်ပါတယ်။

ဆန်းချက်ကို ချီလီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တိုကိုပီလာမြို့ (Tocopilla) ၁၉၈၈ခုနှစ် ဒီဇင်ဘာ ၁၉ရက်မှာ မွေးဖွားခဲ့ပါတယ်။ တိုကိုပီလာမြို့ဆိုတာက သတ္ထုတူးဖော်တဲ့နေရာဖြစ်ပြီး ဆင်းရဲသားတွေ ပြည့်နေပါတယ်။ ဖခင်စွန့်ခွာသွားတဲ့အတွက် ဆန်းချက်တို့မောင်နှမတွေဟာ ဒုက္ခမျိုးစုံ ရောက်ခဲ့ရပါတယ်။ ပညာမတတ်တဲ့ မိခင်ဟာ ဆန်းချက်တက်နေတဲ့ ကျောင်းမှာပဲ သန့်ရှင်းရေးလုပ်ခဲ့ရပါတယ်။ ဆန်းချက်ဟာ သူဘောလုံးသမားမဖြစ်ခဲ့ရင် သတ္ထုတွင်းမှာပဲ အလုပ်ကြမ်းသမားဖြစ်နေပါပြီလို့ ရင်ဖွင့်ဖူးပါတယ်။

တိုကိုပီလာမြို့ (Tocopilla)

တိုကိုပီလာမြို့ (Tocopilla)

သူ့ရဲ့မိခင်ပင်ပင်ပန်းပန်းလုပ်နေတာကို မကြည့်ရက်တဲ့ ဆန်းချက်ဟာ ကျောင်းအားတဲ့အချိန်တွေမှာ ကားရေဆေးတာတွေ၊ ကျွမ်းဘားခုန်တာတွေ ပြုလုပ်ပြီး မိသားစုကို ထောက်ပံ့ပေးခဲ့ပါတယ်။ မြို့တော်ဝန်ဟာ ဆင်းရဲတဲ့မိသားစုဝင်တွေကို  အားကစားဖိနပ်ဝေငှတဲ့အခါ ဘောလုံးပညာပါရမီရှိတဲ့ ဆန်းချက်အတွက် မြေတောင်မြှောက်လိုက်သလိုုပါပဲ။ ကျောင်းပေါင်းစုံပြိုင်ပွဲမှာ နာမည်ထွက်လာတော့ C.D. Cobreloa လူငယ်အသင်းက ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဆန်းချက်ဟာ အသင်းဝင်ကြေးကိုတောင် မပေးနိုင်ခဲ့ပါဘူး။

C.D. Cobreloa မှာ ဆန်းချက်

C.D. Cobreloa မှာ ဆန်းချက်

၁ဂိုး-ဂိုးမရှိ ရှုံးနိမ့်နေတဲ့အချိန်မှာ ဆန်းချက်ဝင်လာပြီး ၈ဂိုးတိတိသွင်းကာ အနိုင်ရရှိတဲ့ စွမ်းဆောင်ရည်ကို သဘောကျလို့ နည်းပြ နယ်ဆင်အက်ကိုစတာ (Nelson Acosta) ဟာ ၂ဝဝ၅ခုနှစ် ဖေဖော်ဝါရီလမှာ C.D. Cobreloa အသင်းကြီးမှာ ပါဝင်ခွင့်ပေးလိုက်ပါတယ်။ အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆန်းချက်ကို အီတလီစီးရီးအေကလပ် အူးဒီနီးစ် (Udinese) က ၂ဝဝ၆ခုနှစ် ဧပြီ ၂၁ရက်နေ့မှာ ပေါင်၁.၇သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အူးဒီနီးစ်အသင်းဟာ ဆန်းချက်ကို ကိုလိုကိုလို (Colo-Colo) နဲ့ ရေးဗားပလိတ် (River Plate) အသင်းတွေဆီမှာ အငှားချလိုက်ပါတယ်။ အငှားချရာကနေ အူးဒီနီးစ်အသင်းကို ၂ဝဝ၈ခုနှစ် ဇူလိုင်လမှာ ပြန်ရောက်လာပြီး အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ ၉၅ပွဲပါဝင်ကစားခဲ့ကာ ဂိုး ၂ဝသွင်းယူခဲ့ပြီး ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးဖြစ်ကြောင်း ပြသခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး ဆန်းချက်

ဘာစီလိုနာတိုက်စစ်မှူး ဆန်းချက်

ဆန်းချက်ရဲ့ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တာက ကမ္ဘာ့အကောင်းဆုံးကလပ်လို့ တင်စားခဲ့ကြတဲ့ ဘာစီလိုနာ (Barcelona) အသင်းက ၂ဝ၁၁ခုနှစ် ဇူလိုင် ၂ဝမှာ ယူရို ၂၆သန်းနဲ့ ခေါ်ယူခဲ့တာပါ။ လီယွန်နယ်မက်ဆီ၊ ဇာဘီ ၊ အင်နီယေစတာတို့လို ကမ္ဘာကျော်တွေနဲ့ တွဲဖက်ကစားပြီး အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ၈၈ပွဲကစားခဲ့ပြီး ၃၉ဂိုး သွင်းယူခဲ့ကာ ချန်ပီယံလိဂ်ဖလား (၂ဝ၁၁) ၊ လာလီဂါဖလား (၂ဝ၁၂) နဲ့ ကိုပါဒယ်ရေးဖလား (၂ဝ၁၁) တွေကို ရရှိခဲ့ပါတယ်။

အာဆင်နယ်မှာ ဆန်းချက်

အာဆင်နယ်မှာ ဆန်းချက်

၂ဝ၁၄ခုနှစ် ဇူလိုင် ၁ဝရက်နေ့မှာ အာဆင်နယ်အသင်းကို ပေါင် ၃၁.၇သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ အားထားရတဲ့ တိုက်စစ်မှူးကြီးဖြစ်ခဲ့ပြီး ၁ဝ၃ပွဲမှာ ၅၃ဂိုးအထိ သွင်းယူခဲ့ပါတယ်။ တစ်ပတ်လုပ်ခ ပေါင်၁သိန်း၄သောင်း (ဒေါ်လာ ၁သိန်း၈သောင်း) နဲ့ ဒေါ်လာ ၁၄၆သန်းအထိ ကြွယ်ဝနေပြီဖြစ်ပါတယ်။ ဆန်းချက်ဟာ ဇာတိမြေကိုတော့ မမေ့တဲ့ အားကစားသမားပါ။ တိုကိုပီလာမြို့မှာရှိတဲ့ လူငယ်ဘောလုံးကျောင်းတွေကို အားကစားဝတ်စုံတွေနဲ့ ဒေါ်လာ၁သိန်း၆သောင်း ပေးလှူခဲ့ပါတယ်။ ဆန်းချက်ဟာ ကလေးဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရပေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် အခုချိန်မှာတော့ ဘာစီလိုနာမြို့မှာ အိမ်တစ်လုံး၊ လန်ဒန်မြို့မှာ အိမ်တစ်လုံးနဲ့ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေပါပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com