[Zawgyi]

ပန္းကန္ေဆးဘဝမွ ဘီလ်ံနာႀကီးျဖစ္လာတဲ့ Shahid Khan

သူ႕ရဲ႕ပထမအလုပ္က ပန္းကန္ေဆးသမား။ ေနာက္မွ ကားလုပ္ငန္းကုိ ဝင္လုပ္တာ။ အခုေတာ့ သူေဌးႀကီးျဖစ္ေနၿပီ။ “တစ္ရြာမေျပာင္း သူေကာင္းမျဖစ္” ဆုိတဲ့ စကားက သူနဲ႔ဆုိရင္ ကြက္တိ။ အခုေျပာေနတဲ့သူက Shahid Khan ပါ။ ျမင္လြယ္ေအာင္ ေျပာရရင္ ဖူဟမ္အသင္း (Fulham)  ပုိင္ရွင္။

Shahid Khan ကုိ ၁၉၅ဝခုႏွစ္ ဇူလုိင္လ ၁၈ရက္ေန႔ ပါကစၥတန္ႏုိင္ငံ လာဟုိးၿမိဳ႕ (Lahore) မွာ ေမြးဖြားခဲ့တယ္။ သူ႕မိခင္က သခ်ၤာပါေမာကၡျဖစ္ေပမယ့္ မိသားစုကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာပဲ က်င္လည္ခဲ့တယ္။ ၁၉၆၇ခုႏွစ္မွာ University of Illinois တက္ဖုိ႔ အေမရိကန္ႏုိင္ငံကုိ ေျပာင္းခဲ့တယ္။ သူ႕မွာ ေဒၚလာ၅ဝဝပဲ ပါလာခဲ့တယ္။ သူတစ္ပါးတုိင္းျပည္မွာ ေက်ာင္းစရိတ္ မေလာက္ငွတဲ့အတြက္ မ်က္စိသူငယ္နားသူငယ္ ျဖစ္ခဲ့ရတယ္။ ပထမဆုံးအလုပ္က ပန္းကန္ေဆးတဲ့ အလုပ္ပါ။ တစ္နာရီေဆးရင္ ၁.၂ေဒၚလာ (၁၆၃၈က်ပ္) ပဲရတယ္။ ၿပီးေတာ့ ေက်ာင္းတက္ရင္းနဲ႔ ကားထုတ္လုပ္တဲ့ကုမၸဏီ (Flex-N-Gate Corporation) မွာ အလုပ္လုပ္ျပန္တယ္။ ၁၉၇၁ခုႏွစ္မွာ စက္မႈအင္ဂ်င္နီယာအထူးျပဳနဲ႔ သိပၸံဘြဲ႕ရခဲ့ပါတယ္။

Shahid Khan ရဲ႕ အစြမ္းအစကုိ ရိပ္မိတဲ့ Flex-N-Gate Corporation ဟာ ေက်ာင္းၿပီးတာနဲ႔ အင္ဂ်င္နီယာဒါရုိက္တာအေနနဲ႔ ရာထူးတုိးေပးလုိက္တယ္။ ကားလုပ္ငန္းမွာ (၇) ႏွစ္ေလာက္က်င္လည္ၿပီးေတာ့ သူဟာ ကားလုပ္ငန္းကို ထုံးလုိေမႊ ေရလုိေႏွာက္ႏုိင္ခဲ့ပါတယ္။ ၁၉၇၈ခုႏွစ္မွာ ကုန္တင္ကားေတြအတြက္ ကားဘမ္ပါ (Bumper) ထုတ္လုပ္တဲ့ Bumper Works ဆုိတဲ့ ကုိယ္ပုိင္လုပ္ငန္း တည္ေထာင္လုိက္တယ္။ ဒါေပမယ့္ အရင္းအႏွီးမရွိေသးတဲ့အတြက္ သူစုေဆာင္းထားတဲ့ ေဒၚလာ ၁၆,ဝဝဝနဲ႔ ေခ်းေငြ ၅ဝ,ဝဝဝ နဲ႔ ရင္းႏွီးခဲ့တာပါ။ ဒါကလည္း  အေတြးစိတ္ကူးပါ။ သူမ်ားအလုပ္မွာ ဝန္ထမ္းလုပ္မယ္ဆုိရင္ လူတန္းေစ့ရပ္တည္ႏုိင္ေပမယ့္ ေရရွည္က်ေတာ့ ကုိယ္ပုိင္လုပ္ငန္းကုိ တည္ေထာင္မွသာ သူေဌးျဖစ္ႏိုင္မယ္ဆိုတဲ့ခံယူခ်က္နဲ႔ ျဖစ္ပါတယ္။

Bumper Works လုပ္ငန္းမွာ ေအာင္ျမင္လာေတာ့ Shahid Khan အလုပ္လုပ္ခဲ့တဲ့ Flex-N-Gate Corporation ကုိ ဝယ္ယူခဲ့တယ္။ ၿပီးေတာ့ ကားဘမ္ပါေတြကုိ Volkswagen ၊ Mercedes-Benz နဲ႔ BMW တုိ႔လုိ ကားကုမၸဏီႀကီးေတြမွာ တင္သြင္းႏုိင္ခဲ့တယ္။ တစ္ျဖည္းျဖည္းနဲ႔ သူခ်မ္းသာလာပါၿပီ။ အရည္အေသြးေကာင္းမြန္တဲ့ ဘမ္ပါေတြကုိ ထုတ္လုပ္ႏုိင္ခဲ့လုိ႔ တုိယုိတာကုမၸဏီ (Toyota Motor Corporation) ကလည္း စိတ္ဝင္စားလာတယ္။ ၁၉၈၇ခုႏွစ္မွာ တုိယုိတာပစ္ကပ္ကားေတြအတြက္ ဘမ္ပါေတြကုိ တင္သြင္းႏုိင္ခဲ့တယ္။ ၁၉၈၉ခုႏွစ္မွာ တုိယုိတာကားေတြအားလုံးမွာ ဘမ္ပါေတြ ထုတ္လုပ္ေပးႏုိင္ခဲ့တယ္။ ကုမၸဏီရဲ႕ေရာင္းအားဟာ တစ္ႏွစ္မွာ ၁၇သန္းကေန ၂ဝ၁ဝခုႏွစ္မွာ ၂ဘီလီယံ (သန္း၂ေထာင္) အထိ တစ္ဟုန္ထုိးတုိးတက္ခဲ့တယ္။ ၁၉၉၁ခုႏွစ္မွာေတာ့ အေမရိကန္ႏုိင္ငံသား ခံယူလုိက္ပါၿပီ။ လက္ရွိအခ်ိန္မွာေတာ့ Flex-N-Gate Corporation ဟာ ဝန္ထမ္းေပါင္း ၂၄,ဝဝဝ နဲ႔ စက္ရုံေပါင္း ၆၂ခုအထိ တုိးတက္လာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Forbes မဂၢဇင္းရဲ႕သတ္မွတ္ခ်က္အရ Shahid Khan ရဲ႕ ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၇ဘီလီယံ (သန္း၇ေထာင္) အထိရွိလာပါၿပီ။ ၂ဝ၁၂ခုႏွစ္ ဇန္နဝါရီလ ၄ရက္ေန႔မွာ အေမရိကန္ေဘာလုံးအသင္းျဖစ္တဲ့ Jacksonville Jaguars ကုိ သန္း၇၆ဝနဲ႔ ဝယ္ယူလုိက္တယ္။ ပရီးမီးယားလိဂ္ကလပ္ ဖူဟမ္အသင္းအသင္းကုိလည္း ၂ဝ၁၃ခုႏွစ္မွာ ဝယ္ယူခဲ့ျပန္တယ္။ ကေနဒါႏုိင္ငံမွာလည္း ကြန္ဒုိတာဝါေတြ ဟိုတယ္ေတြ ပုိင္ဆုိင္ထားျပန္တယ္။ သူသာ အေမရိကန္ကုိ စြန္႔စြန္႔စားစား မလာဘဲ မိခင္ႏုိင္ငံမွာသာ ဆက္ေနမယ္ဆုိရင္ အခုခ်ိန္မွာ ေဆာက္လုပ္ေရးလုပ္သားတစ္ေယာက္ပဲ ျဖစ္ေနဦးမွာပါ။ ဒါေတြဟာ စြန္႔စားမႈရဲ႕ရလဒ္ မဟုတ္ပါလားခင္ဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ပန်းကန်ဆေးဘဝမှ ဘီလျံနာကြီးဖြစ်လာတဲ့ Shahid Khan

သူ့ရဲ့ပထမအလုပ်က ပန်းကန်ဆေးသမား။ နောက်မှ ကားလုပ်ငန်းကို ဝင်လုပ်တာ။ အခုတော့ သူဌေးကြီးဖြစ်နေပြီ။ “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ စကားက သူနဲ့ဆိုရင် ကွက်တိ။ အခုပြောနေတဲ့သူက Shahid Khan ပါ။ မြင်လွယ်အောင် ပြောရရင် ဖူဟမ်အသင်း (Fulham)  ပိုင်ရှင်။

Shahid Khan ကို ၁၉၅ဝခုနှစ် ဇူလိုင်လ ၁၈ရက်နေ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ (Lahore) မှာ မွေးဖွားခဲ့တယ်။ သူ့မိခင်က သင်္ချာပါမောက္ခဖြစ်ပေမယ့် မိသားစုကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာပဲ ကျင်လည်ခဲ့တယ်။ ၁၉၆၇ခုနှစ်မှာ University of Illinois တက်ဖို့ အမေရိကန်နိုင်ငံကို ပြောင်းခဲ့တယ်။ သူ့မှာ ဒေါ်လာ၅ဝဝပဲ ပါလာခဲ့တယ်။ သူတစ်ပါးတိုင်းပြည်မှာ ကျောင်းစရိတ် မလောက်ငှတဲ့အတွက် မျက်စိသူငယ်နားသူငယ် ဖြစ်ခဲ့ရတယ်။ ပထမဆုံးအလုပ်က ပန်းကန်ဆေးတဲ့ အလုပ်ပါ။ တစ်နာရီဆေးရင် ၁.၂ဒေါ်လာ (၁၆၃၈ကျပ်) ပဲရတယ်။ ပြီးတော့ ကျောင်းတက်ရင်းနဲ့ ကားထုတ်လုပ်တဲ့ကုမ္ပဏီ (Flex-N-Gate Corporation) မှာ အလုပ်လုပ်ပြန်တယ်။ ၁၉၇၁ခုနှစ်မှာ စက်မှုအင်ဂျင်နီယာအထူးပြုနဲ့ သိပ္ပံဘွဲ့ရခဲ့ပါတယ်။

Shahid Khan ရဲ့ အစွမ်းအစကို ရိပ်မိတဲ့ Flex-N-Gate Corporation ဟာ ကျောင်းပြီးတာနဲ့ အင်ဂျင်နီယာဒါရိုက်တာအနေနဲ့ ရာထူးတိုးပေးလိုက်တယ်။ ကားလုပ်ငန်းမှာ (၇) နှစ်လောက်ကျင်လည်ပြီးတော့ သူဟာ ကားလုပ်ငန်းကို ထုံးလိုမွှေ ရေလိုနှောက်နိုင်ခဲ့ပါတယ်။ ၁၉၇၈ခုနှစ်မှာ ကုန်တင်ကားတွေအတွက် ကားဘမ်ပါ (Bumper) ထုတ်လုပ်တဲ့ Bumper Works ဆိုတဲ့ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်လိုက်တယ်။ ဒါပေမယ့် အရင်းအနှီးမရှိသေးတဲ့အတွက် သူစုဆောင်းထားတဲ့ ဒေါ်လာ ၁၆,ဝဝဝနဲ့ ချေးငွေ ၅ဝ,ဝဝဝ နဲ့ ရင်းနှီးခဲ့တာပါ။ ဒါကလည်း  အတွေးစိတ်ကူးပါ။ သူများအလုပ်မှာ ဝန်ထမ်းလုပ်မယ်ဆိုရင် လူတန်းစေ့ရပ်တည်နိုင်ပေမယ့် ရေရှည်ကျတော့ ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်မှသာ သူဌေးဖြစ်နိုင်မယ်ဆိုတဲ့ခံယူချက်နဲ့ ဖြစ်ပါတယ်။

Bumper Works လုပ်ငန်းမှာ အောင်မြင်လာတော့ Shahid Khan အလုပ်လုပ်ခဲ့တဲ့ Flex-N-Gate Corporation ကို ဝယ်ယူခဲ့တယ်။ ပြီးတော့ ကားဘမ်ပါတွေကို Volkswagen ၊ Mercedes-Benz နဲ့ BMW တို့လို ကားကုမ္ပဏီကြီးတွေမှာ တင်သွင်းနိုင်ခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့ သူချမ်းသာလာပါပြီ။ အရည်အသွေးကောင်းမွန်တဲ့ ဘမ်ပါတွေကို ထုတ်လုပ်နိုင်ခဲ့လို့ တိုယိုတာကုမ္ပဏီ (Toyota Motor Corporation) ကလည်း စိတ်ဝင်စားလာတယ်။ ၁၉၈၇ခုနှစ်မှာ တိုယိုတာပစ်ကပ်ကားတွေအတွက် ဘမ်ပါတွေကို တင်သွင်းနိုင်ခဲ့တယ်။ ၁၉၈၉ခုနှစ်မှာ တိုယိုတာကားတွေအားလုံးမှာ ဘမ်ပါတွေ ထုတ်လုပ်ပေးနိုင်ခဲ့တယ်။ ကုမ္ပဏီရဲ့ရောင်းအားဟာ တစ်နှစ်မှာ ၁၇သန်းကနေ ၂ဝ၁ဝခုနှစ်မှာ ၂ဘီလီယံ (သန်း၂ထောင်) အထိ တစ်ဟုန်ထိုးတိုးတက်ခဲ့တယ်။ ၁၉၉၁ခုနှစ်မှာတော့ အမေရိကန်နိုင်ငံသား ခံယူလိုက်ပါပြီ။ လက်ရှိအချိန်မှာတော့ Flex-N-Gate Corporation ဟာ ဝန်ထမ်းပေါင်း ၂၄,ဝဝဝ နဲ့ စက်ရုံပေါင်း ၆၂ခုအထိ တိုးတက်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Forbes မဂ္ဂဇင်းရဲ့သတ်မှတ်ချက်အရ Shahid Khan ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇ဘီလီယံ (သန်း၇ထောင်) အထိရှိလာပါပြီ။ ၂ဝ၁၂ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာ အမေရိကန်ဘောလုံးအသင်းဖြစ်တဲ့ Jacksonville Jaguars ကို သန်း၇၆ဝနဲ့ ဝယ်ယူလိုက်တယ်။ ပရီးမီးယားလိဂ်ကလပ် ဖူဟမ်အသင်းအသင်းကိုလည်း ၂ဝ၁၃ခုနှစ်မှာ ဝယ်ယူခဲ့ပြန်တယ်။ ကနေဒါနိုင်ငံမှာလည်း ကွန်ဒိုတာဝါတွေ ဟိုတယ်တွေ ပိုင်ဆိုင်ထားပြန်တယ်။ သူသာ အမေရိကန်ကို စွန့်စွန့်စားစား မလာဘဲ မိခင်နိုင်ငံမှာသာ ဆက်နေမယ်ဆိုရင် အခုချိန်မှာ ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ပဲ ဖြစ်နေဦးမှာပါ။ ဒါတွေဟာ စွန့်စားမှုရဲ့ရလဒ် မဟုတ်ပါလားခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com