လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ဟာ တဖြည်းဖြည်းနဲ့ ဖောင်းပွလာတာနဲ့ အမျှ ကစားသမားတွေရဲ့ တန်ကြေးက ပုံမှန်ထက်ပိုများနေတာ သိပ်ပြီး ဆန်းတဲ့အရာတော့ မဟုတ်တော့ပါဘူး။ ဒီလိုမျိုးအခြေအနေရှိနေပေမယ့် ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကစားသမားကောင်းတွေ တော်တော်များများရှိနေပါတယ်။ ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကစားသမား အများစုဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေပြီဖြစ်ပေမယ့် ပုံစံကောင်းမှာရှိနေကြသေးတာကြောင့် သူတို့တွေရဲ့ အနာဂတ် ဘယ်ကို ရောက်ရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီကစားသမားတွေထဲကမှ အကေင်းဆုံးကစားသမားတွေကို ဗြိတိန်အခြေစိုက် နာမည်ကျော် သတင်းစာ Daily Mail က ၄ – ၄ – ၂ ကစားကွက်နဲ့ ရွေးချယ်ပေးခဲ့တာကြောင့် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဂိုးနေရာမှာတော့ နာမည်ကျော်ဝါရင့်ဂိုးသမား ဘူဖွန် Buffon ရှိနေပြီး အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်မယ်လို့တော့ အသံတွေထွက်နေပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ နောက်ထပ် ခေါ်ယူလို့ရမယ့် ဂိုးသမားတွေမှာတော့ အက်ဒရီယန် Adrian နဲ့ အိုချူအာ Ochoa တို့ရှိနေကြပါတယ်။ ခံစစ် (၄)ယောက်တန်းမှာတော့ အဲလ်ဗတ်စ် Dani Alves ၊ ကာဟေးလ် Gary Cahill ၊ ဆူဘိုတစ် Subotic ၊ မိုရီနို Moreno တို့ရှိနေပြီး ဖီလစ်ပီလူးဝစ် Filipe Luis နဲ့ ဗာမယ်လန်း Vermaelen တို့ကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ခံစစ်ကစားသမားတွေဖြစ်ပါတယ်။

ကွင်းလယ်(၄)ယောက်နေရာမှာတော့ ရော်ဘင် Robben ၊ ကာဘာယီ Cabaye ၊ နာဆရီ Nasri နဲ့ ဘင်အာဖာ Ben Arfa တို့ရှိနေပြီး ရီဘာရီ Ribery ၊ ဆာကို Sako ၊ ဟွန်ဒါ Honda တို့လည်းပါဝင်နေပါတယ်။ တိုက်စစ်(၂)နေရာမှာတော့ ဘာလိုတယ်လီ Balotelli ၊ ၀ဲလ်ဘတ် Welbeck တို့ရှိပြီး တခြားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ အေဘယ်လ်ဟာနန်ဒက်ဇ် Abel Hernández ၊ ကာရိုးလ် Carroll ၊ စတာရစ်ခ်ျ Sturridge ၊ ဘိုနီ Bony တို့ကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေဖြစ်ပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေဟာ ကစားသမားကောင်းတွေဖြစ်သလို အသက်အရွယ်နဲ့ တခြားအခြေအနေတွေကြောင့်သာ ဒီစာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

Daily Mail ရဲ့၎ – ၄ – ၂ ကစားကွက်နဲ့ ရွေးချယ်ခဲ့တဲ့ လူစာရင်း

Goalkeeper – Gianluigi Buffon
Full-back – Dani Alves
Centre-back – Gary Cahill
Centre-back – Neven Subotic
Full-back – Alberto Moreno
Winger – Arjen Robben
Centre midfield – Yohan Cabaye
Centre midfield – Samir Nasri
Winger – Hatem Ben Arfa
Forward – Mario Balotelli
Forward – Danny Welbeck

Ref: Daily Mail
Photo: Daily Mail , Buffon Twitter , Robben Facebook , Marseille Facebook
Ko Kyue(Akhayar)
www.akhayar.com