[Zawgyi]

သူငယ္ခ်င္းဆိုတာ အရင္းႏွီးဆံုး သူစိမ္းပါပဲ။ ဘာလို႔လဲဆိုေတာ့ ညီအစ္ကုိလို သေဘာထားတယ္။ ညီီအစ္ကုိ ေမာင္ႏွမ ရွိေပမယ့္ သူစိမ္းထက္ေတာင္ စိမ္းပါေသးတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းေတြကုိ ညီအစ္ကုိလို ေပါင္းတာပါ။ ၿပီးရင္ ရင္ဖြင့္တုိင္ပင္စရာေတြကုိ တုိင္ပင္တယ္။ သူတို႔လိုအပ္တာေတြဆုိ အျမဲတတ္ႏိုင္သေလာက္ကူညီေပးတယ္။ ၿပီးေတာ့ ကြ်န္ေတာ္က လူေရြးေပါင္းတယ္။ ကိုယ့္ဆီက လိုခ်င္တပ္မက္မႈတစ္ခုနဲ႔ ေပါင္းတဲ့သူမ်ိဳးရယ္ စိတ္ဓာတ္မေကာင္းတဲ့ အက်င့္စာရိတၱပ်က္ျပားတဲ့သူမ်ိဳးေတြရယ္ သူမ်ားေပၚကို စိတ္ယုတ္မာတဲ့သူရယ္ကို ကြ်န္ေတာ္ေရွာင္ပါတယ္။ ေယာက္်ားေလး သူငယ္ခ်င္းမ်ားပါတယ္။

စိတ္ဓာတ္ကုိ ေရြးေပါင္းပါတယ္။ အဓိကကေတာ့ ကြ်န္ေတာ္ ဆုိက္ကားသမားျဖစ္ေနလည္း ေပါင္းမွာပဲ။ ကားအေကာင္းစားႀကီးစီးေနလည္း ေပါင္းမွာပဲ။ ဘာလို႔လဲဆုိေတာ့ စိတ္ဓာတ္နဲ႔ ေပါင္းသင္းရတဲ့သူေတြပဲေလ။ သူငယ္ခ်င္းေတြေၾကာင့္ ဘဝမွာ ေပ်ာ္ရႊင္စရာေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ဆုံရတာ ဘာနဲ႔မွအဖုိးမျဖတ္ႏုိင္ေအာင္ပါပဲ။

အခရာ

www.akhayar.com

[Unicode]

သူငယ်ချင်းဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ။ ဘာလို့လဲဆိုတော့ ညီအစ်ကိုလို သဘောထားတယ်။ ညီအစ်ကို မောင်နှမ ရှိပေမယ့် သူစိမ်းထက်တောင် စိမ်းပါသေးတယ်။ ဒါကြောင့် သူငယ်ချင်းတွေကို ညီအစ်ကိုလို ပေါင်းတာပါ။ ပြီးရင် ရင်ဖွင့်တိုင်ပင်စရာတွေကို တိုင်ပင်တယ်။ သူတို့လိုအပ်တာတွေဆို အမြဲတတ်နိုင်သလောက်ကူညီပေးတယ်။ ပြီးတော့ ကျွန်တော်က လူရွေးပေါင်းတယ်။ ကိုယ့်ဆီက လိုချင်တပ်မက်မှုတစ်ခုနဲ့ ပေါင်းတဲ့သူမျိုးရယ် စိတ်ဓာတ်မကောင်းတဲ့ အကျင့်စာရိတ္တပျက်ပြားတဲ့သူမျိုးတွေရယ် သူများပေါ်ကို စိတ်ယုတ်မာတဲ့သူရယ်ကို ကျွန်တော်ရှောင်ပါတယ်။  ယောက်ျားလေး သူငယ်ချင်းများပါတယ်။

စိတ်ဓာတ်ကို ရွေးပေါင်းပါတယ်။ အဓိကကတော့ ကျွန်တော် ဆိုက်ကားသမားဖြစ်နေလည်း ပေါင်းမှာပဲ။ ကားအကောင်းစားကြီးစီးနေလည်း ပေါင်းမှာပဲ။ ဘာလို့လဲဆိုတော့ စိတ်ဓာတ်နဲ့ ပေါင်းသင်းရတဲ့သူတွေပဲလေ။ သူငယ်ချင်းတွေကြောင့် ဘဝမှာ ပျော်ရွှင်စရာတွေ အများကြီးရှိခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ဆုံရတာ ဘာနဲ့မှအဖိုးမဖြတ်နိုင်အောင်ပါပဲ။

အခရာ

www.akhayar.com