[Zawgyi]







Busquets

Busquets





Ref: BBC Sport , Goal.com
Photo: Atlántico Diario
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အာဆင်နယ် – အာဆင်နယ်အသင်း ကွင်းလယ်လူ ရမ်ဆေး Ramsey ကိုခေါ်ယူဖို့အတွက် စီးရီးအေ ကလပ်အသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဖာဘရီဂတ်စ်ဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေသူဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဘာကလေ Barkley က အသင်းဖော် ဟာဇက် Hazard ရဲ့ လက်ရှိခြေစွမ်းဟာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ထက် ပိုမိုကောင်းမွန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းရဲ့ ပြင်သစ်လူငယ် ကွင်းလယ်လူ Ndombele ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အင်တာမီလန်နောက်ခံလူ Skriniar ကိုပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းဖို့အသင့်ရှိနေပါတယ်။

Busquets

Busquets

ဘာစီလိုနာ – ဘာစီလိုနာကွင်းလယ်လူ ဘူးစကွက်စ် Busquets ဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်အရ ဘူးစကွက်စ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေမှာပါ။

မန်ယူ – မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ရဲ့အေးဂျင့် ရွိုင်အိုလာ Raiola နဲ့ မန်ယူအသင်းတို့ဟာ လာမယ့် နိုဝင်ဘာလထဲမှာ ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်။

ဘက်ဆစ်တက် – အဲဗာတန်အသင်းရဲ့ တိုက်စစ်မှုး တိုဆန် Tosun ကို ဘက်ဆစ်တက်အသင်းဟာ ပြန်လည်ခေါ်ယူလိုနေပါတယ်။

စတုဂတ် – စတုဂတ်အသင်းရဲ့ ပြင်သစ်လူငယ် နောက်ခံလူ ပါဗာ Pavard ကို ရီးယဲလ် ၊ မန်ယူနဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

Ref: BBC Sport , Goal.com
Photo: Atlántico Diario
Ko Kyue(Akhayar)
www.akhayar.com