[Zawgyi]

အက္ဖ္ေအဖလားပြဲစဥ္နဲ႔အတူ ရင္ခုန္ရဦးမယ့္ ေသာၾကာ

ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမရွိေပမယ့္ သက္တမ္းအရင့္ဆံုး အက္ဖ္ေအဖလားပြဲစဥ္ေတြ ရွိေနပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးရဲ႕ အမွတ္ျဖတ္ဦးေဆာင္မႈေၾကာင့္ မျဖစ္ႏုိင္ေတာ့တဲ့ အေျခအေနမ်ဳိးမွာ အက္ဖ္ေအဖလားဟာပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြအတြက္ ေမွ်ာ္လင့္ခ်င္စရာ အေကာင္းဆံုးအိပ္မက္ျဖစ္လာပါၿပီ။ ဒီေသာၾကာညမွာဆိုရင္ အက္ဖ္ေအဖလား (၂)ပြဲကစားသြားမွာျဖစ္ၿပီး လက္စတာနဲ႔ ရွက္ဖီးယူႏုိက္တက္၊ ခ်ယ္လ္ဆီးနဲ႔ ဟားလ္စီးတီးတို႔ ရင္ဆုိင္ေတြ႕ေနတာပါပဲ။ လာလီဂါမွာ ဟီ႐ုိနာနဲ႔ လီဟာနက္စ္တို႔ရဲ႕ အမွတ္လုပြဲ၊ ဘြန္ဒစ္လီဂါမွာ ဟာသာဘာလင္နဲ႔ မိန္႔ဇ္၊ ျပင္သစ္လီဂူးမွာ ခ်န္ပီယံေမွ်ာ္လင့္ခ်က္နဲ႔ ခ်ီတက္ေနတဲ့ မိုနာကိုက ဒီယြန္းစ္နဲ႔ ကစားရမွာပါပဲ။ ဘယ္အသင္းေတြ ေအာင္ပြဲရၿပီး ဘယ္အသင္းေတြ ေမွ်ာ္လင့္ခ်က္ေတြ ၿပိဳကြဲမလဲဆိုတာ ေစာင့္ၾကည့္ရမယ္။

အက္ဖ္ေအဖလားပြဲစဥ္မ်ားအႀကိဳသံုးသပ္ခ်က္

လက္စတာ ႏွင့္ ရွက္ဖီးလ္ယူႏုိက္တက္ (ျမန္မာစံေတာ္ခ်ိန္ စေနနံနက္ ၂း၁၅ နာရီ)

ရွက္ဖီးယူႏုိက္တက္က လက္စတာကို အစဥ္အလာအရ မယွဥ္ႏုိင္ပါဘူး။ ေနာက္ဆံုး(၅)ပြဲမွာ လက္စတာက (၃)ပြဲႏုိင္၊ (၂)ပြဲသေရကစားထားႏုိင္တယ္။ ၿပီးေတာ့ လက္စတာလိုအသင္းမ်ဳိးအတြက္ အက္ဖ္ေအဖလားမွာ   ေအာင္ျမင္မႈရဖို႔အတြက္ ေမွ်ာ္လင့္ထားမွာပဲ။ လက္စတာ အႏုိင္ရပါမယ္။

ပြဲႀကိဳအခ်က္အလက္

  • လက္စတာအသင္းတုိက္စစ္မွဴး အီဟီရန္နာခ်ဳိ (Iheanacho) ဟာ အက္ဖ္ေအဖလားေနာက္ဆံုး (၉)ပြဲမွာ (၉)ဂိုးသြင္းၿပီး (၁)ဂိုးဖန္တီးေပးထားပါတယ္။

ခ်ယ္လ္ဆီး ႏွင့္ ဟားလ္စီးတီး (ျမန္မာစံေတာ္ခ်ိန္ စေနနံနက္ ၂း၃၀ နာရီ)

ခ်ယ္လ္ဆီးတုိက္စစ္လူျပန္စံုေနၿပီး ေနာက္ဆံုးပြဲမွာ ေျခစြမ္းျပထားတယ္။ ဒါေပမဲ့ ဟားလ္စီးတီးကနည္းျပ အက္ဒ္ကင္စ္(Adkins) လက္ထက္မွာ ေနာက္ဆံုး(၇)ပြဲဆက္ ေပးဂိုးမရွိခဲ့လို႔ ခ်ယ္လ္ဆီးတုိက္စစ္ဖိဖိစီးစီးကစားဖို႔ လိုအပ္ပါတယ္။ ခ်ယ္လ္ဆီး ႏုိင္မယ္ဆုိေပမယ့္ ဂိုးျပတ္၊ မျပတ္သတိထားရမယ္။

ပြဲႀကိဳအခ်က္အလက္

  • ခ်ယ္လ္ဆီးအသင္းဟာ ဟားလ္စီးတီးကို အိမ္ကြင္းေနာက္ဆံုး(၁၇)ပြဲဆက္ အႏုိင္ရခဲ့သလို၊ သမုိင္းတစ္ေလွ်ာက္ ဟားလ္စီးတီးကို အိမ္ကြင္းမ႐ႈံးခဲ့ပါဘူး။
  • ခ်ယ္လ္ဆီးအသင္းက အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲစဥ္ေနာက္ဆံုး (၁၀)ႀကိမ္မွာ (၉)ႀကိမ္အႏုိင္ရထားၿပီး (၁)ပြဲပဲ ႐ႈံးထားပါတယ္။
ခ်ယ္လ္ဆီးအသင္း၏ ေလ့က်င့္ေရးကြင္း

ခ်ယ္လ္ဆီးအသင္း၏ ေလ့က်င့္ေရးကြင္း

လာလီဂါပြဲစဥ္ အႀကိဳသံုးသပ္ခ်က္

ဟီ႐ိုနာ ႏွင့္ လီဟာနက္စ္ (ျမန္မာစံေတာ္ခ်ိန္ စေနနံနက္ ၂း၃၀ နာရီ)

ဟီ႐ိုနာရဲ႕ အိမ္ကြင္းမာဂုဏ္ျမင့္မားပါတယ္။ အိမ္ကြင္းေနာက္ဆံုး(၃)ပြဲဆက္ ေပးဂိုးမရွိခဲ့ပါဘူး။ လီဟာနက္စ္ကို အိမ္ကြင္းေနာက္ဆံုး(၃)ပြဲဆက္ သေရက်ထားေပမယ့္ ဒီပြဲမွာ အႏုိင္ရဖို႔မ်ားပါတယ္။

ဘြန္ဒစ္လီဂါပြဲစဥ္အႀကိဳသံုးသပ္ခ်က္

ဟာသာဘာလင္ ႏွင့္ မိန္႔ဇ္ (ျမန္မာစံေတာ္ခ်ိန္ စေနနံနက္ ၂း၀၀ နာရီ)

တန္းဆင္းဇုန္ထဲကလြတ္ေျမာက္ဖို႔အတြက္ မိန္႔္ဇ္႐ုန္းကန္ေနေပမယ့္ ထင္သလိုျဖစ္မလာေသးဘူး။ အေ၀းကြင္းေနာက္ဆံုး (၁၇)ပြဲဆက္လည္း ႏုိင္ပြဲေပ်ာက္ဆံုးထားတယ္။ ဟာသာဘာလင္အမွတ္အေရးတႀကီးမလုိတာကို သတိထားရမယ္ျဖစ္ၿပီးပံုမွန္အတုိင္းဆုိ ဟာသာဘာလင္ အႏုိင္ရပါလိမ့္မယ္။

ျပင္သစ္လီဂူးပြဲစဥ္ အႀကိဳသံုးသပ္ခ်က္

မိုနာကို ႏွင့္ ဒီယြန္း (ျမန္မာစံေတာ္ခ်ိန္ စေနနံနက္ ၂း၁၅ နာရီ)

မိုနာကို ေျချပန္တက္လာတယ္။ အိမ္ကြင္းတုိက္စစ္ဂိုးသြင္းႏႈန္းကလည္း ထက္ျမက္ၿပီး တစ္ပြဲပ်မ္းမွ် (၂)ဂိုးေလာက္ရွိပါတယ္။ ဒီယြန္းေျခစြမ္းတည္ၿငိမ္ေနေပမယ့္ မုိနာကို (၂)ဂိုးျပတ္ေလာက္ႏုိင္ဖို႔မ်ားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အက်ဖ်အေဖလားပွဲစဉ်နဲ့အတူ ရင်ခုန်ရဦးမယ့် သောကြာ

ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမရှိပေမယ့် သက်တမ်းအရင့်ဆုံး အက်ဖ်အေဖလားပွဲစဉ်တွေ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးရဲ့ အမှတ်ဖြတ်ဦးဆောင်မှုကြောင့် မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ အက်ဖ်အေဖလားဟာပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအတွက် မျှော်လင့်ချင်စရာ အကောင်းဆုံးအိပ်မက်ဖြစ်လာပါပြီ။ ဒီသောကြာညမှာဆိုရင် အက်ဖ်အေဖလား (၂)ပွဲကစားသွားမှာဖြစ်ပြီး လက်စတာနဲ့ ရှက်ဖီးယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ ဟားလ်စီးတီးတို့ ရင်ဆိုင်တွေ့နေတာပါပဲ။ လာလီဂါမှာ ဟီရိုနာနဲ့ လီဟာနက်စ်တို့ရဲ့ အမှတ်လုပွဲ၊ ဘွန်ဒစ်လီဂါမှာ ဟာသာဘာလင်နဲ့ မိန့်ဇ်၊ ပြင်သစ်လီဂူးမှာ ချန်ပီယံမျှော်လင့်ချက်နဲ့ ချီတက်နေတဲ့ မိုနာကိုက ဒီယွန်းစ်နဲ့ ကစားရမှာပါပဲ။ ဘယ်အသင်းတွေ အောင်ပွဲရပြီး ဘယ်အသင်းတွေ မျှော်လင့်ချက်တွေ ပြိုကွဲမလဲဆိုတာ စောင့်ကြည့်ရမယ်။

အက်ဖ်အေဖလားပွဲစဉ်များအကြိုသုံးသပ်ချက်

လက်စတာ နှင့် ရှက်ဖီးလ်ယူနိုက်တက် (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)

ရှက်ဖီးယူနိုက်တက်က လက်စတာကို အစဉ်အလာအရ မယှဉ်နိုင်ပါဘူး။ နောက်ဆုံး(၅)ပွဲမှာ လက်စတာက (၃)ပွဲနိုင်၊ (၂)ပွဲသရေကစားထားနိုင်တယ်။ ပြီးတော့ လက်စတာလိုအသင်းမျိုးအတွက် အက်ဖ်အေဖလားမှာ   အောင်မြင်မှုရဖို့အတွက် မျှော်လင့်ထားမှာပဲ။ လက်စတာ အနိုင်ရပါမယ်။

ပွဲကြိုအချက်အလက်

  • လက်စတာအသင်းတိုက်စစ်မှူး အီဟီရန်နာချို (Iheanacho) ဟာ အက်ဖ်အေဖလားနောက်ဆုံး (၉)ပွဲမှာ (၉)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးပေးထားပါတယ်။

ချယ်လ်ဆီး နှင့် ဟားလ်စီးတီး (မြန်မာစံတော်ချိန် စနေနံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးတိုက်စစ်လူပြန်စုံနေပြီး နောက်ဆုံးပွဲမှာ ခြေစွမ်းပြထားတယ်။ ဒါပေမဲ့ ဟားလ်စီးတီးကနည်းပြ အက်ဒ်ကင်စ်(Adkins) လက်ထက်မှာ နောက်ဆုံး(၇)ပွဲဆက် ပေးဂိုးမရှိခဲ့လို့ ချယ်လ်ဆီးတိုက်စစ်ဖိဖိစီးစီးကစားဖို့ လိုအပ်ပါတယ်။ ချယ်လ်ဆီး နိုင်မယ်ဆိုပေမယ့် ဂိုးပြတ်၊ မပြတ်သတိထားရမယ်။

ပွဲကြိုအချက်အလက်

  • ချယ်လ်ဆီးအသင်းဟာ ဟားလ်စီးတီးကို အိမ်ကွင်းနောက်ဆုံး(၁၇)ပွဲဆက် အနိုင်ရခဲ့သလို၊ သမိုင်းတစ်လျှောက် ဟားလ်စီးတီးကို အိမ်ကွင်းမရှုံးခဲ့ပါဘူး။
  • ချယ်လ်ဆီးအသင်းက အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်နောက်ဆုံး (၁၀)ကြိမ်မှာ (၉)ကြိမ်အနိုင်ရထားပြီး (၁)ပွဲပဲ ရှုံးထားပါတယ်။
ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ရေးကွင်း

ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ရေးကွင်း

လာလီဂါပွဲစဉ် အကြိုသုံးသပ်ချက်

ဟီရိုနာ နှင့် လီဟာနက်စ် (မြန်မာစံတော်ချိန် စနေနံနက် ၂း၃၀ နာရီ)

ဟီရိုနာရဲ့ အိမ်ကွင်းမာဂုဏ်မြင့်မားပါတယ်။ အိမ်ကွင်းနောက်ဆုံး(၃)ပွဲဆက် ပေးဂိုးမရှိခဲ့ပါဘူး။ လီဟာနက်စ်ကို အိမ်ကွင်းနောက်ဆုံး(၃)ပွဲဆက် သရေကျထားပေမယ့် ဒီပွဲမှာ အနိုင်ရဖို့များပါတယ်။

ဘွန်ဒစ်လီဂါပွဲစဉ်အကြိုသုံးသပ်ချက်

ဟာသာဘာလင် နှင့် မိန့်ဇ် (မြန်မာစံတော်ချိန် စနေနံနက် ၂း၀၀ နာရီ)

တန်းဆင်းဇုန်ထဲကလွတ်မြောက်ဖို့အတွက် မိန့်ဇ်ရုန်းကန်နေပေမယ့် ထင်သလိုဖြစ်မလာသေးဘူး။ အဝေးကွင်းနောက်ဆုံး (၁၇)ပွဲဆက်လည်း နိုင်ပွဲပျောက်ဆုံးထားတယ်။ ဟာသာဘာလင်အမှတ်အရေးတကြီးမလိုတာကို သတိထားရမယ်ဖြစ်ပြီးပုံမှန်အတိုင်းဆို ဟာသာဘာလင် အနိုင်ရပါလိမ့်မယ်။

ပြင်သစ်လီဂူးပွဲစဉ် အကြိုသုံးသပ်ချက်

မိုနာကို နှင့် ဒီယွန်း (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)

မိုနာကို ခြေပြန်တက်လာတယ်။ အိမ်ကွင်းတိုက်စစ်ဂိုးသွင်းနှုန်းကလည်း ထက်မြက်ပြီး တစ်ပွဲပျမ်းမျှ (၂)ဂိုးလောက်ရှိပါတယ်။ ဒီယွန်းခြေစွမ်းတည်ငြိမ်နေပေမယ့် မိုနာကို (၂)ဂိုးပြတ်လောက်နိုင်ဖို့များပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။