အခရာပရိသတ္ၾကီးေရ.. ေပ်ာ္စရာ ေသာၾကာေန႔ေလး ျပန္လည္ေရာက္ရွိလာပါျပီ။ ဒီတစ္ပတ္မွာလည္း အခရာက သြားလို႔ ေကာင္းတာေလးကို ေဟာဒီလို ေဟာဒီလို စုစည္းေပးထားပါေသးတယ္ဗ်။ တခ်ိဳ႕ပြဲေတြက အခရာဝုိင္းသူ ဝုိင္းသားေတြ ကိုယ္တုိင္သြားမွာမုိ႔လို႔ စိတ္အပန္းေျပ လန္းေစ ရႊင္ေစ ျဖစ္ေအာင္ Night Out ေလး တူတူ ထြက္လိုက္ၾကစို႔ရဲ့။

The Four ကို Envoy Bar မွာ နားဆင္ၾကမယ္

ဗုိလ္တေထာင္ျမိဳ႕နယ္၊ ဗိုလ္ေအာင္ေက်ာ္လမ္း ေအာက္ဘေလာက္မွာ ရွိတဲ့ Envoy Bar မွာ အသံၾကည္ၾကည္ျမျမခ်ိဳခ်ိဳေလးေတြနဲ႔ သီခ်င္းေကာင္းေလးေတြ ဆိုတတ္တဲ့ The Four အဖြဲ႔ရဲ့ ေဖ်ာ္ေျဖမႈကို နားဆင္ရမွာပါ။ ဒါတင္မဟုတ္ဘဲ ပြဲကို လာတဲ့ The Four ပရိသတ္ေတြအတြက္ Burbrit Craft Beer ျဖစ္တဲ့ German Weizen ၊ Irish Red Ale ၊ Rangoon Blonde Beer တို႔ကို 30 % ေလွ်ာ့ေပးဦးမွာ ျဖစ္ပါတယ္။

ေနရာေကာင္းေကာင္း၊ ခံုေကာင္းေကာင္းမွာ နားဆင္ခ်င္ရင္ေတာ့ ဖုနး္နံပါတ္ : 01-380284/01-380362 ကို ေခၚျပီး အလ်င္အျမန္ Reservation လုပ္ထားဖို႔လုိပါလိမ့္မယ္။ ေန႔က ဒီေန႔ ၁၁ရက္ ၈လ ၂၀၁၇ အတြက္ျဖစ္ျပီး အခ်ိန္ကေတာ့ ည ၇နာရီကေန ၁၀နာရီအထိပါ။

ပရီးမီးယားလိဂ္ရဲ့ ပထမဆံုးပြဲစဥ္ကို The West Steakhouse မွာ ၾကည့္မလား

ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္ေရာက္ရွိလာပါျပီခင္ဗ်ာ။ ေဘာလံုးဝါသနာအုိးကိုကိုေတြအတြက္ အာဆင္နယ္-လက္စတာပြဲစဥ္ေလးနဲ႔ စဖြင့္ပါေတာ့မယ္။ အခ်ိန္က စေနမနက္ ၁း၁၅ ဆိုေတာ့ နည္းနည္းေတာ့ အိပ္ေရးပ်က္မယ္ေပ့ါဗ်ာ၊ ဒါေပမယ့္ ကိစၥေတာ့ မရွိပါဘူး၊ တနဂၤေႏြတစ္ရက္လံုးခံေနေတာ့ သာသာယာယာျပန္ႏွပ္လို႔ ရပါတယ္။

The West Steakhouse ရဲ့  The West Lounge မွာ ၈ေပပတ္လည္ Projector ၾကီးနဲ႔ ေဘာလုံးပြဲစဥ္ေတြကို ျပသေပးမွာပါ။ ဘီယာေလး တျမံဳ႕ျမံဳ႕စုပ္ရင္း အျမည္းအေနနဲ႔ Butter Fish Bites ေလးကိုလည္း Free ရယူလို႔ ရတဲ့အတြက္ Premier League First Match ကို The West Steakhouse မွာ ၾကိဳဆိုရရင္ မေကာင္းဘူးလားဗ်ာ။ ေနရာကေတာ့ ကမာၻေအးဘုရားလမ္းေပၚမွာရွိတဲ့ ပုလဲကြန္ဒို၊ Building D မွာပါ။ အဲ.. Table ေလးေတြကိုေတာ့ ဒီဖုန္းနံပါတ္ : 09 962599848 ကို တစ္ခ်က္ေခၚျပီး Reservation လုပ္ထားရင္ေတာ့ စိတ္ခ်ရတာေပါ့။

The Phayre’ Gastronomy က Acoustic Night

ပန္းဆိုးတန္းလမ္းမွာ ရွိတဲ့ The Phayre’s Gastronomy မွာ Acoustic Night ကို ေသာၾကာည ၈နာရီတုိင္း ရွိေနပါတယ္ဗ်။ Acoustic Mood ကို ခံစားခ်င္တဲ့ လူငယ္ေတြအတြက္ေတာ့ The Phayre’s Gastronomy က ေစာင့္ၾကိဳေနပါတယ္။ The Phayre ဟာ ျမိဳ႕လယ္မွာ တည္ရွိတဲ့ Cocktail bar ေကာင္းေကာင္းတစ္ခုျဖစ္ျပီး စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ခ်င္တယ္ဆိုရင္ေတာ့ တစ္ေခါက္တစ္ခါ Night Out List မွာ သြားေရာက္သင့္ပါတယ္။

 

ရိုးလူ (အခရာ)

www.akhayar.com

HGID_KV_Ads_Square

Unicode

အခရာပရိသတ်ကြီးရေ.. ပျော်စရာ သောကြာနေ့လေး ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ပတ်မှာလည်း အခရာက သွားလို့ ကောင်းတာလေးကို ဟောဒီလို ဟောဒီလို စုစည်းပေးထားပါသေးတယ်ဗျ။ တချို့ပွဲတွေက အခရာဝိုင်းသူ ဝိုင်းသားတွေ ကိုယ်တိုင်သွားမှာမို့လို့ စိတ်အပန်းပြေ လန်းစေ ရွှင်စေ ဖြစ်အောင် Night Out လေး တူတူ ထွက်လိုက်ကြစို့ရဲ့။

The Four ကို Envoy Bar မှာ နားဆင်ကြမယ်

ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်မှာ ရှိတဲ့ Envoy Bar မှာ အသံကြည်ကြည်မြမြချိုချိုလေးတွေနဲ့ သီချင်းကောင်းလေးတွေ ဆိုတတ်တဲ့ The Four အဖွဲ့ရဲ့ ဖျော်ဖြေမှုကို နားဆင်ရမှာပါ။ ဒါတင်မဟုတ်ဘဲ ပွဲကို လာတဲ့ The Four ပရိသတ်တွေအတွက် Burbrit Craft Beer ဖြစ်တဲ့ German Weizen ၊ Irish Red Ale ၊ Rangoon Blonde Beer တို့ကို 30 % လျှော့ပေးဦးမှာ ဖြစ်ပါတယ်။

နေရာကောင်းကောင်း၊ ခုံကောင်းကောင်းမှာ နားဆင်ချင်ရင်တော့ ဖုန်းနံပါတ် : 01-380284/01-380362 ကို ခေါ်ပြီး အလျင်အမြန် Reservation လုပ်ထားဖို့လိုပါလိမ့်မယ်။ နေ့က ဒီနေ့ ၁၁ရက် ၈လ ၂၀၁၇ အတွက်ဖြစ်ပြီး အချိန်ကတော့ ည ၇နာရီကနေ ၁၀နာရီအထိပါ။

ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပွဲစဉ်ကို The West Steakhouse မှာ ကြည့်မလား

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာပါပြီခင်ဗျာ။ ဘောလုံးဝါသနာအိုးကိုကိုတွေအတွက် အာဆင်နယ်-လက်စတာပွဲစဉ်လေးနဲ့ စဖွင့်ပါတော့မယ်။ အချိန်က စနေမနက် ၁း၁၅ ဆိုတော့ နည်းနည်းတော့ အိပ်ရေးပျက်မယ်ပေ့ါဗျာ၊ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး၊ တနင်္ဂနွေတစ်ရက်လုံးခံနေတော့ သာသာယာယာပြန်နှပ်လို့ ရပါတယ်။

The West Steakhouse ရဲ့  The West Lounge မှာ ၈ပေပတ်လည် Projector ကြီးနဲ့ ဘောလုံးပွဲစဉ်တွေကို ပြသပေးမှာပါ။ ဘီယာလေး တမြုံ့မြုံ့စုပ်ရင်း အမြည်းအနေနဲ့ Butter Fish Bites လေးကိုလည်း Free ရယူလို့ ရတဲ့အတွက် Premier League First Match ကို The West Steakhouse မှာ ကြိုဆိုရရင် မကောင်းဘူးလားဗျာ။ နေရာကတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ပုလဲကွန်ဒို၊ Building D မှာပါ။ အဲ.. Table လေးတွေကိုတော့ ဒီဖုန်းနံပါတ် : 09 962599848 ကို တစ်ချက်ခေါ်ပြီး Reservation လုပ်ထားရင်တော့ စိတ်ချရတာပေါ့။

The Phayre’ Gastronomy က Acoustic Night

ပန်းဆိုးတန်းလမ်းမှာ ရှိတဲ့ The Phayre’s Gastronomy မှာ Acoustic Night ကို သောကြာည ၈နာရီတိုင်း ရှိနေပါတယ်ဗျ။ Acoustic Mood ကို ခံစားချင်တဲ့ လူငယ်တွေအတွက်တော့ The Phayre’s Gastronomy က စောင့်ကြိုနေပါတယ်။ The Phayre ဟာ မြို့လယ်မှာ တည်ရှိတဲ့ Cocktail bar ကောင်းကောင်းတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ချင်တယ်ဆိုရင်တော့ တစ်ခေါက်တစ်ခါ Night Out List မှာ သွားရောက်သင့်ပါတယ်။