[Zawgyi]






Nasri

Nasri






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူအသင်းဟာ ဒီလထဲမှာ ကွင်းလယ်လူ မာတာ Mata နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေး လိုနေပါတယ်။ မာတာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

စပါး – စပါးအသင်းဟာ မန်ယူနောက်ခံလူ ဘာယီ Bailly ကိုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။

မိုနာကို – မိုနာကိုအသင်းနည်းပြ ယာဒင်း Jardim ဟာရလဒ်ဆိုးတွေကြောင့် ရာထူးကနေထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ မိုနာကိုအသင်းရဲ့ နည်းပြသစ်ရာထူးအတွက် အွန်နရီ Henry ကရေပန်းစားနေပါတယ်။

အေဂျက်စ် – အေဂျက်စ်အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဒီယွန်း De Jong နဲ့ ဒီလိဂ် De Ligt တို့ကို ခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေက ကြိုးပမ်းနေကြပါတယ်။

Nasri

Nasri

အဲဗာတန် – အဲဗာတန်အသင်းဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ကွင်းလယ်လူဟောင်း နာဆရီ Nasri ကိုခေါ်ယူဖို့ စဉ်းစားနေပါတယ်။ နာဆရီကို ခေါ်ယူမယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး သူ့ရဲ့ပွဲပယ်ကာလဟာ ရှေ့လမှာပြီးဆုံးမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard က Ballon d’Or ဆုကို မိုဒရစ် Modric ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

စပါး – စပါးနောက်ခံလူ ဗာတွန်ဂန် Vertonghen ဟာ ဒဏ်ရာပြဿနာကြောင့် ဒီဇင်ဘာလထိ အနားရဖို့ရိှနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ လိုင်ယွန်ကွင်းလယ်လူ ဖယ်ကီယာ Fekir ကိုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ရှိနေပါတယ်။

စပါး – စပါးအသင်းဟာ ဘေဂျင်းဂူအန်တိုက်စစ်မှုး Bakambu နဲ့ ဖီအိုရင်တီးနား နောက်ခံလူ Milenkovic တို့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda
Photo: Famous Face , Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com