လီဗာပူးလ် – လီဗာပူးလ်ကွင်းလယ်တိုက်စစ်ကစားသမား ချိန်ဘာလိန် Chamberlain ဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာကနေ ပြန်လာတဲ့ ချိန်ဘာလိန် ဟာ ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန်နေရပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ဗီဒယ်လ် Vidal အတွက် အင်တာမီလန်အသင်းရဲ့အငှားနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဗီဒယ်လ် ဟာ ဘာစီလိုနာအသင်းမှာ အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ၀ါရင့်တိုက်စစ်မှူး လော်ရန်တေး Llorente ကို ခေါ်ယူဖို့ သဘောတူညီမှုရရန် နီးစပ်နေတယ်လို့ အံသားသင့်စရာ သတင်းအဖြစ် ထွက်ပေါ်နေပါတယ်။ သိပ်မကြာသေးခင်က လော်ရန်တေး ဟာ လာဇီယိုအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူသစ် ရာဘီယူ Rabiot က တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အသင်းမှာ သူ့ကိုတိုးတက်လာဖို့ ကူညီပေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ရာဘီယူ ဟာ အခုအပြောင်းအရွှေ့ကာလမှာ PSG အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးဂိုးသမား ကာဘယ်လီိရို Caballero ကိုခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်း ဂိုးသမား နာဗတ်စ် Navas ဟာ အသင်းကနေ ထွက်ခွာဖို့ရှိနေတာကြောင့် အခုလို ကာဘယ်လီိရို ကို စိတ်ဝင်စားလာတာဖြစ်ပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းတိုက်စစ်ကစားသမား လန်ဇီနီ Lanzini ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုပြီး လက်ရှိမှာတော့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ လန်ဇီနီ ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့်နွေမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

လိုင်လီ – လိုင်လီအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရီနာတိုဆန်းချက်စ် Renato Sanches ကို ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်ချက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရီနာတိုဆန်းချက်စ် ဟာ သူ့ရဲ့ဘိုင်ယန်မြူးနစ်အသင်းမှာ ရရှိနေတဲ့ ကစားခွင့်အတွက် မကျေမနပ်ဖြစ်နေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းနည်းပြ အမ်မရီ Emery ဟာ မူစတာဖီ Mustafi နဲ့ အယ်လ်နန်နီ Elneny တို့ဟာ ဥရောပအပြောင်းအရွှေ့မပိတ်ခင်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမား(၂)ယောက်ရဲ့ အနာဂတ်ဘယ်ကို ရောက်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် Rakitic ဟာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ရာကီတစ် ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်နေရပါတယ်။

ဝက်ဖို့ဒ် – ၀က်ဖို့ဒ်အသင်းတိုက်စစ်မှူး ဒီးနီး Deeney ဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ခဲ့တာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအနေအထားကြောင့် ၀က်ဖို့ဒ်အသင်းရဲ့တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိလာမှာ သေချာပါတယ်။

ဘက်ဆစ်တက် – ဘက်ဆစ်တက်အသင်းဟာ စပါးတောင်ပံကစားသမား Nkoudou ကို ပြောင်းရွှေ့ကြေးပေါင်(၄.၆)သန်း ၊ (၄)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ Nkoudou ဟာ စပါးအသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Mirror , Ronaldo.com
Photo: Liverpool Twitter
Ko Kyue(Akhayar)
www.akhayar.com