နာပိုလီ – နာပိုလီအသင်းဟာ PSV လူငယ်တောင်ပံတိုက်စစ်ကစားသမား လိုဇာနို Lozano ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ လိုဇာနို ဟာ PSV အသင်းအတွက် ပွဲပေါင်း(၄၀)ကစား (၂၁)ဂိုးသွင်းယူခဲ့ပါတယ်။

မန်ယူ – မန်ယူနောက်ခံလူ ရိုဟို Rojo ဟာ ဥရောပအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အသင်းကနေ ထွက်ခွာဖို့ရှိတယ်လို့ သိရပါတယ်။ ရိုဟို ဟာ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ Pellegrini ဟာ ဂိုးသမား အက်ဒရီယန် Adrian ကို အသင်းမှာ ဆက်ရှိနေဖို့အတွက် ဆန္ဒရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အက်ဒရီယန် ဟာ လီဗာပူးလ်အတွက် ဥရောပစူပါဖလားပွဲမှာ အစွမ်းပြနိုင်ခဲ့တာကြောင့် မီဒီယာစာမျက်နှာတွေထက်မှာ ရေပန်းစားနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နောက်ခံလူ လိုဗရန် Lovren ဟာ ရိုးမားအသင်းကို ပေါင်(၂၃)သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လိုဗရန် ဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေသူဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းမှာ အနာဂတ်လှုပ်ခတ်နေသလို နာပိုလီအသင်းရဲ့ ခေါ်ယူလိုခြင်းကို ခံနေရတဲ့ ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ် James Rodriguez ဟာ အသင်းမှာဆက်နေပြီး ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဂျိမ်းရိုဒရီဂွက်ဇ် ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ သွားကစားခဲ့သူဖြစ်ပါတယ်။

ရိန်းဂျားစ် – ရိန်းဂျားစ်အသင်းဟာ လက်စတာကွင်းလယ်လူ အန်ဒီကင်း Andy King ကို အငှားနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အန်ဒီကင်း ဟာ ဒါဘီအသင်းမှာ အငှားနဲ့ သွားကစားခဲ့ရပါတယ်။

အာဆင်နယ် – အာဆင်နယ် ကစားသမားတွေဖြစ်ကြတဲ့ အိုဇေးလ် Ozil နဲ့ ကိုလာစီနက် Kolasinac တို့ဟာ အသင်းအတွက် ကစားပေးဖို့ ရာနှုန်းပြည့် အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဒါကြောင့် ဒီကစားသမားတွေအနေနဲ့ ဒီတစ်ပတ်မှာကစားမယ့် ဘန်လေနဲ့ ပွဲမှာပါဝင်နိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကို Bakayoko ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာကာယိုကို ဟာ မိုနာကို ကစားသမားဟောင်းတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ အေစီမီလန်မှာ အငှားနဲ့ သွားကစားခဲ့ပါတယ်။

အဲဗာတန် – အဲဗာတန်အသင်းဟာ ကွင်းလယ်လူ ရှက်နိုက်ဒါလင် Schneiderlin အတွက် ဂါလာတာစာရေးအသင်းရဲ့ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒီအနေအထားကြောင့် ရှက်နိုက်ဒါလင် ဟာ အဲဗာတန်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ အသင်းမှာပွဲကစားခွင့် လျော့နည်းခဲ့သူဖြစ်ပါတယ်။

လာဇီယို – လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ် Milinkovic-Savic ဟာ အသင်းကနေ ထွက်ခွာပြီး မန်ယူအသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ မီလင်ကိုဗစ် ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

Ref: BBC Sports , Mirror , Sportskeeda
Photo: Red Devil Armada
Ko Kyue(Akhayar)
www.akhayar.com